၂၀၂၂ ခုနှစ်အတွင်း ဆန်စပါးလောက အခြေအနေ

05/01/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆန်စပါးဈေးတွေကတော့ ၂၀၂၂ ခုနှစ်အတွင်း စံချိန်တင်ဈေးမြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အလားတူ သွင်းအားစုဈေးတွေအားလုံးကလည်း စံချိန်တင်မြင့်တက်ခဲ့တာပဲ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဆန်ချောတွေဖြစ်တဲ့ ပေါ်ဆန်း(ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပုသိမ်၊ နယ်စုံ)တို့က တစ်အိတ်ကို ၄၃၀၀၀ ကနေ ၅၀၀၀၀ ကြား ပေါက်ဈေးရှိရာကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာတော့ တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၅၀၀၀ ကြား အရောင်းအဝယ်ရှိခဲ့ပါတယ်။

 

ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်နဲ့ ၂၅ မှတ်ဆန်တို့ကလည်း ၂၀၂၁ ခုနှစ်က တစ်အိတ်ကို အမြင့်ဆုံးဈေး ၂၃၅၀၀ သာ ရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ တစ်အိတ်ကို အမြင့်ဆုံးဈေး ၄၇၀၀၀ ထိ မြင့်တက်ခဲ့တာ ဖြစ်လို့ ဈေးက နှစ်ဆလောက်ဖြစ်သွားခဲ့တာပါ။

ပထမတန်းစားစပါးတွေ ဖြစ်တဲ့ ပေါ်ဆန်းစပါးတွေကလည်း ၂၀၂၁ က တင်း ၁၀၀ ကို အမြင့်ဆုံးဈေး ၉ သိန်းခွဲအထိသာ ရှိခဲ့ရာကနေ ၂၀၂၂ မှာတော့ ၁၆ သိန်းလောက်အထိ မြင့်တက်ခဲ့ပါတယ်။ ဒုတိယတန်းစား စပါးတွေကလည်း ၂၀၂၁ က အမြင့်ဆုံးဈေး ၆၈၀၀၀၀ ခန့်သာရှိခဲ့ရာကနေ ၂၀၂၂ မှာတော့ တင်း ၁၀၀ ကို ၁၃ သိန်းထိ မြင့်တက်လာခဲ့ပါတယ်။

ဈေးနှုန်းတွေမြင့်တက်ခဲ့ပေမဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စိုက်ဧကတွေတော့ ပိုလျော့လာခဲ့ပြီး မြေဩဇာဈေးနှုန်းကြီးမြင့်လွန်းပြီး ပြည့်ပြည့်ဝဝ မသုံးစွဲနိုင်ခဲ့တာကြောင့် ထွက်နှုန်းတွေလည်း လျော့ကျ ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉-၂၀၂၀ ရာသီ မိုးစပါး၊ နွေစပါးစိုက်ပျိုးမှုက စုစုပေါင်း ၁၇ ဒသမ ၃၁ ဧက ထိ ရှိခဲ့ပေမယ့် ၂၀၂၀-၂၀၂၁ ခုနှစ်မှာတော့ မိုးစပါးနွေစပါးစိုက်ပျိုးမှုက ဧက ၁၇ သန်းထိလျော့ကျခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမှာတော့ ပိုပြီးတော့တောင် လျော့ကျသွားနိုင်တယ်လို့ ကုန်သည်အများစုက ခန့်မှန်းထားပါတယ်။

ပြည်တွင်းဝယ်ယူစားသုံးသိုလှောင်မှု များပြားလာခြင်းကလည်း ဆန်စပါးဈေးမြင့်တက်လာခြင်းတွေထဲက အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ နေရာအနှံ့အပြား မီးပြတ်မှုတွေကြောင့် ဆန်စက်တွေ ကုန်ကျ စရိတ်မြင့်တက်တာ၊ သယ်ယူပို့ဆောင်စရိတ် မြင့်တက်တာတွေကလည်း  စပါးဈေးတွေ မြင့်တက်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဓာတ်မြေဩဇာဈေးကလည်း ၂၀၂၁ ခုနှစ်ကတည်းက မြင့်တက်နေခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ပုလဲ ၁ အိတ်ကို ၁၃၀၀၀၀ အထက်ထိတောင် ဈေးမြင့်တက်ခဲ့ပါတယ်။ (လက်ရှိမှာတော့ ပုလဲ မြေဩဇာဈေးတွေဟာ ကျပ် ၄၀၀၀၀ လောက် ဈေးပြန်ကျသွားပြီလို့ သိရပါတယ်။ ဒါပေမဲ့ ကွန်ပေါင်း မြေဩဇာတွေကတော့ ထူးထူးခြားခြားဈေးပြန်မကျဘဲ ၁၃၀၀၀၀ နဲ့ ၁၄၀၀၀၀ ကြားမှာပဲရှိနေကာ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေလည်း သိသိသာသာ ဈေးပြန်မကျဘူးလို့ သိရပါတယ်) ထွန်စက်ခ၊ ရိတ်သိမ်းခြွေလှေ့စက်ခတွေလည်း ဈေးတွေမြင့်တက်ခဲ့လို့ ထုတ်လုပ်ကုန်ကျစရိတ်ဟာလည်း နှစ်ဆ နီးပါးဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမြန်မာ့ဆန်ကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရုတ်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့ နေပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အများဆုံးတင်ပို့နေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး စာရင်း များအရသိရပါတယ်။ တင်ပို့မှုကလည်း ၂၀၂၁ ခုနှစ်နဲ့ယှဉ်ရင်  ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၁ သိန်း ၂ သောင်းကျော် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။

အချုပ်အားဖြင့်ဆိုရင်တော့ ၂၀၂၂ ခုနှစ်အတွင်းမှာ ၂၀၂၁ နဲ့ယှဉ်ရင် ဆန်စပါးဈေးတွေ မြင့်တက်ခဲ့တယ် ဆိုပေမဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်လွန်းတာ၊ အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာတာတွေနဲ့ ယှဉ် ရင်တော့ သိသာတဲ့အကျိုးအမြတ်မျိုး မရှိခဲ့ဘူးလို့ လယ်သမားတွေထံက သိရပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) က ပေးပို့လာသည့် တစ်နှစ်တာ အတွင်း ဈေးကွက်သုံးသပ်ချက်ကို ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်