ဝက်မကြီးများတွင် အဖြစ်များသော နို့ရှိန်ဖျားရောဂါ

19/01/2022 10:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်မကြီးများ ဝက်ကလေးတွေအတွက် နို့မချပဲ ဝက်ကလေးတွေသေဆုံးတတ်တာမျိုး ကြုံဖူးကြပေလိမ့်မည်။ ဝက်ငယ်လေးများ နို့မရသဖြင့် ဂဏာမငြိမ်ဖြစ်ကာ နို့ဦးရေ မသောက်ရခြင်း၊ ဝမ်းလျှောခြင်း၊ နို့ငတ်ခြင်းဖြစ်ကာ သေဆုံးတတ်ကြပါသည်။

အဓိကအားဖြင့် MMA ဆိုတာ သားအိမ်ရောင်၊ နို့အုံရောင်၊ နို့ခမ်းနို့ရှိန်ဖျားခြင်း စတဲ့လက္ခဏာစုပင် ဖြစ်သည်။ Metritis (သားအိမ်ရောင်)၊ Mastitis (နို့အုံရောင်)၊ Agalactia (နို့ခမ်း၊နို့နည်း)ဖြစ်သည့် ရောဂါလက္ခဏာစုပင် ဖြစ်သည်။

ရောဂါလက္ခဏာသည် သားမွေးပြီး ၁၂နာရီမှ  ၇၂နာရီအတွင်း တွေ့ရများသော လက္ခဏာစုပင် ဖြစ်သည်။ အဓိကအားဖြင့် ဘက်တီးရီးယားပိုးများ၊ နို့ရည်ပြုဂလင်းများ၊ နို့အုံများ သို့မဟုတ် သားမွေးလမ်းကြောင်းမှ တဆင့် ဝင်ရောက်တတ်သဖြင့် နို့အုံ၊ သားအိမ်များရောင်ကာ နို့ခမ်းခြင်း၊ နို့ရှိန်ဖျားခြင်းများ ဖြစ်တတ်ပါသည်။

ဝက်မတွင်တွေ့ရသော လက္ခဏာများမှာ-

- ဖျားခြင်း ၊ ဝမ်းချုပ်ခြင်း၊

- အစားအသောက် ပျက်ခြင်း၊

- နို့အုံကြီးနေခြင်း၊ မာနေခြင်း၊ လက်ဖြင့် ထိကြည့်လျှင် နာနေခြင်း၊

- နို့မထွက်ခြင်း၊ နို့ထွက်ပုံမမှန်ခြင်း၊

- မအင်္ဂါတန်ဆာမှ သွေးပြည်များ ကျနေခြင်း၊ အနံ့ဆိုးများထွက်ခြင်းများ တွေ့ရတတ်ပါသည်။

ဝက်ငယ်များတွင် တွေ့ရသော လက္ခဏာများမှာ-

- ဂဏှာမငြိမ်ဖြစ်ခြင်း ၊

- နို့မစို့ရသဖြင့် ပျော့နေခြင်း၊ တုန်နေခြင်း၊

- အားအင်နည်းပါးလာခြင်း ၊

- ဝမ်းလျှောခြင်း၊

- နောက်ဆုံး နို့ငတ်၍ သေဆုံးတတ်ပါသည်။ သေနှုန်း ၄၀%မှ ၆၀% ရှိတတ်သည်။

ကာကွယ်ခြင်း

- ဝက်မကြီးအား မမွေးခင်၂ပတ်အလိုတွင်  မွေးဖွားခန်းသီးသန့်ထားရှိခြင်း၊ မွေးဖွားခန်းအား သန့်ရှင်းစေခြင်း ပြုလုပ်ပေးရပါမည်။

- လုံလောက်သော အစာရေစာ ပေးထားရပါမည်။ မမွေးခင် ဝမ်းမချုပ်စေရန် အစာနှင့်တွဲဖက်၍ အစာစိမ်းများလည်း ကျွေးသင့်ပါသည်။ 

- သားမွေးဆောင်အနီး ထိရှနိုင်သော အရာဝတ္တုများ မထားရပါ။ 

- မွေးဖွားစဉ်မှာ အညစ်အကြေးများ သန့်ရှင်းအောင် လုပ်ပေးရပါမည်။ မဖြစ်မနေ လက်ကူပြီး မွေးဖွားရလျှင် လက်ကို ဆပ်ပြာပိုးသတ်ဆေးရည်များဖြင့် စနစ်တကျ ပြုလုပ်ပြီးမှ ဆောင်ရွက်သင့်ပါသည်။

- သားမွေးပြီးပါက သားအိမ်အတွင်း ပဋိဇိဝပိုးသတ်ဆေးတောင့် ထည့်ပေးခြင်း၊ တန်ဆာပတ်ဝန်းကျင် သန့်ရှင်းအောင်လည်း ဆောင်ရွက်ပေးသင့်ပါသည်။

ကုသပေးခြင်း

ဝက်မကြီးအား ပဋိဇိဝဆေး၊ အရောင်ကျဆေးများ၊ ဟိုမုန်းဆေးများကို  ကျွမ်းကျင်သော တိကုဆရာဝန်များ၏အကူအညီ ရယူဆောင်ရွက်ခြင်းဖြင့် ဝက်ငယ်သေဆုံးမှု နည်းပါးကာ စီးပွားရေးတွက်ခြေကိုက်ပေမည်။

Ref, Dr.Myat Lin Vet ၏ “MMA Syndrome “အကြောင်း မှ ကောက်နှုတ် ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်