(၁) Green Way အနေဖြင့် သတင်းကဏ္ဍအပါအဝင် လက်တွေ့နှင့်ပိုမိုသက်ဆိုင်သည့်သတင်းဆောင်းပါးများ ပိုမိုတင်ဆက်လိုသည့်အတွက် ပြင်ပသတင်းနှင့်ဆောင်းပါးများ ဖိတ်ခေါ်ခဲ့ရာ လူငယ်အချို့ထံမှ သတင်းနှင့်ဆောင်းပါးများ ရောက်ရှိလာပါသည်။
(၂) ပေးပို့လာသူများအနေဖြင့် သတင်းရေးသားမှုပိုင်း အတွေ့အကြုံအားနည်းမှုများကြောင့် အခက်အခဲများ ရှိနေသည်ကို တွေ့ရ၍ Green Way က သတင်းနှင့်ဆောင်းပါးများ ယူနည်း၊ ရေးနည်းများနှင့် သတင်းဓာတ်ပုံတွင် ပါသင့်သည့်အချက်များကို အခမဲ့ သင်ကြားပေးသွားပါမည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် -
(၁) ဖြစ်နိုင်ပါက အကြောင်းအရာ တစ်ခုကို ရေးသားပြီး ပူးတွဲပေးပို့စေလိုပါသည်။ ယင်းကဲ့သို့ ရေးလာသည့်အကြောင်းအရာကို သင်တန်းတွင် တစ်ခါတည်း အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးပြီး ပြည့်စုံသည့်သတင်းဆိုပါက Green Way App တွင် ဖော်ပြသွားပါမည်။ ( သတ်မှတ်စာမူခ ချီးမြှင့်သွားမည်ဖြစ်ပါသည်။)
(၂) သင်တန်းကို zoom app ဖြင့် သင်ကြားသွားမည်ဖြစ်ပြီး လျှောက်ထားသူများကို join ရမည့် link ကြိုတင်ပေးပို့ပေးသွားမည်ဖြစ်ပါသည်။
သင်တန်းရက် - ၇.၄.၂၀၂၂ (ကြာသပတေး) (မနက် ၁၀ - ၁၂ နာရီ)
၈.၄.၂၀၂၂ (သောကြာ) (မနက် ၁၀ - ၁၂ နာရီ)
သင်ကြားမည့်သူ - ကိုဇင်ဘိုလွင် (Content Manager, Greenovator Co.,Ltd.)
စိုက်ပျိုး/မွေးမြူရေးနယ်ပယ်မှ မည်သူမဆို သင်တန်းတက်ရောက်နိုင်ပြီး ကိုယ်ရေးအကျဉ်းနှင့်တကွ [email protected] သို့ e-mail ပို့ လျှောက်ထားနိုင်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more