👩🌾 အကြွေးကြေရုံ ဝမ်းဝရုံလောက်ပဲ သဘောထားပြီး စိုက်ပျိုးရေး လုပ်နေကြတုန်းလား..
စိုက်ရာသီသာကုန်သွားတယ်..ဘယ်လောက်ကျန်မှန်းတောင် မသိတော့ပါဘူးလို့ ညည်းနေကြတုန်းလား... 🥲
အဲ့ဒါတွေကနေ ရုန်းထွက်လိုက်ကြပါတော့ ဦးကြီး ဒေါ်ကြီး ကိုကို မမ တို့ရေ...
ကူညီပေးဖို့အတွက်တော့..အစိမ်းရောင်လမ်းဆော့ဝဲထဲက အစိမ်းရောင်မှတ်တမ်းဆိုတဲ့ Function လေး အသင့်စောင့်ကြိုနေပါပြီရှင့်🤗
ဘယ်လိုတွေကူညီပေးမှာလဲဆိုတာကိုတော့👇
❗️အစိမ်းရောင်လမ်းနဲ့ မြန်မာသြဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများ အသင်း MOGPA အဖွဲ့က ပူးပေါင်းပြီး ၂၂.၂.၂၀၂၃ (ဗုဒ္ဓဟူးနေ့) မနက် ၁၀ နာရီကနေ ၁၁ နာရီထိ webinar လေး ပြုလုပ်ရှင်းပြပေးသွားမှာရှင့် 🥰
MOGPA အဖွဲ့ဆိုတာကတော့ organic PGS certificate တွေထုတ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါနော်...
ဒီ webinar လေးကို ...ဘယ်လိုလူတွေတက်သင့်လဲဆိုတော့...
✅ အထွက်နှုန်းကောင်းပါရဲ့နဲ့ အမြတ်မကျန်ဘူးလို့ ခံစားနေရသူတွေ
✅ ကိုယ့်လုပ်ငန်းလေးက ဘယ်လောက်ရှုံးတယ်ဘယ်လောက်မြတ်တယ်ဆိုတာ လွယ်လွယ်လေးနဲ့ သိချင်သူတွေ
✅ GAP/ organic လက်မှတ်လျှောက်ပြီး ကိုယ့်ထုတ်ကုန်ရဲ့တန်ဖိုးကို မြှင့်ချင်ကြတဲ့သူတွေ
✅ ပိုမိုကောင်းမွန်တဲ့ ဈေးကွက်တစ်ခုကိုပိုင်ဆိုင်ချင်သူတွေ
✅ ကိုယ့်စိုက်ခင်းဧရိယာ အကျယ်အဝန်းကို လွယ်လွယ်လေး တိုင်းချင်သူတွေ
✅ နောက်ဆုံး စိုက်ပျိုးရေးကို စီးပွားရေးတစ်ခုလို မှတ်ယူပြီး စိုက်ပျိုးစီးပွားလုပ်ငန်းရှင် ဖြစ်ချင်သူတွေ... အားလုံး တက်သင့်ပါတယ်ရှင့်...
ကဲ.. ဒီတော့.. . သိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ဖို့အတွက် စိတ်ပါဝင်စားသူ စိုက်ပျိုးရေးနယ်ပယ်မှ မိတ်ဆွေများနဲ့ နယ်ပယ်ဒေသအသီးအသီးမှ ကျွမ်းကျင်ပညာရှင်များ၊ စိုက်ပျိုးစီးပွားလုပ်ငန်းရှင်လောင်းများကို ဖိတ်ခေါ်ပါတယ်နော် ❤️
တက်ရောက်လိုသူများအနေဖြင့်👇
Join Zoom Meeting
Meeting ID: 875 1449 2237
Passcode: 348101
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်