အာဟာရချို့တဲ့(သို့) ပိန်တဲ့ မိခင်တစ်ဦးက မိခင်နို့ကောင်းစွာထုတ်လုပ်နိုင်လား...

30/12/2022 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာနိုင်ငံတွင် အဓိကအယူအဆလွဲများမှာ အာဟာရချို့တဲ့သော (သို့မဟုတ်) ပိန်သော မိခင်တစ်ဦးသည် မိမိကလေးအတွက် မိခင်နို့ကောင်းစွာမထုတ်လုပ်နိုင်ဟု ထင်လေ့ရှိခြင်းဖြစ်သည်။

တကယ်တော့ မမှန်ကန်ပါ။ အစာကို လုံလောက်စွာနှင့် အမျိုးစုံလင်စွာစားသုံးခြင်းဖြင့် မိခင်သည် ပိန်နေခြင်း (သို့မဟုတ်)​ အာဟာရချို့တဲ့ခြင်းဖြစ်နေစေကာမူ လိုအပ်သောမိခင်နို့ကို ကလေးအတွက် လုံလုံလောက်လောက် ရရှိေစပြီး မိခင်နှင့် ကလေးအတွက် အာဟာရပြည့်ဝအောင် အထောက်အပံ့ပေးနိုင်သည်။

မိခင်နို့တွင် ပါဝင်သော အဆီ၊ အသားနှင့် ကစီဓာတ်ပါဝင်မှုတို့သည် တစ်ဦးနှင့်တစ်ဦးများစွာ တူညီလေ့ရှိသည်။ မိခင်၏အစားအစာသည် ကလေးအတွက် မိခင်နို့အရည်အသွေးတွင်ပါဝင်သည့် အဆီပမာဏ၊ ရေတွင်ပျော်ဝင်သော ဗီတာမင်များရရှိနိုင်မှုကို သက်ရောက်စေသည်။

နို့တိုက်ခြင်းအဆင့်ဆင့်၊ ကလေးအသက်အပြင် နို့တိုက်နေစဉ်အတောအတွင်း မိခင်နို့တွင် အာဟာရပါဝင်မှုတို့သည်လည်း ပြောင်းလဲမှု ဖြစ်ပေါ်လေ့ရှိသည်။ မိခင်၏အာဟာရအခြေအနေ မည်သို့ပင်ဖြစ်စေကာမူ မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်နို့အစားထိုးအရာများ သို့မဟုတ် အခြား အစာများထက် ကလေး၏ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးအတွက် အမြဲပိုမိုကောင်းမွန်သည်။

မိခင်နို့အရည်အသွေးနှင့် ၎င်း၏ကျန်းမာရေးနှင့် အာဟာရအခြေအနေကို ထိန်းသိမ်းရန်အတွက် နို့တိုက်မိခင်များသည် အစားကို အမျိုးစုံစွာနှင့် ပမာဏကို ပိုမိုစားသုံးသင့်သည်။

၎င်းတို့၏နေ့စဉ်အစာတွင် ကြယ်လေးပွင့်ပါဝင်သော အစာများဖြစ်သည့် တိရစ္ဆာန်ထွက် ခန္ဓာကိုယ်ကြီးထွားစေသောအစာများ (အသား၊ ငါး၊ ဥနှင့် နို့ထွက်ပစ္စည်းများ အပင်ထွက် ခန္ဓာကိုယ်ကြီးထွား စေသောအစာများ (ပဲအမျိုးမျိုး၊ မြေပဲနှင့် အစေ့အဆန်များ)၊ အင်အားဖြစ်စေသောအစာ (ဆန်နှင့် ခခေါက်ဆွဲများ) နှင့် ရောဂါကာကွယ်စေသောအစားအစာ (လိမ္မော်သီး၊ အနီရောင်အသီးအရွက်များနှင့် အစိမ်းရင့်ရောင်ရှိသောအရွက်များအပါအဝင် ဗီတာမင်အေများစွာပါဝင်သော အသီးအရွက်များ) စားသုံးသင့်ပါသည်။

ကြယ်လေးပွင့်အစားအစာများအကြောင်း သိလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၁)

https://bit.ly/3Gq5W0C

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၂)

https://bit.ly/3CbaghH

#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်