စီးပွားရေးတွက်ခြေကိုက်သော ကမာကောင်မွေးမြူနည်း

22/08/2022 10:09 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကမာကောင်(Oyster)များသည် ရေချိုရေငန်စပ်တွင်နေထိုင်ကြသော အခွံမာရေသတ္တဝါ (Crustaceans) များ ဖြစ်ကြသည်။

ရေအောက်ကျောက်ဆောင်များနှင့် အခိုင်အမာနေရာများတွင် မှီတွယ်ပြီး အခွံနှင့်တွယ်ဆက်ကာ နေထိုင်ကြီးပြင်းကြသည့် ရေနေ သတ္တဝါတစ်မျိုး ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ရေငန်နှင့် ရေချိုရေငန်စပ် ရွှံ့စေးမြေဆန်သည့် မြစ်ဝကျွန်းပေါ်ဒေသများရှိ မြစ်ချောင်းများတွင် ကမာများ မျိုးပွားနေထိုင်လျက်ရှိကြသည်ကို တွေ့ရှိရသည်။

ကမ္ဘာပေါ်တွင် ကမာမျိုးစိတ်ပေါင်း (၂၀၀) ကျော်ရှိသည့်အနက် မြန်မာနိုင်ငံတွင် မျိုးစိတ် (၃)မျိုးကိုသာ တွေ့ရှိရပြီး လူကြိုက်များသည့် တန်ဖိုးကြီးရေထွက်ကုန်များတွင် ပါဝင်နေသည်။

အခွံမာရေသတ္တဝါဖြစ်သည်နှင့်အညီ ကမာကောင်များသည် အစာစားသောက်ရန် ၄င်းတို့၏အခွံကို ဒီရေစီးသည့်အချိန် ဟထားပြီး ဒီရေနှင့် အတူပါလာသည့် သတ္တမျှောလှေးကောင်များကို စားသုံးကြသည်။

အရွယ်ရောက်ကမာကောင်များသည် မျိုးပွားရာသီ ရောက်ရှိပါက ပြင်ပသန္ဓေအောင်ခြင်းနည်းဖြင့် မျိုးပွားကြကာ သန္ဓေအောင်သားလောင်းများသည် ရေစီးအတိုင်းမျောပါပြီး နီးစပ်ရာကျောက်ဆောင်၊ ကျောက်သား အခိုင်အမာနေရာများတွင် တွယ်ကပ်၍ ကြီးထွားကြပါသည်။ 

ကမာ ၁ ကောင် အရွယ်ရောက်ကြီးထွားရန် အချိန် ၁ နှစ်ခန့်ကြာမြင့်ပြီး အရွယ်အစားအားဖြင့် အခွံ ၆ လက်မ ဗြက်အကျယ်ခန့်ရှိလျှင် အရွယ်ရောက်သည်ဟု သိရသည်။

ကမ္ဘာပေါ်တွင် အခွံမာရေသတ္တဝါမျိုးစိတ်များကို သဘာဝမှ ထုတ်ယူခြင်းထက် မွေးမြူခြင်းမှ ထုတ်လုပ်နေကြပြီ ဖြစ်ပါသည်။ သို့သော် ထိုသို့ ကမာသားပေါက်များ ထုတ်လုပ်မွေးမြူခြင်းကို ဖွံ့ဖြိုးတိုးတက်ပြီးသောနိုင်ငံများတွင်သာ ပြုလုပ်နိုင်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၌မူ သဘာဝမှရရှိသည့် မျိုးသားပေါက်၊ သားလောင်းများကိုသာ မွေးမြူလျက်ရှိကြသည်ကို တွေ့ရသည်။ 

ထိုနည်းစနစ်မှာ ကုန်ကျစရိတ်သက်သာစေပြီး တန်ဖိုးမြင့်ကမာမျိုးစိတ်များကို ထုတ်လုပ်နိုင်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း တစ်ပိုင်တစ်နိုင် ရေလုပ်သားများ ဆောင်ရွက်နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ရခိုင်ဒေသ ကမာကောင်မွေးမြူရေး

  • ယခုအခါ ရခိုင်ဒေသ၌ ကမာများ မွေးမြူနေကြပြီ ဖြစ်ပါသည်။ ထိုဒေသတွင် ကမာများကို နှစ်စဥ် ဒီဇင်ဘာလမှ မေလအထိ သဘာဝရေပြင်မှ ရှာဖွေပြီး ထုတ်ယူစားသုံးနိုင်ကြပါသည်။
  • ရခိုင်ဒေသသည် ရေချိုရေငန်စပ်လည်းဖြစ်၊ ဒီရေတောလည်း ထူပြောသဖြင့် ကမာကိုသားဖောက်ရန်မလိုဘဲ သဘာဝအတိုင်း မျိုးကောင်ငယ်များကို အလွယ်တကူ ရရှိနိုင်သည်။
  • ဒီရေတောအတွင်း ဗြူးခြေထောက်အပင်များ၌ ကမာမျိုးကောင်ငယ်များ တွယ်ကပ်နေတတ်ကြပြီး ချောင်းများ၌ ဖောင်ဖွဲ့၍ Floating Cage Culture System ဖြင့် ခရုကမာ၊ ကျောက်ငါးများကို တွဲဖက်မွေးမြူနိုင်ပါသည်။
  • ရခိုင်ဒေသ၌ ကမာမွေးရာတွင် ပထမဦးစွာ သစ်နှင့်ဝါးကို ဖောင်ဖွဲ့ရသည်။
  • ဖောင်၏ အလယ်တွင် (၉ × ၉ × ၉)ပေ အရွယ်အစားရှိသောကန်ကို ပြုလုပ်ထားရှိပြီး ၄င်းကန်၌ ကျောက်ငါး(grouper)များကို ထည့်သွင်းမွေးမြူထားရှိပါသည်။ 
  • ရခိုင်ဒေသတွင် ကျောက်ငါးမျိုးကို အနီးဝန်းကျင်ရှိ ပိုက်ဘဝန်းရေလုပ်သားများထံမှ(၅-၁၀)ကျပ်သားအရွယ်ကို အရှင်အတိုင်းဝယ်ယူရရှိနိုင်သည်ဟု သိရပါသည်။ 
  • ကျောက်ငါး(ခေါ်)ငါးတောက်တူငါးသည် အစားကြူးသည့်ငါးမျိုးဖြစ်ပြီး စေတီခရု၊ ကဏန်းများကို ထုခွဲကျွေးပေးနိုင်ပါသည်။
  • (၄-၅) လခန့် မွေးမြူထားလျှင် ၅၀ ကျပ်သားအရွယ်ရောက်လာပြီး စျေးကွက်သို့ တင်ပို့နိုင်ပါသည်။
  • ယခုအခါ ရခိုင်ဒေသတွင် ကျောက်ငါးနှင့် ကမာတွဲဖက်မွေးမြူရေးကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေကြပြီး ဖောင်၏အလယ်တွင် ကျောက်ငါးများအားမွေးမြူထားပြီး ဖောင်ပတ်လည်တွင် ကမာကောင်လေးများ တွယ်ကပ်စရာများကို ကြိုးဖြင့် တွဲလောင်းချိတ်ဆွဲထားကြပါသည်။ 
  • တာယာကွင်းအဟောင်းများ၊ အုတ်ကြွပ်အပိုင်းအစများအပြင် အနေတော် ကျောက်ခဲများကို ပိုက်နှင့်ထုတ်လျက် ချိတ်ဆွဲထားကြခြင်း ဖြစ်ပါသည်။
  • ၂ လခန့်ကြာသည့်အခါ ကမာမျိုးကောင်ငယ်များ အလိုအလျောက်ရောက်လာတွယ်ကပ်နေတတ်ကြသည့်နည်းဖြင့် မွေးမြူကြခြင်း ဖြစ်သည်။
  • နောက်တစ်နည်းမှာ ဘိလပ်မြေကို(၄×၄.၅)လက်မအရွယ် ပြုလုပ်ပြီး ကြိုးနှင့်သီလျက် ၄င်းတွင်ခရုကမာ (၂-၃)လက်မအရွယ်များကို မဆလာဖြင့် ကပ်ရပါသည်။ မဆလာဖြင့်ကပ်ရာတွင် ကမာ၏အညှာဖက်က ကပ်ပေးရပါသည်။
  • ကမာမျိုးကောင်ငယ်များကို ဒီရေတောအတွင်း ဗြူးပင်များမှ ခွာယူရပါသည်။ ထိုသို့ခွာယူရာတွင် ညင်သာဖို့ လိုအပ်ပါသည်။
  • (၄×၄.၅)လက်မ ကွန်ကရစ်တုံးတစ်တုံးတွင် ကမာမျိုးကောင်ငယ်တစ်ကောင်သာကပ်ပြီး ဖောင်မှနေ၍ တွဲလောင်းချိတ်ဆွဲထားရသည်။
  • ၂ လခန့်ကြာလျှင် သဘာဝအတိုင်းနောက်ထပ်လာရောက်တွယ်ကပ်မှုများ ရှိတတ်သဖြင့် မူလတစ်ကောင်ထက်မက ပိုမိုပွားလာသည်ကို တွေ့ရှိရသည်။
  • အားရစရာထူးခြားချက်တစ်ခုမှာ ကမာမွေးမြူထားခြင်းသည် အစာကျွေးရန်မလိုအပ်ခြင်း ဖြစ်ပါသည်။ 
  • ၄င်းအပြင် ကမာမျိုးကောင်ငယ်များ အလိုအလျောက်လာပြီး တွယ်ကပ်တတ်သဖြင့် ရောင်းတန်းဝင်အရွယ်အစားများကို ဖော်ယူရောင်းချလိုက်၊ အသစ်တစ်ဖန်တွယ်ကပ်လာသည်ကို စောင့်မွေးထားလိုက်ဖြင့် ကမာမွေးမြူရေးမှာ အမြဲမပြတ် လည်ပတ်နေမည် ဖြစ်ပါသည်။
  • ကမာမျိုးစေ့(၂-၃)လက်မ အရွယ်အစားကို တစ်ကောင်လျှင် (၁၅၀-၂၀၀)ကျပ်ဖြင့် ဝယ်ယူရရှိနိုင်သည်။
  • ထိုကမာများကို ၂ နှစ်ခန့်မွေးမြူပြီးပါက တစ်ကောင်ကို ၁၅၀ဝ ကျပ်ခန့် စျေးနှုန်းရကြပါသည်။ 

ကမာကောင်များသည် အငန်နှုန်း ၁၅ မှ ၂၅ ppt အထိရှိသည့် ရေချိုရေငန်စပ်ဒေသများ၊ ရွှံ့စေးမြေဆန်သည့်ဒေသများ၌ အောင်မြင်ဖြစ်ထွန်းကြီးထွားမြန်သည်ဟု သိရှိရပါကြောင်း ကမာမွေးမြူရေးအကြောင်းကို လေ့လာ ရေးသားလိုက်ရပါသည်။

 Ref:ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်