ဆောင်းရာသီတွင်ဖြစ်တတ်သော ကြက်ကျောက်နှင့် သန်ကောင်ရောဂါကို ကာကွယ်ကုသနည်းများ

28/11/2022 17:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဆောင်းရာသီဝင်လာမှုနှင့်အတူ ရာသီအကူးအပြောင်းကြောင့် ဖျားနာသူများရှိလာသည်။ ထို့အတူ မွေးမြူရေးတိရစ္ဆာန်များတွင်လည်း ရာသီအလိုက်ဖြစ်တတ်သောရောဂါများ ရှိပါသည်။ ယင်းတို့အထဲမှ ကြက်မွေးမြူသူများအတွက် ဆောင်းရာသီကာလတွင် အဖြစ်များသော ကြက်ရောဂါများအကြောင်းကို သိရှိစေရန်အလို့ငှာ လေ့လာရေးသားဖော်ပြပေးလိုက်ပါသည်။

၁။ ကြက်ကျောက်ရောဂါ

ကြက်ကျောက်ရောဂါသည် ရာသီဥတုပြောင်းချိန် အထူးသဖြင့် မိုးအကုန်ဆောင်းဝင်စ ဆောင်း တွင်းကာလများတွင် အဖြစ်များပါသည်။

ရောဂါလက္ခဏာများမှာ-

  • ကြက်မျက်လုံး၊ မျက်နှာ၊ ပါးပျဉ်း၊ နှုတ်ခမ်းထောင့်များပေါ်တွင် အနာဖုများတွေ့ရတတ်ပြီး အရပ်အခေါ် “နှင်းသီး”ဟု ခေါ်ကြပါသည်။

ရောဂါအမျိုးအစားများ

  • အရေပြားပေါ်တွင် ဖြစ်တတ်သော အခြောက်အမျိုးအစားနှင့်
  • အာခေါင်၊ မျက်လုံးတွင်ဖြစ်တတ်သော အစိုအမျိုးအစားဟူ၍ (၂)မျိုးရှိပါသည်။

ကုသနည်း

  • အရေပြားပေါ်တွင် ဖြစ်တတ်သော အခြောက်အမျိုးအစားကို Chikusan ဆေးဖြင့် သုတ်လိမ်းပေးပါက ပျောက်ကင်းနိုင်ပါသည်။
  • အာခေါင်၊ မျက်လုံးတွင်ဖြစ်တတ်သော အစိုအမျိုးအစားမှာ ကုသရခက်ခဲပြီး ဗိုင်းရပ်စ်ဖြစ်၍ ကူးစက်မြန်ပါသည်။
  • ထို့ကြောင့် Chikusan တိုက်ကျွေးခြင်းဖြင့် ကိုယ်ခံအားမြှင့်ပေးရန်လိုအပ်ပါသည်။

၂။ ကြက်သန်ကောင်ရောဂါ

ကြက်သန်ကောင်ရောဂါမှာ ခြံလှောင်မွေးသော ဥစားကြက်နှင့် အသားစားကြက်များတွင် အဖြစ်များပါသည်။

ရောဂါဖြစ်ပွားသည့် အကြောင်းရင်း

  • Ascaridia-galli (ခေါ်)သန်လုံးကောင်ရောဂါမှာ  ကြက်၏အစာလမ်းကြောင်းတစ်လျှောက် အူလမ်းကြောင်းပိတ်ဆို့ကုန်သည်အထိဖြစ်စေပြီး သေကြေဆုံးရှုံးနိုင်ပါသည်။

ရောဂါလက္ခဏာများ

  • ကြက်၏အူအတွင်း အရွယ်ရောက်ပြီးသန်ကောင်များ စွဲကပ်ပါက အစာချေဖျက်နိုင်စွမ်းကျပြီး ကြက်ထံမှ အာဟာရကို သန်ကောင်က ရယူစားသုံးခြင်းကြောင့် ကြက်များကြီးထွားနှုန်းနှေးခြင်း၊ထုတ်လုပ်မှု ကျဆင်းခြင်း၊ ကိုယ်ခံစွမ်းအားကျခြင်းနှင့် သေဆုံးခြင်းများဖြစ်နိုင်ပါသည်။

ကုသနည်း

  • အရွယ်ရောက်ပြီး ကြက်တစ်ကောင်လျှင် ဘောစကိုင်းရွက် အစိမ်း(၂)ဂရမ်( ဇီးသီးခန့်)ကို တစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် ၂ ရက်ဆက် တိုက်ကျွေးခြင်းဖြင့် သန်ချနိုင်သည်။
  • ဘောစကိုင်းရွက်၊ နာနတ်ရွက်တို့ကို အမှုန့်လုပ်၍ ကြက်စာတွင် ထည့်သွင်းကျွေးမွေးခြင်းဖြင့်လည်း ကုသနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်