ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား

14/11/2024 09:55 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 

 

မိမိငါးမွေးကန်သည် ရေရရှိနိုင်သော၊ ရေသွယ်၍ လွယ်ကူနိုင်သော မြစ်၊ ချောင်းများ၊ ရေသွယ်မြောင်းများမှ တစ်နှစ်ပတ်လုံး ရေရရှိနိုင်ရမည့်အပြင်၊ ၎င်းနေရာများတွင် ရေပေါများစွာရှိသောနေရာနှင့် နီးစပ်သောနေရာ ဖြစ်ရမည်။

မိမိငါးကန် ရေလိုအပ်သောအချိန်တွင် ရေသွင်းနိုင်သောနေရာ ဖြစ်ရမည်။

မိုးရေကိုအသုံးပြုပြီး ရေရရှိခြင်းဆောင်ရွက်မှု မဖြစ်စေရ၊ မိုးရေမရရှိသောအချိန်တွင် ငါးမွေးကန်အတွင်း ရေရရှိမှုနည်းပါးပြီး ငါးများသေဆုံးနိုင်သည်။

ရေသွင်းယူခြင်း လွယ်ကူပြီး ကန်ရေပြန်ထုတ်သောအချိန်တွင်လည်း လွယ်ကူရမည်။ ရေစစ်ကန် တူးဖော်ပြီး ၎င်းရေစစ်ကန်မှ ရေကို ငါးကန်သို့ လွှဲပြောင်းရယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့မှာသာ ငါးရိုင်းများ ပါဝင်မှု မရှိသည့်အပြင် ရွှံ့နှစ်ရေများလည်း မပါဝင်နိုင်ပါ။

မြေနေရာရွေးချယ်ပြီး ငါးမွေးမြူရန် ကန်တူးဖော်ရပါမည်။ ငါးလုပ်ငန်းဦးစီးဌာန ငါးမွေးမြူရေးဥပဒေတွင် မိသားစု တစ်ပိုင်တစ်နိုင် မွေးမြူနိုင်ရန်အတွက် (၅၀x၂၅) ပေထက် မကျော်လွန်သော ရေပြင်တွင် ငါးမွေးမြူခြင်းကို လိုင်စင်ကင်းလွတ်ခွင့် ပြုထားပါသည်။ ထို့ကြောင့် (၅၀x၂၅) ပေထက် ရေပြင် မကျယ်သော ငါးမွေးကန်အား တူးဖော်စေလိုပါသည်။

၎င်းကန်တူးဖော်ရန်အတွက် -

  • ပန္နက်ရိုက် မှတ်သားပါ။
  • အကျယ်၏ အပြင်ဘက် ပတ်ပတ်လည် (၂) ပေခွာတွင်၊ ကန်ဖိနပ်အတွက် ထပ်မံပန္နက်ရိုက်ပါ။
  • ပေ (၅၀x၂၅) ပန္နက်တွင်းမှ မြေကိုတူးပြီး ကန်ဖိနပ်အတွက်ထားသော (၂) ပေအကျယ်၏ အပြင်ဘက်သို့ မြေဖို့ပေးပါ။ ကန်ဘောင်ပြုလုပ်ခြင်းဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်