ပေါင်းသတ်စက်ရုပ်

06/03/2022 13:00 PM တွင် ရဲဟိန်းလတ် ရဲဟိန်းလတ် မှ ရေးသား

"လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကတော့ ပေါင်းသတ်စက်ရုပ်တွေ တိုးတက်လာဖို့ဆိုတာ သိပ္ပံဆိုင်ရာ စိတ်ကူး စိတ်သန်းတွေသာ ဖြစ်ခဲ့ပါတယ်"

ပေါင်းသတ်စက်ရုပ်တီထွင်သူတွကတာ့ ဒီစက်မျိုးဟာ ပေါင်းသတ်ဆေးအသုံးပြုမှုကို လျော့ကျ‌စေပြီး ပြန်လည်ပြည့်ဖြိုးမြဲအစာစနစ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ 

အိုဟိုင်းယိုး လယ်ကွင်းတစ်ခုရဲ့ထောင့်မှာတော့ လေဆာလက်တံတွေဟာ ကြက်သွန်နီခင်းပြင်ကျယ်ကြီး ထဲက ပေါင်းပင်‌တွေကိုသတ်နေပါတယ်။ Shay Myers (ရှေးမိုင်ယာ) ဟာ သူ့ရဲ့ ၁၂ ဟတ်တာရှိတဲ့သီးနှံကွင်းအတွက် လွန်ခဲ့တဲ့နှစ်ကတည်းက စက်ရုပ်နှစ်ခုကိုစသုံးနေပြီဖြစ်ပါတယ်။

စက်ရုပ်ဟာ ၃ မီတာလောက်ရှည်ပြီး ၄၃၀၀ ကီလိုဂရမ်လေးကာ ကားငယ်လးတစ်စီး လယ်ကွင်းထဲ တွားသွားနေတာနဲ့ဆင်တူပါတယ်။ သူ့ရဲ့အောက်မှာတော့ ရှင်းပစ်ဖို့ ရည်ရွယ်တဲ့ ပေါင်းပင်တွေကို လေဆာနဲ့ ခွဲခြားပါတယ်။

Myers က "မိုက်ခရိုစက္ကန့်အတွင်း ဒီအနီရောင်သန်းတဲ့ ပေါင်းပင်တွကို ခွဲခြားသွားတာ ခင်ဗျား စောင့်ကြည့်ရုံနဲ့ တွေ့ရမှာဖြစ်ပြီး အဲ့ဒီပေါင်းပင်တွေဟာ လေဆာနဲ့ထိ‌တွေ့မိပြီး ချက်ချင်းသေသွား ပါတယ်။ လွန်ခဲ့‌တဲ့ ၁၀ နှစ်ကတာ့ ဒါဟာသိပ္ပံဆိုင်ရာစိတ်ကူးစိတ်သန်းတွသာဖြစ်ခဲ့ပါတယ်"

ပြီးတော့အင်ဂျင်သံပါ။ စက်ရုပ်တွေဟာလုံးဝအသံတိတ်နီးပါးပါပဲ။ စက်ရုပ်တစ်ခုဟာ ပေါင်းပင်တစ်သိန်း ကို အချိန်တစ်နာရီအတွင်းဖျက်စီးပစ်နိုင်ပါတယ်။ ကာဗွန်ရိုဘော့ဆိုင်ရာနည်းပညာနဲ့ ကုမ္ပဏီက စက်ရုပ် တွေကို ပြုလုပ်ခဲ့တာပါ။

ကာဗွန်စက်ရုပ်နည်းပညာဟာ အခြားစိုက်ပျိုးရေးဆိုင်ရာစက်ရုပ်‌တွေမှာလည်း သုံးနေကြပြီဖြစ်ပါတယ်။ သူက ပတ်ဝန်းကျင်ကို အကျိုးများစေပြီး မြေဆီလွှာအနှောက်အယှက်ဖြစ်ခြင်းမရှိစေဘဲ စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေကာ လယ်သမား‌တွေအနေနဲ့ ‌ပေါင်းသတ်ဆေးအသုံးပြုမှုကို လုံးဝအမြစ်ပြတ်စေ သို့မဟုတ် များစွာ ‌လျှော့ချနိုင်စေပါတယ်။

လယ်သမားတွေဟာ တခြားဓာတုပစည်းများ အထူးသဖြင့် မြေကြီးနဲ့အပေါ်ယံရေတွေကို ညစ်ညမ်းစေ တဲ့ ပစ္စည်းတွကိုလည်း သုံးနေရလို့ ပေါင်းသတ်ဆေး ‌လျှော့သုံးရနိုင်ဖို့ ဖိအားတွေရှိနေပါတယ်။ ပြီးတော့ အဲဒီပစ္စည်း‌တွေက သဘာဝသက်ရှိတွေနဲ့ အခြားမရည်ရွယ်တဲ့ အပင်တွေကို ထိခိုက်စေပြီး ကင်ဆာ ဖြစ်နိုင်ခြေတိုးတက်လာမှုနဲ့လည်း ဆက်စပ်နေပါတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ ပိုးသတ် ဆေးဒဏ်ခံနိုင်တဲ့ ပေါင်းပင်‌‌တွေများလာမှုနဲ့ ရင်ဆိုင်နေရပြီး ပေါင်းပင်သတ်ဖို့အတွက်အခြားနည်းလမ်း တွေကိုရှာဖွေဖို့ တွန်းအားလည်းရှိနေပါတယ်။

"ပိုးသတ်‌‌ဆေးအသုံးပြုမှု‌ လျော့ကျစေတာက ပေါင်းပင်တွေကို ခွဲခြားနိုင်ခြင်းကြောင့် ထွက်ပေါ်လာ တဲ့  ရလဒ်ကောင်းပါ" လို့ လင်ကွန်းတက္ကသိုလ် စိုက်ပျိုးရေးဆိုင်ရာ စက်ရုပ်နည်းပညာဌာနမှ အကြီးတန်း နည်းပြ Gautham Das (ဂေါ်သမ်ဒတ်စ်) ကပြောပါတယ်။ လေဆာဒါမှမဟုတ် ခရမ်းလွန်း ရောင်ခြည်နဲ့ ပေါင်းပင် တွေကိုသတ်တာက ဓာတုပစ္စည်းလုံးဝမဟုတ်ပါဘူး။ စက်ရုပ်တွေက ပိုးသတ် ဆေးသုံးခဲ့မယ် ဆိုရင်တောင်မှ ပေါင်းပင်တွေကို တိကျစွာခွဲထုတ်နိုင်တဲ့အတွက် သာမန်ရိုးရိုးနည်းများထက် 90% လောက် လျော့နည်းစေတယ်လို့ Das က ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ဘယ်ကုမ္ပဏီကမှ လယ်ယာစိုက်ပျိုး‌‌ရေးမှာ စက်ရုပ်တွေသုံးဖို့ သီးသန့်စဉ်းစားမှု မရှိခဲ့ဘဲ အခုအခါမှာတော့ ဖွံ့ဖြိုးနေတဲ့နယ်ပယ်ဖြစ်နေပြီလို့ ပြင်သစ်ပြည်ဖွားဖြစ်သလို ဆန်ဖရန်စ္စကို အ‌ခြေစိုက် စက်ရုပ်ပေါင်းသတ်ကုမ္ပဏီရဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ Sebastien Boyer (ဆီဘက်ရှန် ဘွိုင်ယာ) က ပြောပါတယ်။

အစေ့ချခြင်း၊ ရိတ်သိမ်းခြင်း၊ စောင့်ကြည့်ခြင်း စတဲ့ အလုပ်တွေကိုပြုလုပ်နိုင်ဖို့ ပုံစံထုတ်နိုင်တဲ့ ဒီစိုက်ပျိုးရေးဆိုင်ရာစက်ရုပ်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဟာ ၂၀၂၀ မှာ ဒေါ်လာ ၅.၄ ဘီလျံ ကနေ ၂၀၂၆ မှာ ၂၀ ဘီလျံအထိ တိုးတက်လာမယ်လို့ခန့်မှန်းကြပါတယ်။ 

" စိုက်ပျိုးရေးကဏ္ဍမှာ အကြောင်းအရာတွေဟာ မြန်မြန်ကြီး ပြောင်းလဲ‌နေတယ်” လို့ Myers က ဆိုပါတယ်။ သူတို့ဟာကြီးမားတဲ့ လယ်ကွင်းကြီးတွေ အတွက်သာမက တစ်ချို့သော သေးငယ်တဲ့ လယ်ကွင်းတွေအတွက်ပါ သုံးနိုင်အောင် ပြောင်းနိုင်ပြင်နိုင်စွမ်းရှိ ကြပါတယ်လို့ လန်းဒန်ကင်းကောလိပ် မှ အင်ဂျင်နီယာပါမောက္ခ Elizabeth Sklas  (အဲလိဇဘက်ဆက်ကလတ်စ်) က‌‌ ဆိုပါတယ်။ 

Farm Wise ဟာသူတို့ရဲ့ပထမဆုံး ဖောက်သည်အဖြစ် စတော်ဘယ်ရီ၊ ပန်းမုန်လာပွင့်၊ ဘရိုကိုလီ၊ ဆလပ် ရွက်တွေစိုက်တဲ့ ကယ်လီဖိုးနီယားရဲ့ Salinas Valley က American's salad bowl  ကို စတွေ့ခဲ့တာ ဖြစ်ပါတယ်။ US ရဲ့ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတွေထဲက အကြီးဆုံး၂၀ စာရင်းဝင်ရဲ့ ၁၀ ခုဟာ ကယ်လီဖိုးနီးယားနဲ့ အရီဇိုးနားကဖြစ်ပြီး အခုအခါ Farm Wise ကုမ္ပဏီရဲ့ ‌‌‌ပေါင်းသတ်စက်ရုပ်တွေကို သုံးနေကြပြီ ဖြစ်ပါတယ်။

"အစတုန်းကတော့ သူတို့ဟာ ကျွန်တာ်တို့နဲ့ အလုပ်လုပ်ရတာကို စမ်းသပ်မှုတစ်ခုလာက်ပဲ သ‌ဘော ထားခဲ့တာပါ။ အခုတော့သူတို့ကကျွန်တော်တို့ကိုလုံးဝမှီခို ‌နေရပြီဖြစ်ပါတယ် " စက်ရုပ်ပေါင်းသတ် ကုမ္ပဏီရဲ့ခေါင်းဆောင် ဘွိုင်ယာက ဆိုပါတယ်..။

လယ်ယာသုံးဓာတုပစ္စည်းတွေကြောင့် အလုပ်သမားရှားပါးမှုရှိတာကလည်း စက်ရုပ်‌‌တွေကို ပိုမို တွင် ကျယ်လာပါတယ်။ လယ်ယာလုပ်သားတွေဟာ ဈေးကြီးတယ် လို့ Myers က ပြောပါတယ်။

ဧပြီလက တင်ထားခဲ့တဲ့ ဗိုင်းရပ်စ်ပိုးဆိုင်ရာ TikTok ဗီဒီယိုမှာဆိုရင် သူဟာ သူ့ရဲ့သီးနှံတွေဖြစ်တဲ့ ကညွှတ်တွေကိုခူးယူဖို့လုပ်သား ငှားမရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို အစိုးရက ဗီဇာတွေ အချိန် မီ မထုတ်ပေးတာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ ကြီးမားတဲ့ အခက်အခဲတစ်ခုက‌တော့ ရှိ‌နေဆဲဖြစ်ပါတယ်။ ပြဿနာတစ်ခုက အလုပ်လုပ်တဲ့‌ နေရာမှာ ဘတ်ထရီအား ပြန်သွင်းဖို့ အဆင်သင့်မဖြစ်တာဖြစ်ပြီး ဒီအကြောင်း‌ကြောင့် Farm Wise နဲ့ ကာဗွန်စက်ရုပ်တွေဟာ လောင်စာအဖြစ် ဒီဇယ်ဆီကို အသုံးပြုကြပါတယ်..။

ဒါကြောင့် အန္တရာယ်ရှိတဲ့ ထုတ်လွှတ်မှု‌တွေနဲ့ လေထုညစ်ညမ်းမှု‌တွေကို ဖြစ်‌စေပါတယ်။ ဒါပေမဲ့ အနာဂတ် လယ်သမားစက်ရုပ်တွေကျရင်တော့ အတိတ်ကကျွန်တော်တို့ထုတ်လုပ်ခဲ့တဲ့ စက်ရုပ်‌တွေနဲ့ မတူရဘဲ ရုပ်ကြွင်းလောင်စာမသုံးတဲ့၊ ပိုသေးငယ်တဲ့ ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကိုသုံးထားတဲ့ စက်မျိုးဖြစ်ပါတယ်လို့ UK က Reading University (ရက်ဒင်းတက္ကသိုလ်) မှ စိုက်ပျိုး‌ရေးဆိုင်ရာ တီထွင်မှု ပါ‌မောက္ခ David Rose (ဒေးဗစ်ရို့စ်) က ‌ပြောခဲ့ပါတယ်။

တစ်ချို့‌သောစက်တွေကတော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်‌တွေနဲ့ သုံးနေကြပြီဖြစ်ပါတယ်။ UK အ‌ခြေစိုက်စက်ရုပ်ကုမ္ပဏီတစ်ခုကတော့ သူတို့ရဲ့ပင့်ကူပုံသဏ္ဍန်ပေါင်းသတ်စက်ရုပ်ကို Tesla batteries နဲ့ပါဝါပေးတာဖြစ်ပါတယ်။ ဒတ်ချ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Farm Droid ရဲ့စက်နဲ့ ဆွစ်ဇာလန်က Ecorobotirc ရဲ့ စက်‌တွေဟာ ‌နေရောင်ခြည်စွမ်းအင်သုံး စက်‌တွေဖြစ်ကြပါတယ်။

ဘတ်ထရီအ‌သေတပ်ထားရင် ပို‌ ‌ပေါ့ပါးပြီး စွမ်းဆောင်ရည်လည်း ကောင်းမှာ၊ ဒါ့အပြင် မကြာမီမှာ စက် ရုပ်ဟာ လျှပ်စစ်နဲ့ဖြစ်လာ သုံးလာရမှာဖြစ်တယ်လို့ Carbon robotics‌ ရဲ့‌ခေါင်းဆောင် Pawl Mikesell က ပြောပါတယ်။

တခြားတစ်ခုက‌တော့ ကုန်ကျစရိတ်ပါ။ စက်ရုပ်တွေက ဈေးကြီးနေဆဲဖြစ်ပါတယ်။ အမြောက်အမြား သုံးလာကြရင်တော့ ကုန်ကျစရိတ်သက်သာသွားမှာပါ။Carbon robotics ရဲ့ စက်ရုပ်အတွက် ကုန်ကျစရိတ်ဟာ အလတ်စားလယ်ထွန်စက်တစ်လုံးစာ ကုန်ကျစရိတ်နဲ့ အတူတူပဲဖြစ်ပါတယ်။ (ဒါဟာအခြားကုန်ကျစရိတ်အပို‌တွေကို ထည့်မတွက်ရ‌သေးပါဘူး။) ကုမ္ပဏီကတော့ အငှားအသုံးပြုမှု အတွက် ဖြစ်နိုင်‌ချေတွေကို ဖော်ဆောင်နေပါတယ်..။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်