မုန်တိုင်းငယ် ထိုင်းဘက်သို့ဖြတ်ထွက်နေပြီဖြစ်သော်လည်း ယင်းအရှိန်ကြောင့် မွန်/တနင်္သာရီ၊ ဧရာဝတီကမ်းရိုးတန်းများ လေ၊ မိုး သည်းထန်နိုင်သေး

20/05/2022 18:08 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Invest 93 B/ မုန်တိုင်းငယ်) ဟာ ဒီနေ့မှာ ကရင်ပြည်နယ်ဘက်ကနေ ထိုင်းဘက်သို့ဖြတ်ထွက်နေပြီဖြစ်ပေမယ့် သူ့အရှိန်ကြောင့် မွန်/တနင်္သာရီ၊ ဧရာဝတီကမ်းရိုးတန်းများ လေ၊ မိုး သည်းထန်နိုင်သေးတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

“ အခု Invest - 93B ရဲ့ ဘားအံကိုကျော်သွားပြီ။ ဖြတ်သွားတဲ့လမ်းကြောင်းက ဖားကပ်တို့၊ ဘားအံတို့ ကိုကျော်ပြီးတော့ လှိုင်းဘွဲ့ဘက်ကို ဦးတည်ပြီးသွားတာပေါ့။ အဲ့ဒီကနေ ထိုင်းနယ်စပ်ကို ဖြတ်မယ်။ ပြီးရင် ထိုင်းမြောက်ပိုင်းကိုဖြတ်ပြီး လာအို၊ ဗီယက်နမ်အထိ သူကဆက်သွားမှာ။ ဒီနေ့ထွက်သွားမှာ” လို့ ဦးဝင်းနိုင်က Green Way ကို ဒီနေ့ မေ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်ဖြစ်တဲ့ ECMWF ရဲ့ ကြိုတင်ခန့်မှန်းချက်အရဆိုရင်တော့ ၂၁ ရက်နေ့ မနက်စောစောမှာ ထိုင်းနယ်စပ် သာချောင်းယန်ဆိုတာကို ဖြတ်ပြီး အပြင်ထွက်သွားတော့မှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

အဲ့ဒီမုန်တိုင်းငယ်က ထွက်သွားမှာဖြစ်ပေမယ့် သူ့ရဲ့အရှိန်ကြောင့် တချို့ ကမ်းနီးရေလုပ်ငန်း လုပ်ကွက်တွေဘက်မှာ လေ၊မိုး သည်းထန်နိုင်တယ်လို့လည်း ဦးဝင်းနိုင်က သတိပေးပါတယ်။

“ အရှိန်ကတော့ မုန်တိုင်းအမြီးကျန်တာပေါ့။ မုန်တိုင်းညာဘက်ခြမ်းမှာရှိနေတဲ့ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်လုံး၊ နောက် ပင်လယ်ထဲမှာရှိနေတဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ကမ်းနီးရေလုပ်ငန်းလုပ်ကွက်ရယ်၊ နောက် တနင်္သာရီ ကမ်းရိုးတန်း ရေးရဲ့အနောက်ဘက် ကမ်းနီးရေလုပ်ငန်းလုပ်ကွက် အဲ့ဒီနေရာတွေမှာ လေပြင်းတိုက်မယ့်အခြေအနေတွေက ပြင်းပြီး ကျန်နေဦးမယ်”

မေလ ၂၃ ရက် ညနေပိုင်းအချိန်ခန့်မှာလည်း ပုသိမ်မြို့အနောက်ဘက် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းပင်လယ်ပြင်မှာ နောက်ထပ် INVEST တစ်လုံး စတင်ဖြစ်‌ပေါ်လာနိုင်မယ့်အခြေအနေကိုလည်း ဆက်လက်စောင့်ကြည့်ရမယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

အဲ့ဒီ INVEST SYSTEM ထပ်ဖြစ်လာတဲ့အခါ အရှေ့ဘက်ကို ကနဦးရွေ့လျားမယ်လို့ ခန့်မှန်းထားပြီး၊ ဧရာဝတီတိုင်းရဲ့ အနောက်ဘက် ကမ်းရိုးတန်းကို ဂေါ်ရင်ဂျီကျွန်းအနီးက မေလ ၂၄ ရက်၊ နေ့လယ်ပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်ကာ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်မယ်လို့ ခန့်မှန်းထားကြောင်းနဲ့  ဆက်လက်ရွေ့လျားနေချိန်မှာ SYSTEM ရဲ့ တောင်ဘက်နဲ့ ညာဘက်ခြမ်းဒေသတွေမှာ လေပြင်းကျရောက်ပြီး မိုးသည်းထန်နိုင်တယ်လို့လည်း ဦးဝင်းနိုင်က သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ကနေ သတိပေး ထားပါတယ်။

“ အဲ့ဒီဟာက ဆက်ဖြစ်မယ့်အနေအထား ဆိုရင် ၂၇ ရက်နေ့အထိ အဲ့ဒီရေလုပ်ငန်းလုပ်ကွက်တွေ (ဧရာဝတီနဲ့တနင်္သာရီကမ်းရိုးတန်း ကမ်းနီးရေလုပ်ငန်းလုပ်ကွက်များ) မှာ လှိုင်းကော၊ လေကော၊ မိုးကော ပြင်းပြီး ကျန်နေခဲ့မယ်။ အပြင်းဆုံးဆိုရင် တစ်နာရီ မိုင် ၅၀ လောက်အထိ တိုက်နိုင်တယ်”  

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်ကို ထုတ်ပြန်ရာမှာတော့ “ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၁.၅.၂၀၂၂) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့်  ရှိနိုင်ပါသည်” လို့ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် “ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်”  လို့လည်း အကြံပြုဖော်ပြထားတာတွေ့ရပါတယ်။

Photo Crd_Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်