ဂျွန်ဒီးယားထွန်စက်များရဲ့ ‘စတင်ခြင်း’

10/08/2023 11:00 AM တွင် ဇင်ဘိုလွင် ဇင်ဘိုလွင် မှ ရေးသား

ဂျွန်ဒီးယားထွန်စက်ဆိုတာနဲ့ လက်ရှိမှာ စိုက်ပျိုးရေးလောကနဲ့ မစိမ်းသူအားလုံးနီးပါး သိကြပြီးသား နာမည်ကျော် အမှတ်တံဆိပ်တစ်ခုဖြစ်မှာပါ။ ခေတ်သစ်ထွန်စက်တွေရဲ့အစပြုရာ အမှတ်တံဆိပ်တစ်ခုဆိုရင်လည်း မမှားပါဘူး။

ဂျွန်ဒီးယားဖြစ်တည်မှုဟာ ၁၈၃၇ မှာ စခဲ့တာဖြစ်လို့ အခုဆိုရင် နှစ်ပေါင်း ၁၈၅ နှစ်ကျော်သက်တမ်းထိတောင် ရှိလို့နေပါပြီ။ ဂျွန်ဒီးယားကိုအစပြုသူကတော့ ထူးထွေမှတ်သားစရာမလိုပါဘူး။ ဂျွန်ဒီးယားဆိုတဲ့ အမေ ရိကန်လူမျိုးကိုယ်တိုင်ဖြစ်နေလို့ပါပဲ။ ဟပ်ချလောင်းဆိုပြီး ထွန်စက်ကြီးပေါ်လာတာမျိုးတော့ မဟုတ်ဘူးပေါ့။

ဂျွန်ဒီးယားကို ၁၈၀၄ ခုနှစ်မှာ အမေရိကန်အရှေ့မြောက်ပိုင်း နယူးအင်္ဂလန်ပြည်နယ်၊ ဗားမောင့်နယ်ထဲက ရုသ်လန်းမြို့လေးမှာ မွေးဖွား ခဲ့ပါတယ်။ သူ့အသက် ၄ နှစ်အရွယ်မှာတော့ သူ့အဖေဟာ ပင်လယ်ထဲကိုထွက်ရင်း ပြန်ရောက်မလာတော့ပါ ဘူး။ ဆိုတော့ အဲ့ဒီအချိန်ကစလို့ မိတဆိုးလေးဘဝနဲ့ ကြီးပြင်းခဲ့ရပါတော့တယ်။

ဂျွန်ဒီးယားဟာ ငယ်စဉ်ကတည်းက ပန်းပဲလုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်ပြီး အဲ့ဒီအပိုင်းမှာ ထူးချွန်မှုလည်းရှိ ပါတယ်။ ၁၈၃၆ မှာ နယူးအင်္ဂလန်ပြည်နယ်မှာ စီးပွားရေးပြိုလဲမှုဖြစ်ပါတယ်။ အဲ့ဒါကပဲ ဂျွန်ဒီးယား ထွန်စက် တွေရဲ့ အစပြုရာတစ်ခုဆီ တွန်းပို့ပေးလိုက်တယ်လို့ ဆိုရမလားပဲ။

စီးပွားပျက်ကပ်ကြောင့် ဂျွန်ဒီးယားတစ်ယောက် တခြားဗားမောင့်နယ်သားတွေနဲ့အတူ အမေရိကန် အနောက်အလယ်ပိုင်းက အီလီနွိုက်စ်ပြည်နယ်လေးဆီပြောင်းရွှေ့ခဲ့ပြီး Grand Detour ဆိုတဲ့ရွာလေးမှာ ပန်းပဲရုံတစ်ခု တည်ထောင်ကာ ဘဝစာမျက်နှာတစ်ခုကို ဖွင့်လှစ်လိုက်တာက ဂျွန်ဒီးယားထွန်စက်တွေရဲ့ ကနဦးဖြစ်တည်မှုကို စနက်ပျိုးလိုက်ခြင်းပါပဲ။

ရောက်ပြီး သိပ်မကြာဘူး။ ဂျွန်ဒီးယားတွေ့လာတာက အဲ့ဒီဒေသရဲ့ စေးကပ်ကပ်မြေတွေကိုထွန်ယက်ရာမှာ သူတို့ဗားမောင့်နယ်သားတွေ မိရိုးဖလာသုံးလာတဲ့ သံကြွပ်ထယ်သွားတွေနဲ့က ဘယ်လိုမှ အဆင်ပြေမနေဘူး ဆိုတာပဲ။ ဗားမောင့်မြေတွေတုန်းက သဲဆန်တော့ ဒါကအဆင်ပြေတယ်။ အခု ဒီမြေစေးတွေနဲ့ ဒီထယ်သွားတွေနဲ့ကျတော့ ဘယ်လိုမှ သဟဇာတမဖြစ်။ ထယ်သွားအောက်ခြေမှာ မြေတွေက ကပ်ကပ်လာလို့ ဘယ်နှပေမှတောင် မသွားရသေးဘူး။ ရပ်လိုက် ခွာလိုက် လုပ်နေရတာကိုး။ 

ဒါကိုဖြေရှင်းနိုင်ဖို့ ဂျွန်ဒီးယားက လွှသွားအကျိုးတစ်ခုကို အသုံးပြုပြီး ပြောင်ချောနေတဲ့ စတီးထယ်သွားတစ်ခုကို ဆန်းသစ်ဖန်တီးလိုက်ပါတယ်။ ဒါလေးလောက်ဆိုပေမဲ့ ဒီတီထွင်မှုဟာ လယ်သမားတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့အပိုင်းမှာတော့ ကြီးမားတဲ့သက်ရောက်မှုထိ ရှိခဲ့ပါတယ်။ သူတို့ပြဿနာကို အတော်ကြီးကို ပြေလည်သွားစေလို့ပါ။ 

ဒီစတီးထယ်သွားတွေဟာ ဂျွန်ဒီးယားအတွက် အမှတ်တံဆိပ်တစ်ခုအနေနဲ့တင်မဟုတ်ပါဘူး။ ဒီဒေသကိုရောက်ရှိ ပြီး နောက်တစ်နှစ် ၁၈၃၇ နှစ်မှာတော့ ကုမ္ပဏီထောင်လုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအထိပါ ဖြစ်သွားစေပါတော့တယ်။ 

၁၈၄၈ ခုနှစ်မှာတော့ ဂျွန်ဒီးယားဟာ Grand Detour ရွာလေးရဲ့ အနောက်တောင်ဘက် မိုင် ၇၀ လောက်အကွာ၊  မစ္စစ္စပီမြစ်ရဲ့အရှေ့ဘက်ကမ်းပါးမှာရှိတဲ့ မြို့လေး မိုလင်းဆီပြောင်းရွှေ့၊ စက်ရုံထောင်လုပ်ရတဲ့အထိ လုပ်ငန်း ကြီးထွားလာပါတော့တယ်။ မြစ်ကမ်းပါးမှာရှိတော့ စက်ရုံအတွက်လိုအပ်တဲ့ရေကိုလည်းရတယ်။ ကုန်ကြမ်းတွေ သယ်ဖို့နဲ့ ထုတ်ကုန်တွေပို့ဖို့လည်း ရေလမ်းကြောင်းအဆင်ပြေသွားစေတာပေါ့။

မကြာခင်မှာပဲ ဂျွန်ဒီးယားရဲ့ကုမ္ပဏီဟာ တစ်နှစ်ကို ထယ်သွားအရေအတွက် ၁၀၀၀ ထိ ထုတ်လုပ်လာရပါတယ်။ နောက်တစ်နှစ်မှာ ၂၀၀၀ ဖြစ်လာတယ်။ ဒီလိုနဲ့ ဆက်လက်ကြီးထွားလာပြီး ထယ်သွားတွေ နာမည်ပိုကြီးလာရုံ မက လုပ်ငန်းမူဝါဒပိုင်းမှာပါ ဂျွန်ဒီးယားဟာ လူသိများလာပါတယ်။ အဲ့ဒီကတည်းက ချမှတ်ခဲ့တဲ့ ကုမ္ပဏီမူဝါဒတွေဟာ အခုအချိန်ထိလည်း မပြောင်းမလဲရှိနေဆဲပါပဲ။ ဒီထဲကတစ်ခုကတော့ အရည်အသွေးမြင့်ထုတ်ကုန်တွေကိုပဲ ထုတ်လုပ်ရောင်းချမယ် ဆိုတာပါပဲ။ 

၁၈၆၈ မှာတော့ ဂျွန်ဒီးယားရဲ့စီးပွားရေးဟာ Deere & Company အမည်နဲ့ လုပ်ငန်းစုကြီးဖြစ်လာပါတယ်။

မိုလင်းမြို့ကိုရောက်ပြီးကတည်းက ဂျွန်ဒီးယားဟာ ဒေသတွင်းအရေးတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး ၁၈၇၃ ခုနှစ်မှာတော့ မိုလင်းမြို့ရဲ့ ဒုတိယမြောက်မြို့တော်ဝန်လည်းဖြစ်ခဲ့ပါတယ်။

၁၈၈၆ ခုနှစ်မှာတော့ ဂျွန်ဒီးယားကွယ်လွန်ခဲ့ပြီး သူ့ရဲ့မျိုးဆက်က နောက်ထပ်ရာစုနှစ်တစ်ခုအတွက် လုပ်ငန်း အမွေကို ဆက်ခံဦးဆောင်ခဲ့ပါတယ်။

ဒါဟာတော့ အခုအချိန်မှာ ကမ္ဘာကျော်ထွန်စက်အမှတ်တံဆိပ် ဂျွန်ဒီးယားကိုအစပြုဖန်တီးသူ ဂျွန်ဒီးယားဆိုတဲ့ လူကြီးရဲ့ သမိုင်းပါပဲ။ 

ထွန်စက်ဆိုပြီး ဖြစ်တည်တိုးတက်လာခြင်းကတော့ သူ့ရဲ့နောက်မျိုးဆက်တွေလက်ထက်မှာမှ စတင်ခဲ့တာပါ။ ယနေ့ခေတ် ဂျွန်ဒီးယားရဲ့ အဆင့်ဆင့်ဖြစ်တည်တိုးတက်လာမှုအပိုင်းတွေကတော့ အောက်ပါအတိုင်းပါ။

ဂျွန်ဒီးယားထွန်စက်များ ဖြစ်တည်တိုးတက်လာမှု နှစ်ကာလများ

၁၈၃၇ - ပန်းပဲသမားလေး ဂျွန်ဒီးယားက စတီးထယ်သွားတီထွင်၊ အောင်မြင်တဲ့စီးပွားရေးတစ်ခုဖြစ်လာ။

၁၉၁၈ - Waterloo Boy နှင့် John Deere အမှတ်တံဆိပ် မော်ဒယ်နှစ်မျိုးဖြင့် ထွန်စက်စီးပွားရေးလောကသို့ စတင်ဝင်ရောက်။

၁၉၃၁ - အမေရိကန်မှာစတော့ဈေးကွက်ပြိုလဲပြီး ဘဏ်များပြိုလဲမှုကြုံခဲ့ရတဲ့ Great Depression ကာလမှာ လယ်သမားတွေအတွက် ထွန်စက်တွေကို အရစ်ကျငွေချေပုံစံ (ရေရှည်ငွေပေးချေမှုစနစ်) နဲ့ ဝယ်ယူနိုင်တဲ့ စနစ်ကို စတင်မိတ်ဆက်။ နောက်မျိုးဆက်များထိ သစ္စာရှိ ဖောက်သည်များဖြစ်လာရန်ရည်ရွယ်။

၁၉၃၅ - စက်မှုလယ်ယာသုံး ကိုယ်ပိုင်မော်ဒယ် (ဆလင်ဒါနှစ်လုံးပါ) ‘DI’ ထွန်စက်ကို စတင်မိတ်ဆက်။ 

၁၉၆၀ - DI ထွန်စက်မော်ဒယ်ရဲ့ ၉၅ ရာခိုင်နှုန်းလောက်ထိ ဒီဇိုင်းပိုင်းပြောင်းထားပြီး ဆလင်ဒါလေးလုံးနဲ့ ခြောက်လုံးပါ မျိုးဆက်သစ်ထွန်စက်တွေရဲ့အခန်းကဏ္ဍကိုစတင်လိုက်ခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးကို နောက်ထပ်တစ်ကြိမ် တစ်ခေတ်ဆန်းစေခဲ့။

၁၉၉၂ - ဘက်စုံသုံး ဝန်တင်ကားလေးများ The Gator Utility Vehicles ကို ထုတ်လုပ်မိတ်ဆက်။

၁၉၉၆ - အာလူး၊ ကြက်သွန်၊ သကြားမုန်လာနဲ့ သီးနှံအချို့အတွက် ရိတ်သိမ်းနေရင်း အထွက်နှုန်းကိုပါ တစ်ပါတည်း တွက်ချက်နိုင်မယ့်စနစ် ‘ Green Star System’ ကို မိတ်ဆက်။

၂၀၀၉ - ရိတ်သိမ်းနေရင်း ဝါကောက်ပြီး တစ်ခါတည်း ထုပ်ပိုးလိပ်ပေးနိုင်တဲ့ ပထမဆုံးဝါကောက်စက်ကိုတီထွင် မိတ်ဆက်။ ဝါလုပ်ငန်းနယ်ပယ်ကို ပြောင်းလဲသွားစေတဲ့ တီထွင်ဖန်တီးမှုဖြစ်။

၂၀၁၇ - ဆောက်လုပ်ရေးနဲ့ လမ်းခင်းရာမှာ အသုံးပြုတဲ့ စက်ပစ္စည်းများ၊ ယန္တရားများ ထုတ်လုပ်ရေးနယ်ပယ်မှာ ဦးဆောင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဂျာမနီကုမ္ပဏီ WIRTGEN GROUP နဲ့ လက်တွဲ။ 

Ref: www.deere.com

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်