ငရုတ်စိုက်ပျိုးသူများ ခဲဓာတ်ပါဝင်မှုကို သတိပြုရန် လိုအပ်

05/02/2021 11:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

      ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ခဲဓာတ်ပါဝင်မှုကို သတိပြုရန် လိုအပ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

အခုရက်ပိုင်းအတွင်းမှာလေးတင် မြန်မာ့ငရုတ်သီးတချို့မှာ ခဲဓာတ်ပါဝင်မှုများလို့ဆိုပြီး တရုတ်ဘက်ကို ငရုတ်သီးတင်ပို့ခွင့် အရောင်းအဝယ် ခေတ္တရပ်နားမယ်ဆိုပြီး ဖြစ်ခဲ့ပါသေးတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ မှာတော့ ပြန်လည်ခွင့်ပြုလိုက်ပြီလို့ ကြားသိရပါတယ်။ ခဲဓာတ်ပါဝင်မှုက မြေဩဇာတွေမှာ၊ မြေကြီးထဲမှာလည်း ရှိနေတတ်ပါတယ်။ ဒါတွေကို တောင်သူတွေအနေနဲ့ သိရှိထားဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ ထုတ်လုပ်ရာမှာလည်း ခဲဓာတ်ပါဝင်မှု များလား နည်းလား၊ တောင်သူတွေ မသိနိုင်ပါဘူး။

ဟု အရှေ့မြောက်တံခါး ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးစိုးမိုးဂျူလှိုင်က ပြောသည်။

      ခဲဓာတ်ပါဝင်မှု မြင့်မားနိုင်စေသော အကြောင်းအရင်းများအနေဖြင့် မြေကြီးအတွင်း ခဲဓာတ်များနေခြင်း၊ စိုက်ပျိုးရေးသုံးဆေးများ သုံးစွဲမှုလွန်ကဲခြင်း၊ သုံးရေများတွင် ခဲဓာတ်ပါဝင်မှု များနေခြင်း၊ ခဲဓာတ်ပါသော ရေပိုက်များကို တပ်ဆင်သုံးစွဲခြင်း၊ တာရှည်ခံဆေးများကို အသုံးပြုခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးနှင့် ဓာတ်မြေဩဇာများ သုံးစွဲရာတွင် ခဲဓာတ်ပါဝင်မှုများသည့် ဆေးများကို အသုံးပြုကြခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။

သတ္တုဓာတ်တွေက သဘာဝအလျောက် မြေဆီလွှာအတွင်း တည်ရှိလျက်ရှိပါတယ်။ စက်မှုလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ခဲဓာတ်ကို တူးယူအသုံးပြုနေကြတာက နှစ်များစွာကြာရှည်ခဲ့ပြီ။ သတ္တုဓာတ်များစွာ ရှိတဲ့အနက် တချို့ သတ္တုဓာတ်တွေက လူသားတွေကို သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်စနစ်နဲ့ဖြစ်စေ အကျိုးပြုလုပ်ငန်းစေတာမျိုးလည်း ရှိပါတယ်။

ဟု ဦးစိုးမိုးဂျူလှိုင်က ဆက်လက်ပြောသည်။

        ခဲဓာတ်၊ ပြဒါးဓာတ်၊ ကတ်ဒမီယမ်၊ ခရိုမီယံ၊ ငွေ၊ အာဆင်းနစ်ဓာတ် တို့သည် လူတို့၏ ခန္ဓာကိုယ် အတွင်း ပမာဏအများအပြားရောက်ရှိပါကမူ ကျန်းမာရေးကို ထိခိုက်စေတတ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်