ဝက်မကြီးများတွင် အဖြစ်များသော နို့ရှိန်ဖျားရောဂါ

19/01/2022 10:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်မကြီးများ ဝက်ကလေးတွေအတွက် နို့မချပဲ ဝက်ကလေးတွေသေဆုံးတတ်တာမျိုး ကြုံဖူးကြပေလိမ့်မည်။ ဝက်ငယ်လေးများ နို့မရသဖြင့် ဂဏာမငြိမ်ဖြစ်ကာ နို့ဦးရေ မသောက်ရခြင်း၊ ဝမ်းလျှောခြင်း၊ နို့ငတ်ခြင်းဖြစ်ကာ သေဆုံးတတ်ကြပါသည်။

အဓိကအားဖြင့် MMA ဆိုတာ သားအိမ်ရောင်၊ နို့အုံရောင်၊ နို့ခမ်းနို့ရှိန်ဖျားခြင်း စတဲ့လက္ခဏာစုပင် ဖြစ်သည်။ Metritis (သားအိမ်ရောင်)၊ Mastitis (နို့အုံရောင်)၊ Agalactia (နို့ခမ်း၊နို့နည်း)ဖြစ်သည့် ရောဂါလက္ခဏာစုပင် ဖြစ်သည်။

ရောဂါလက္ခဏာသည် သားမွေးပြီး ၁၂နာရီမှ  ၇၂နာရီအတွင်း တွေ့ရများသော လက္ခဏာစုပင် ဖြစ်သည်။ အဓိကအားဖြင့် ဘက်တီးရီးယားပိုးများ၊ နို့ရည်ပြုဂလင်းများ၊ နို့အုံများ သို့မဟုတ် သားမွေးလမ်းကြောင်းမှ တဆင့် ဝင်ရောက်တတ်သဖြင့် နို့အုံ၊ သားအိမ်များရောင်ကာ နို့ခမ်းခြင်း၊ နို့ရှိန်ဖျားခြင်းများ ဖြစ်တတ်ပါသည်။

ဝက်မတွင်တွေ့ရသော လက္ခဏာများမှာ-

- ဖျားခြင်း ၊ ဝမ်းချုပ်ခြင်း၊

- အစားအသောက် ပျက်ခြင်း၊

- နို့အုံကြီးနေခြင်း၊ မာနေခြင်း၊ လက်ဖြင့် ထိကြည့်လျှင် နာနေခြင်း၊

- နို့မထွက်ခြင်း၊ နို့ထွက်ပုံမမှန်ခြင်း၊

- မအင်္ဂါတန်ဆာမှ သွေးပြည်များ ကျနေခြင်း၊ အနံ့ဆိုးများထွက်ခြင်းများ တွေ့ရတတ်ပါသည်။

ဝက်ငယ်များတွင် တွေ့ရသော လက္ခဏာများမှာ-

- ဂဏှာမငြိမ်ဖြစ်ခြင်း ၊

- နို့မစို့ရသဖြင့် ပျော့နေခြင်း၊ တုန်နေခြင်း၊

- အားအင်နည်းပါးလာခြင်း ၊

- ဝမ်းလျှောခြင်း၊

- နောက်ဆုံး နို့ငတ်၍ သေဆုံးတတ်ပါသည်။ သေနှုန်း ၄၀%မှ ၆၀% ရှိတတ်သည်။

ကာကွယ်ခြင်း

- ဝက်မကြီးအား မမွေးခင်၂ပတ်အလိုတွင်  မွေးဖွားခန်းသီးသန့်ထားရှိခြင်း၊ မွေးဖွားခန်းအား သန့်ရှင်းစေခြင်း ပြုလုပ်ပေးရပါမည်။

- လုံလောက်သော အစာရေစာ ပေးထားရပါမည်။ မမွေးခင် ဝမ်းမချုပ်စေရန် အစာနှင့်တွဲဖက်၍ အစာစိမ်းများလည်း ကျွေးသင့်ပါသည်။ 

- သားမွေးဆောင်အနီး ထိရှနိုင်သော အရာဝတ္တုများ မထားရပါ။ 

- မွေးဖွားစဉ်မှာ အညစ်အကြေးများ သန့်ရှင်းအောင် လုပ်ပေးရပါမည်။ မဖြစ်မနေ လက်ကူပြီး မွေးဖွားရလျှင် လက်ကို ဆပ်ပြာပိုးသတ်ဆေးရည်များဖြင့် စနစ်တကျ ပြုလုပ်ပြီးမှ ဆောင်ရွက်သင့်ပါသည်။

- သားမွေးပြီးပါက သားအိမ်အတွင်း ပဋိဇိဝပိုးသတ်ဆေးတောင့် ထည့်ပေးခြင်း၊ တန်ဆာပတ်ဝန်းကျင် သန့်ရှင်းအောင်လည်း ဆောင်ရွက်ပေးသင့်ပါသည်။

ကုသပေးခြင်း

ဝက်မကြီးအား ပဋိဇိဝဆေး၊ အရောင်ကျဆေးများ၊ ဟိုမုန်းဆေးများကို  ကျွမ်းကျင်သော တိကုဆရာဝန်များ၏အကူအညီ ရယူဆောင်ရွက်ခြင်းဖြင့် ဝက်ငယ်သေဆုံးမှု နည်းပါးကာ စီးပွားရေးတွက်ခြေကိုက်ပေမည်။

Ref, Dr.Myat Lin Vet ၏ “MMA Syndrome “အကြောင်း မှ ကောက်နှုတ် ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်