ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာ၊ ကွင်းအမှတ်-၁၆၇ ရှိ မိုးနှမ်းစိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ် ကာကွယ်နှိမ်နင်းရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်နှင့်ဝန်ထမ်းများသည် တောင်သူများနှင့်ပူးပေါင်းကာ တစ်ကွင်းတစ်စမ်တည်း မီးရောင်ထောင်ချောက်များထွန်းညှိခြင်းကို ဇွန်လ ၂၀ ရက် ညက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဇွန်လ ၂၀ ရက် နံက်ပိုင်းက ဂန့်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးသူရဇော်နှင့် ဝန်ထမ်းများသည် ဇာဟောကျေးရွာရှိ မိုးနှမ်းစိုက်ခင်းများသို့ ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေများကို ကွင်းဆင်း ကင်းထောက်စစ်ဆေးကြပြီး တောင်သူဦးညိုစိမ့်၏ နေအိမ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် တောင်သူများအား တွေ့ဆုံကာ ပညာပေးဆွေးနွေးရာတွင် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းအရ ညထွက်ဖျက်ပိုးများအန္တရာယ်မှ ကာကွယ်ရန် မီးရောင်ထောင်ချောက်များ စုပေါင်းထွန်းညှိကြရေး ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ မီးရောင်ထောင်ချောက်များထွန်းညှိခြင်း ဆောင်ရွက်ရာတွင် လိုအပ်သောဒီဇယ်ဆီကို ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံမှ ထောက်ပံ့ပြီး နှစ်ညဆက်၍ ထွန်းညှိသွားမည်ဖြစ်ကာ မြို့နယ်ဦးစီးမှူးမှ တောင်သူများအား ပိုးသတ်ဆေးများလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စိုက်ပျိုးရေး - ပြန်ကြားရေးဌာနစိတ်
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator