ကော်ဖီအထွက်နှုန်းကျဆင်းနေမှုကို သက်သာစေနိုင်မဲ့ ရာသီဥတုဒဏ်ခံကော်ဖီမျိုးသစ်

01/03/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကော်ဖီဟာ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး အဖျော်ယမကာတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာတဝန်းမှာ နေ့စဉ် ကော်ဖီခွက်ရေ ၂ ဘီလီယံကျော် သောက်သုံးနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စိုက်ပျိုးထားတဲ့ ကော်ဖီပင်တွေသာမက ကော်ဖီအရိုင်းပင်တွေမှာပါ အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ရာသီဥတုပြောင်းလဲလာမှုဟာ သက်ရောက်မှု မြင့်မားနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကော်ဖီအထွက်နှုန်းဟာ လာမဲ့ဆယ်စုနှစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားတာ ဖြစ်ပါတယ်။ 

ယူဂန္ဓာနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့မှ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ အဆိုအရ အပူချိန်ပူနွေးလာမှုနဲ့ ကြိုတင်ခန့်မှန်းမရနိုင်တဲ့ မိုးရွာသွန်းမှုတွေကြောင့် ကော်ဖီစိုက်တောင်သူတွေအနေနဲ့ စိုက်ပျိုးတဲ့နည်းလမ်းကို ပြောင်းလဲခြင်းဟာ ဖြေရှင်းချက်တစ်ခုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကမ္ဘာလုံးဆိုင်ရာ ကော်ဖီလိုအပ်ချက်ဟာ အရသာပိုမိုကောင်းမွန်ပြီး ထုတ်လုပ်မှုရဲ့ ၅၅ ရာခိုင်နှုန်းခန့်ရှိနေတဲ့ Arabica (Coffea arabica) အမျိုးအစားနဲ့ ကျန်အများစုအတွက်ကတော့ Robusta လို့ခေါ်တဲ့ ကော်ဖီအမျိုးအစားအပေါ်မှာ မှီခိုနေရတာလည်း ဖြစ်ပါတယ်။

သို့သော်လည်း ထိုကဲ့သိုမှီခိုနေရခြင်းဟာ ကမ္ဘာလုံးဆိုင်ရာကော်ဖီထောက်ပံ့မှုအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Arabica ကော်ဖီမျိုးတွေဟာ ရာသီဥတုပြောင်းလဲမှုတွေကို ခံနိုင်ရည်နည်းပြီး ထိခိုက်ပျက်စီးနိုင်တာကြောင့်ဖြစ်ပါတယ်။

“၂၀၂၁ နဲ့ ၂၀၂၂ ခှနှစ်မှာ အဆိုပါ ကော်ဖီအမျိုးအစား ၂ ခုရဲ့ ကမ္ဘာလုံးဆိုင်ရာ လက်ကျန်တွေ ပြတ်လပ်မှုကြောင့် ကော်ဖီစျေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီး Arabica ကော်ဖီဟာ ကာလတိုအတွင်းမှာကိုပဲ ကုန်ဈေးနှုန်းတွေ ၂ ဆတိုးလာပါတယ်” ဟု  သိပ္ပံပညာရှင်တွေက လေ့လာမှုတစ်ခုမှာ မှတ်ချက်ပြုပါတယ်။ 

အဆိုပါအခြေအနေရဲ့ အဓိကတရားခံကတော့ ဘရာဇီးကဲ့သို့ ကော်ဖီအဓိကစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံတွေမှာ မိုးခေါင်ရေရှားမှုဖြစ်ပြီး အခြားသော ရာသီဥတုဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့်ပဲဖြစ်ပါတယ်။ဒီလို ရာသီဥတုဖောက်ပြန်ခြင်းဟာ စျေးကွက်ပေါက်ဈေးအပေါ် သွားဆက်စပ်မှုရှိနေသလို ပတ်ဝန်းကျင်ရာသီဥတုဆိုင်ရာ ဖိအားတွေကြောင့် ကော်ဖီပင်တွေဟာ ခံနိုင်ရည်နည်းပါးလာတယ်လို့လည်း ကျွမ်းကျင်ပညာရှင်တွေက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ရာသီဥတုနဲ့ ဆက်နွှယ်နေတဲ့ ဖိစီးမှုတွေကို တိုက်ဖျက်ပြီး သီးနှံတွေရဲ့ အင်အားခိုင်ခံ့စေဖို့အတွက် ကော်ဖီစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ အဓိက ရွေးချယ်စရာ ၃ ခု ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ၎င်း ၃ ခုကတော့ တောင်သူတွေအနေနဲ့ ပိုမိုသင့်တော်တဲ့နေရာတွေကို ရွှေ့ပြောင်းနိုင်ခြင်း၊ အပင်တွေကို စိုက်ပျိုးပုံနည်းစနစ် ပြောင်းလဲနိုင်ခြင်းနဲ့ လက်ရှိစိုက်ပျိုးနေတဲ့ Arabica ကော်ဖီတွေရဲ့နေရာမှာ ပိုမိုခံနိုင်ရည်ရှိတဲ့ ကော်ဖီမျိုးဖြစ်တဲ့ Liberica အမျိုးအစားကို ပြောင်းလဲစိုက်ပျိုးနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ 

တတိယရွေးချယ်မှုဖြစ်တဲ့ ကော်ဖီမျိုး ပြောင်းလဲစိုက်ပျိုးခြင်းဟာ ကော်ဖီစိုက်ပျိုးသူအများစုအတွက် ဖြစ်နိုင်ချေအရှိဆုံး ရွေးချယ်မှုဖြစ်ပေမဲ့လည်း အာဖရိကအနောက်ပိုင်းနဲ့ အလယ်ပိုင်းကနေ အစပြုတဲ့ liberica ကော်ဖီဟာ လက်ရှိစီးပွားဖြစ်စိုက်ပျိုးတဲ့ကော်ဖီတွေထဲမှာ ၂ ရာခိုင်နှုန်း အောက်သာရှိနေသေးတာလည်း ဖြစ်ပါတယ်။ 

Liberica ကော်ဖီမျိုးကွဲဟာ ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာမှာမဆို ပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေတွေကို ပိုမိုခံနိုင်ရည်ရှိကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ၎င်းရဲ့ အခြားအကျိုးကျေးဇူးတစ်ခုကတော့ ကော်ဖီသီးတွေဟာ ရင့်မှည့်ပြီးတဲ့နောက်မှာလည်း အပင်ပေါ်မှာ ကောင်းစွာ ဆက်လက်ရှိနေနိုင်သလို ခူးဆွတ်ရတာလည်း လွယ်ကူစေတယ် လို့  သိပ္ပံပညာရှင်တွေက ရှင်းပြပါတယ်။ 

Liberica ကော်ဖီရဲ့ အားနည်းချက်ကတော့ အသီးပေါ်မှာရှိတဲ့အခွံဟာ ပိုမိုမာကျောတဲ့ အခြေအနေရှိနေတာကြောင့် ကုန်ချောထုတ်လုပ်ဖို့ လုပ်ဆောင်ရာမှာ ခက်ခဲမှုရှိစေနိုင်တာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီကော်ဖီဟာ ရင့်မှည့်ပြီးနောက်ပိုင်းမှာလည်း အပင်ပေါ်မှာ ကောင်းစွာ ဆက်ရှိနေနိုင်တယ်ဆိုပေမဲ့ ခူးဆွတ်တာကိုတော့ မှည့်ပြီးတာနဲ့မကြာခင်မှာ ပြုလုပ်သင့်တာဖြစ်ပါတယ်။ အကယ်လို့ မခူးဆွတ်ခဲ့ဘူးဆိုရင်တော့ အချဉ်ပေါက်လာနိုင်ပြီး ကော်ဖီရဲ့အရသာကိုပါ ထိခိုက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ရာသီဥတုပြောင်းလဲလာမှုတွေကြောင့် Arabica ကော်ဖီတွေမှာ ထိခိုက်ဆုံးရှုံးမှုတွေတိုးလာပြီး ရာသီဥတုဒဏ်ကိုပိုမိုခံနိုင်ရည်ရှိစေမဲ့ Liberica ကော်ဖီမျိုးတွေကို ပြောင်းလဲအသုံးပြုခြင်းဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်သောက်သုံးနေကြတဲ့ ကော်ဖီတွေကို ကယ်တင်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ 

ဇင်ထူးနိုင်

Ref: https://bit.ly/3JbIB4t

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်