အိန္ဒိယ၊ တရုတ် ဝယ်လိုအားတွေနဲ့အတူ စံချိန်တင် မြင့်တက်နေတဲ့ ပဲဈေးများ

28/04/2023 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အိန္ဒိယဘက်သို့ အဓိကပို့ကုန်အဖြစ်ရှိနေတဲ့ မတ်ပဲ၊ ပဲစင်းငုံဈေးတွေဟာ ဒီတစ်ပတ်ထဲမှာတော့ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ စံချိန်တင်ဈေးတွေကိုပါ ချိုးသွားတဲ့အထိ မြင့်တက်ခဲ့သလို တရုတ်ဘက်က ဝယ်ယူမှုရှိနေတဲ့ ပဲတီစိမ်းဈေးဟာလည်း မြင့်တက်လာခဲ့ပါတယ်။

မတ်ပဲ

မတ်ပဲက ပိတ်ရက်အပြီးကတည်းက ဈေးတွေမြင့်တက်နေတာဖြစ်ပြီး ဒီတစ်ပတ်မှာတော့ မမျှော်မှန်း ထားတဲ့ ဈေးတန်းတစ်ခုထိကို ရောက်သွားတာပါ။

အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့် အိန္ဒိယနိုင်ငံတွင်းမှာပါ ဈေးတွေက မြင့်တက်နေခဲ့တာဖြစ်ပြီး ပဲ တင်သွင်းတင်ပို့သူတွေရဲ့ ဈေးကစားသိုလှောင်တာတွေကြောင့်လည်း ဈေးက ဆက်တိုက်မြင့်တက်နေ တာဖြစ်တယ်လို့ အိန္ဒိယအစိုးရပိုင်း တာဝန်ရှိသူတွေဘက်က ပြောဆိုထားကြောင်း အိန္ဒိယသတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် သိုလှောင်ဈေးကစားတာတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်အရေးယူမယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ထားကာ စိစစ်ဆောင်ရွက်နေပေမယ့် အိန္ဒိယဘက်ကို ပဲအဝင်နည်းတာ၊ မုတ်သုံကြောင့် ပဲ အထွက်နှုန်း လျော့နည်းတာတွေက ဈေးတွေကို ပိုမိုမြင့်တက်နေစေခဲ့တာ ဖြစ်တယ်လို့လည်း AMIA က ဆိုထားပါတယ်။

ဒီနေ့ ဧပြီ ၂၈ ရက်မှာတော့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်(၃၁.၁ တင်းခန့်) ကို ၂၁၈၃၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ယခုတစ်ပတ်အတွင်း တစ်တန်ကို ၁၁၃၀၀၀ ကျော် ဈေးမြင့်တက် လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်(ပိဿာ ၆၀)ကို ၂၀၈၀၀၀ ကနေ ၂၀၈၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၅၀၀ လောက် ဈေးမြင့်တက်ပါတယ်။

မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာလည်း မတ်ပဲ က တစ်တင်း(ပိဿာ ၂၀) ကို ၆၆၀၀၀ ကနေ ၆၉၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ကနေ ၃၀၀၀ ကြား ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဈေးကွက်ထဲ ပဲမရှိပေမယ့်  ဈေးတွေကတော့ အမြင့်ဈေးတွေနဲ့ဖွင့်ထားတယ်လို့ ပဲကုန်သည်တွေထံကနေ သိရပါတယ်။ ကြိုက်ရောင်းကြိုက်ဝယ်အနေအထားမှာ ရှိနေပြီး အမှန် တကယ် ငွေလိုအပ်နေသူများမှသာ ထုတ်ရောင်းမှုတွေ လုပ်ကြတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ ပိတ်ရက်အပြီးမှာတော့ ဈေးက အကျဈေးနဲ့ ရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မတ်ပဲနည်းတူ ဈေး အနည်းငယ်ပြန်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၄၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၃၂၀၀၀ ရှိပြီး ၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။

နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာနဲ့ အောင်လံဈေးကွက်တွေမှာတော့ တစ်တင်းကို ၇၇၀၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ လောက် ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးတွေ မြင့်တက်နေပါတယ်။ တရုတ်ဝယ်ယူမှုလည်း ရှိနေပြီး အခြားပဲတွေ ဈေးမြင့်တက်လာတဲ့အတွက် ပဲတီစိမ်းကလည်း လိုက်ပါဈေးမြင့်တက်လာတာလို့ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၇၅၀ ကျပ်၊ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၅၈၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၂၁၅ ကနေ ၂၂၇၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်(ပိဿာ ၆၀)ကို ၁၈၅၀၀၀ ကနေ ၂၂၅၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၆၉၆၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀၀လောက် ဈေး မြင့်တက်လာပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၉၀၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးတက်လာတယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်