စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းဆိုင်ရာ ချေးငွေများရယူနိုင်ကြောင်း တောင်သူများနှင့် လုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

17/05/2019 11:13 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးချေးငွေများကိုတောင်သူလယ်သမားများအပါအဝင် လုပ်ငန်းရှင်များသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသော စီးပွားရေးလုပ်ငန်းများ အတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန် ၂၀၁၈ ခုနှစ်၊ ဧပြီလမှစ၍ ထုတ်ချေးပေးလျက်ရှိပါသည်။ ချေးငွေအား နှစ်တိုချေးငွေ ၃ နှစ် ၊ နှစ်ရှည်ချေးငွေ ၅ နှစ်သတ်မှတ်ပြီး နှစ်တိုချေးငွေအတွက် ကျပ်သိန်း(၅၀၀) အထိ၊ နှစ်ရှည်ချေးငွေအတွက် ကျပ်သိန်း(၅၀၀၀)အထိ ထုတ်ချေးပေးလျက်ရှိပါသည်။ အတိုးနှုန်းမှာတစ်နှစ်လျှင် ၉ ရာခိုင်နှုန်းဖြစ်ပြီး ငွေချေးယူသူ၏ ငွေချေးယူမှုရာဇဝင်၊ ပိုင်ဆိုင်မှု၊ လုပ်ငန်းသဘာဝနှင့် လုပ်ငန်းပမာဏ၊ ဝင်ငွေပြန်လည်ရရှိမှု၊ အာမခံတင်သွင်းနိုင်မှုတို့အပေါ်စိစစ်၍ ချေးငွေသက်တမ်း၊ ဆိုင်းငံ့ကာလနှင့် ချေးငွေပမာဏကို သတ်မှတ်ထုတ်ချေးပေးလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလကုန်ထိ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာချေးငွေကို မြို့နယ်ပေါင်း (၉၆) ခုတွင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူ

၆၀၀ ဦးသို့ ငွေကျပ် ၆၃၂၆ သန်းကျော် ထုတ်ချေးထားပြီး ဖြစ်ပါသည်။ ချေးငွေအတွက် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)မူရင်း၊ မွေးမြူရေးလုပ်ငန်း (သို့မဟုတ်) စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသောလုပ်ငန်းများဖြစ်ပါက လန (၃၉) ၊ ပုံစံ (၁၀၅) ၊ (၁၀၆) မူရင်းနှင့် ငွေချေးယူလိုသူနှင့်ပူးတွဲအာမခံသူ(၂)ဦး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံအဖြစ် တင်သွင်းရမည်ဖြစ်ပါသည်။ ချေးငွေအတွက် အာမခံပစ္စည်း လုံလောက်စွာမပေးနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းနှင့် ဆက်သွယ်၍ ချေးငွေအာမခံစနစ် (Credit Gurantee Insurance) ဖြင့် လျှောက်ထားနိုင်ပါသည်။ ကျပ်သိန်း(၂၀၀)ထက်ပိုသော ချေးငွေဖြစ်ပါက မီးအာမခံ၊ ဘဏ်ရှေ့နေနှင့် ဘဏ်ရာဖြတ် အစီရင်ခံစာတို့ကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ ချေးငွေရယူလိုသူများသည် ၎င်း၏အမြဲတမ်းနေထိုင်ရာမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲသို့မဟုတ် နီးစပ်ရာဘဏ်ခွဲတွင် စုံစမ်း၍ ချေးငွေများအား လျှောက်ထားနိုင်ပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)၊ အမှတ်၂၆/ ၄၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း - ၀၁ ၃၉၁၂၃၅ ၊ Fax - ၀၁ ၃၈၁၇ဝ၃ တို့တွင်လည်း စုံစမ်းနိုင်ပါသည်။ 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်