Grow Asia ရဲ့ Innovation challenge ဆုကို အစိမ်းရောင်လမ်းရဲ့ မိခင်ကုမ္ပဏီ Greenovator ဆုရရှိ

26/06/2025 11:28 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

{English Below}

💥 2025 ခုနှစ်အတွက် Grow Asia ကစီစဉ်ကျင်းပတဲ့ စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ နည်းပညာပေး တီထွင်ကြံဆမှုအကောင်းဆုံးဆုကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Greenovator ကလည်း Top 3 အတွင်း ပါဝင်ကာ ဆုရရှိခဲ့ပါတယ်။ 

Grow Asia ဆိုတာကတော့ အရှေ့တောင်အာရှရှိ နိုင်ငံများနဲ့ ပေါင်းပူးပြီး ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum)ကနေ အရှေ့တောင်အာရှဒေသရှိ အစိုးရများ၊ ပုဂ္ဂလိကဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နှင့် တနိုင်တပိုင်စီးပွားရေးလုပ်သူများကို အတူတကွ ထိထိရောက်ရောက် ဆွေးနွေးပူးပေါင်းဆောင်ရွက်ကာ လုပ်ငန်းများကို ချဲ့ထွင်ပြီး ပိုမိုပါဝင်နိုင်ကာ  ရေရှည်တည်တံ့တဲ့အစားအသောက် ရရှိစေသည့်ကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုများကို အားဖြည့်မြှင့်တင်ရန် ရည်ရွယ်ထားတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲမှာဆိုရင် ဖိလစ်ပိုင်နိုင်ငံရဲ့ အုန်းသီး၊ ချောကလက်ထုတ်သည့် ကိုးကိုးနဲ့ ကော်ဖီစိုက်ခင်းများမှာ ဆန်းသစ်သည့် နည်းပညာများအသုံးပြုပြီး အထွက်နှုန်းတိုးကာ ရေရှည်တည်တံ့တဲ့စိုက်ခင်းများဖြစ်အောင် လုပ်ဆောင်နိုင်မယ့် နိုင်ငံတကာရှိ စိုက်ပျိုးရေးဒစ်ဂျစ်တယ်ဆော့ဝဲအဖွဲ့များ၏ အတွေးအမြင်များနဲ့ လုပ်ဆောင်ချက်များကို ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကျင်းပကြခြင်းဖြစ်ဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲကို မေလ မှ ဇွန်လ (၂) လကြာသည်အထိ အစိမ်းရောင်လမ်းရဲ့ ပူးတွဲတည်ထောင်သူတစ်ဦးလည်းဖြစ် ယခုလက်ရှိမှာ Business Development Director အဖြစ် တာဝန်ယူထားသူလည်းဖြစ်တဲ့ မရင်ရင်ဖြူက ဦးဆောင်ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ယှဉ်ပြိုင်ခဲ့တဲ့လုပ်ငန်းဗျူဟာကတော့ Contract Farm ကုမ္ပဏီများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ NGO၊ INGO များနဲ့ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များအပြင် သုတေသနလုပ်ငန်းတွေမှာ စိုက်ပျိုးရေးကို အချိန်ကုန်လူအင်အားသက်သာပြီး ထိရောက်တဲ့ ခြေရာခံစနစ်ဖြစ်အောင် လုပ်ဆောင်နည်းအကြောင်းအရာနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်လေးရဲ့ နာမည်ကတော့ Farm Suite ပဲဖြစ်ပါတယ်။ Farm Suite ဆိုတာ အစိမ်းရောင်လမ်း app ပေါ်မှာရှိတဲ့ စိုက်ပျိုးမှတ်တမ်းလုပ်ဆောင်ချက်ကို လုပ်ငန်းသုံးအဖြစ် အဆင့်မြှင့်တင်ထားတဲ့ ဆော့ဝဲပဲဖြစ်ပါတယ်။ 

Farm Suite ဟာဆိုရင် လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးစီမံကိန်းတွေသုံးနေကြတဲ့ ဈေးကြီးပြီး အသုံးပြုရခက်ခဲတဲ့ စီမံခန့်မှုဆော့ဝဲလ်တွေအစား တောင်သူတွေရဲ့ ဆော့ဝဲလ်အသုံးပြုမှု အတွေ့အကြုံတွေကို အခြေခံပြီး အသုံးပြုရလွယ်ကူရိုးရှင်းအောင် လုပ်ငန်းတွေရဲ့ လိုအပ်ချက်နဲ့လည်း ကိုက်ညီမှုရှိအောင် နောက် အသေးစားနဲ့ အလယ်လတ်စိုက်ပျိုးစီးပွားလုပ်ငန်းတွေထိ အသုံးပြုနိုင်အောင်အပြင် ဈေးလည်း သက်သာအောင် ဖန်တီးထားနိုင်တဲ့အတွက်ကြောင့် နိုင်ငံတကာပြိုင်ဖက်ဆော့ဝဲတွေကြားမှာ ပြိုင်ပွဲရဲ့ ဒိုင်လူကြီးများကို ဖမ်းစားနိုင်ခဲ့တာပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

သမားရိုးကျ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုကနေ နိုင်ငံတကာမှာ ဈေးကွက်ဝင်အောင် စိုက်ပျိုးနိုင်တဲ့လုပ်ဆောင်ချက်ကို စိတ်ဝင်စားလို့ လေ့လာချင်သူတွေအနေနဲ့ Comment က Link ကနေ​ ဝင်ရောက်လေ့လာလို့ ရပါတယ်။ 

မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းစီမံကိန်းများအနေဖြင့် အသုံးပြုလိုပါက [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

English Version

For 2025, Greenovator, the parent company of the Green Way app, proudly participated in Grow Asia’s agriculture-related innovation challenge and was selected among the Top 3 winners.

Grow Asia is an organization founded by the World Economic Forum in collaboration with ASEAN. It aims to bring together governments, the private sector, NGOs, and agri-business stakeholders from across Southeast Asia to convene, facilitate, and scale efforts that promote more inclusive, resilient, and sustainable food systems.

This competition focused on innovative technologies in the coconut, cacao, and coffee sectors in the Philippines. Global agri-tech startups and digital solution providers were invited to showcase bold and scalable ideas that could improve productivity and foster sustainability in these agricultural value chains.

The competition, which ran from May to June (a two-month period), was led by Ma Yin Yin Phyu, one of the co-founders of the Green Way app and currently serving as the Business Development Director.

The innovation presented in the competition was titled Farm Suite — a professional version of Green Way’s farm record-keeping feature, upgraded for enterprise use. The core concept of the Farm Suite is to serve as an efficient, labor-saving traceability system for contract farming companies, seed producers, NGOs, INGOs, pilot test sites, and research institutions.

Farm Suite was designed based on real user experiences of smallholder farmers, addressing the challenges of traditional farm management software that is often expensive and difficult to use. Farm Suite is simple, user-friendly, and tailored to the needs of small and medium-scale farming businesses with all at an affordable price point. This practical approach helped Farm Suite stand out among international competitors and impressed the competition’s judges.

For those interested in learning how a traditional agricultural solution can evolve into a globally competitive platform, we invite you to explore more through the comment link.

If agriculture or aquaculture projects in Myanmar are interested in adopting this system, please contact [email protected] for more information.


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်