ဘာလို့ ညဘက်မှပွင့်တာလဲ ညမွှေးပန်းလေးရေ..

15/02/2022 17:00 PM တွင် နန်းအောင် နန်းအောင် မှ ရေးသား

ညလေပြေထဲမှာ ပျံ့သင်းလာတဲ့ ရနံ့လေးတွေရဲ့ သယ်ဆောင်ရာနောက်ကို လိုက်သွားမိရင် တခါတရံ ညမွှေးပန်းလေးတွေကို တွေ့ရပါလိမ့်မယ်..။ 

အဖြူရောင်ပွင့်ဖတ်လေးတွေနဲ့ အဆုပ်လိုက် အဆုပ်လိုက်ပွင့်နေပြီး အီနေအောင်မွှေးလှတဲ့ အဲ့ဒီချစ်စရာ ညမွှေးပန်း သင်းသင်းလေးတွေက ဘာလို့ညဘက်မှ ပွင့်ကြရတာလဲ..??

ဖြူဖြူမွှေးမွှေးလေးတွေနဲ့ဆိုပေမယ့် သူတို့မှာလည်း အဆိပ်ကလေးတွေနဲ့ဗျ..။

ဆိုတော့.. အိမ်တွင်း အလှစိုက်အပင်လေးတွေအဖြစ်လည်း စိုက်လို့ရတဲ့.. ညမွှေးပန်းလေးတွေအကြောင်း ပြောပြမယ်နော်..။

ကျွန်တော်တို့တွေဟာ နေ့ခင်းဘက်မှာ ပန်းများ အရောင်အသွေးစုံလင်စွာနဲ့ လှလှပပ ဖူးပွင့်နေတာကို မြင်ဖူးကြပေမဲ့  ညဘက်မှာပါ လှလှပပ ဖူးပွင့်နိုင်တာကိုရော တွေးဖူးပါသလား။ ပန်းပွင့်အများစုကတော့ နေကျသွားချိန်၊ အပူချိန်ကျသွားချိန်ဆိုရင် ပြန်ပြီးဖူးငုံသွားကြတယ်ဗျ။ ဆိုလိုချင်တာကဗျာ ဥယျာဉ်ခြံ မျက်နှာစာ ရှေ့မှာ ညဘက်ပိုင်း အလှလျော့သွားတာပေါ့ဗျာ။ ညဘက်ပိုင်းမှာဆိုရင် လရောင်ခြည်က ရိုက်ခက်လာတဲ့ အလင်း ရောင်နဲ့ ညပိုင်းဖူးပွင့်ကြတဲ့ ပန်းတွေရဲ့ အရောင်အသွေးစုံလင်ပြီးပန်းရနံ့များမွှေးကြိုင်နေမယ် ဆိုတဲ့ စိတ်ကူး လေးနဲ့တင်ကို စိတ်ချမ်းသာစရာပါ။ 

ကဲ ဒီတော့ အဓိကအကြောင်းကို ဆက်မယ်ဗျာ ...

ညဘက်မှာပွင့်တဲ့ ပန်းတွေကရံဖန်ရံခါ ပိုပြီးမွှေးနေခြင်းရဲ့ အဓိကအချက်ကတော့ ညဘက်ပိုင်းမှာ ဝတ်မှုန်ကူးပေးကြတဲ့ အင်းဆက်လေးတွေကို ဝတ်မှုန်ကူးဖြစ်စဉ်အတွက် ဆွဲဆောင်ဖို့လိုအပ်တဲ့ အချက်ကြောင့် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ညဘက်ပိုင်းပွင့်တဲ့ ပန်းတော်တော်များများက အဖြူရောင်များပါတယ်။ ဘာလို့လဲဆိုရင် ညဘက်ပိုင်း ဝတ်မှုန်ကူးအင်းဆက် တို့ကို ပိုပြီးဆွဲဆောင်နိုင်တဲ့ အချက်ကြောင့်ပဲဖြစ်ပါတယ်။

ညဘက်မှာပွင့်တဲ့ပန်းတွေကတော့ …

• ညမွှေးပန်း

• နှင်းပန်း

• ညနေခင်းနှင်းဆီ

• ပဒိုင်းပန်း

• ဆေးရွက်ကြီးပန်း

• မဉ္ဇူပန်းပင် တို့ဖြစ်ပါတယ်။

ဆိုတော့ … ညမွှေးပန်းက ဘာလို့ညမှာ ပွင့်ကြတာလဲ ?

ညမွှေးပန်းပင်က အခြားပန်းပင်တွေလိုပဲ နေ့ခင်းဘက်မှာ နေရောင်ခြည်နဲ့ ထိတွေ့ပြီး ပန်းပွင့်စေတဲ့ ဟော်မုန်းကို ထုတ်ပါတယ်။ ၎င်းဟော်မုန်းကို ဖလော်ရီဂျင် ( florigen) လို့ခေါ်ပြီး နေ့ခင်းဘက်မှာပဲ အရွက်ကနေ ပန်းပွင့်မယ့် အဖူးလေးတွေဆီကို ရွှေ့ပြောင်းကြတဲ့ အလုပ်ကိုလုပ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ အဖူးလေးတွေဆီမှာ ဖလော်ရီဂျင်ဟော်မုန်းများ စုလာပြီး ညဘက်ပိုင်းကျမှ ပန်းပွင့်ကြတာဖြစ်ပါတယ်တဲ့..။

 ညမွှေးပန်းက နေရောင်ခြည်ရရှိမှု တစ်ရက်ကို အနည်းဆုံး လေးနာရီတော့လိုအပ်ပါတယ်။ သူ့ရဲ့ ရနံ့ သင်းလေးကြောင့်လူသိများကြပြီး နေ့ခင်းပိုင်းမှာထက် ညဘက်မှာဆို ပိုပြီး မွှေးပါတယ်။ ဆေးရွက်ကြီးပင်ရဲ့ ပန်းပွင့်လည်းအတူတူပါပဲ။ ညဘက်မှာ သူ့ရဲ့ အနံ့က ပိုပြီးပြင်းပါတယ်။

ညမွှေးပန်းနဲ့ ပတ်သက်ပြီး မေးလေ့ရှိကြတဲ့ မေးခွန်းအချို့ကိုပါ ဖော်ပြပေးလိုပါတယ်။

ညမွှေးပန်းက နှစ်တစ်နှစ်ရဲ့ ဘယ်ကာလမှာ ပွင့်ကြတာလဲ ?

ညမွှေးပန်းရဲ့ အဓိကအချက်ဖြစ်တဲ့ ရနံ့က ဂျူလိုင်လကနေ အောက်တိုဘာလအတွင်း ပိုပြီး သိသိသာသာ မွှေးပါတယ်။ အဲ့ဒီကာလအတွင်းမှာတော့ ထပ်ခါထပ်ခါပွင့်ကြတာကိုတွေ့ရပါတယ်။

ညမွှေးပန်းမှာ ကျရောက်တတ်တဲ့ ဖျက်ပိုးက ဘာတွေလဲ ?

အဓိက ကျရောက်လေ့ရှိတာကတော့ စုပ်စားပိုးဖြစ်တဲ့ ပျ ဖြစ်ပါတယ်။ ပျ ဖျက်ဆီးမှုပုံစံကတော့ အပင် ရည်တွေကိုစုပ်စားကြပါတယ်။ တစ်ခြားအရွက်တွေကို ကိုက်စားကျတဲ့ အင်းဆက်ပိုးမွှား တွေလည်းရှိပါတယ်။

ညမွှေးပန်းက အဆိပ်ရှိသလား ?

အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ညွှန်ကြားချက်များအရ ညမွှေးပန်းက လူတွေအတွက် အဆိပ်ဖြစ်နိုင်တယ်လို့ ယူဆထုတ်ပြန်ထားပါတယ်။ ပန်းပွင့်၊ အရွက်၊ အသီး အပါအဝင် အပင်အစိတ်အပိုင်း တော်တော်များများ နို့တိုက်သတ္တဝါတွေအတွက် အဆိပ်ဖြစ်စေနိုင်ပါတယ်။ 

ကဲ.. ဒီလောက်ဆိုရင် ညဘက်ပိုင်းမှာ ပွင့်ကြတဲ့ ပန်းများနဲ့ ညမွှေးပန်းအကြောင်းကို ဗဟုသုတ အနေနဲ့ အနည်းငယ် သိရှိသွားမယ်လို့ ယုံကြည်မျှော်လင့်ပါတယ် ။

https://askinglot.com/why-does-night-blooming-jasmine-bloom-at-night

https://moviecultists.com/does-night-blooming-jasmine-only-bloom-at-night

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်