ဘုရားကန်ထဲပင် မရောက်သင့်သည့် 'လိပ်ပါးနီ'
ရွှေမြန်မာတို့သည် လိပ်မြင်တာနဲ့ အချို့မှာ မြင့်မြတ်သည့် သတ္တဝါသော်လည်းကောင်း၊ အချို့မှာ လိပ်တက်လျှင် လာဘ်တိတ်သည်ဆိုပြီးလည်းကောင်း လိပ်များကို ဘုရားကန်များ၊ ဘေးမဲ့ကန်နှင့် မြစ်ချောင်းများထဲသို့ ပို့ကြသည်။
လိပ်များသည် ဘုရားကန်များတွင်သာရှိသင့်သည်ဆိုသည့်အတွေးကို ဘယ်သူက ဘယ်လိုလက်ဆင့်ကမ်းခဲ့လည်းမသိ မြင်သမျှ ကုန်းလိပ်၊ ရေလိပ်မှန်သမျှ ဘုရားဘေးမဲ့ကန်ထဲ အကုန်ရောက်ကြပါတော့သည်။
စာရေးသူ ကျွန်တော် တစ်ခါတလေ ဘုရားသွားရင်း ဘေးမဲ့ကန်ကိုရောက်တိုင်း ကုသိုလ်ရချင်စိတ်အပြင် ဘာမှမမြင်တော့တဲ့ လူအချို့ အထူးသဖြင့် သက်လတ်ပိုင်း အဒေါ်ကြီးများ ငါးကန်အတွင်းသို့ လိပ်လွှတ်နေကြသည်ကို မြင်ဖူးသည်။ သို့သော် လွှတ်သည့်လိပ်မှာ ကုန်းလိပ်ကြီးဖြစ်နေပြီး ရေကန်အတွင်း ရေနစ်နေသည်ကို မသိဘဲ ကြည့်ရင်း ပီတိအပြည့်နှင့် ရှိသမျှ ဆုအကုန် Rapping ရွတ်သလို တောင်းနေသည့် မြင်ကွင်းက ဘေးကကြည့်နေရသူအဖို့ သွားတားရင်လည်း ကုသိုလ်ယူနေတာကို ဖျက်သည်ဆိုပြီး ပြောခံရပေဉီးမည်။
ကန်ထဲဆင်းပြီး လိပ်ကယ်ချင်ပေမဲ့ ဂေါပကနှင့် နှစ်ပါးသွားရမှာကိုတွေးမိပြီး ဒေါသထွက်ရကာ ဘုရားသွားမိတိုင်း ကုသိုလ်မရဘဲ အကုသိုလ်သာရခဲ့ပြီး လှည့်ပြန်ခဲ့ရပေါင်းလည်း မနည်းတော့ပါ။
ယင်းကဲ့သို့ လိပ်များကိုဘေးမဲ့ပေးသည့်အခါ ပြည်တွင်းမှ မျိုးရင်းလိပ်များကို လွှတ်လျှင် ပြဿနာမရှိသော်လည်း လိပ်ပါးနီခေါ် Red Eared Slider Turtle များကို လွှတ်ခြင်းကိုမူ ရှောင်သင့်သည်။ အဆိုးဆုံးမှာ ဘုရားဘေးမဲ့ကန်ထဲသို့ လွှတ်ခြင်းမဟုတ်ပဲ သဘာဝ အင်းအိုင်၊ ကန်၊ ချောင်း နှင့် မြစ်များအတွင်းသို့ လိပ်ပါးနီများကို ဘေးမဲ့ပေးခြင်းဖြစ်သည်။ အကြောင်းအရင်းများကို မဆွေးနွေးခင် လိပ်ပါးနီများအကြောင်း လေ့လာကြည့်ကြပါစို့..။
လိပ်ပါးနီ Red Eared Slider ဆိုသည်မှာ..

လိပ်ပါးနီ- Red Eared Slider ၊ သိပ္ပံအမည် - Trachemys scripta elegans များမှာ ရေလိပ်အမျိုးအစားဖြစ်ပြီး ဇာတိမှာ အမေရိကန်နိုင်ငံ မစ္စစပီမြစ်၊ မက္ကဆီကိုပင်လယ်ကွေ့၊ ကော်လိုရာဒိုပြည်နယ် အရှေ့တောင်ပိုင်းမှ ဗာဂျီးနီးယားနှင့် ဖလော်ရီဒါပြည်နယ်အနှံ့ နေထိုင်ကြပြီး နွေးထွေးသည့် အပူပိုင်းဒေသမှ အင်းအိုင်၊ ကန်၊ စမ်းချောင်းများနှင့် ရေစီးနှေးသည့်မြစ်များအတွင်း ကျက်စားကြသည်။
လိပ်ပါးနီများသည် သူတို့၏ပါးဘေးတွင်ထင်ရှားသည့် အနီစင်းရှိပြီး ခန္ဓာကိုယ်မှာ ကုန်းပေါ်တက် နေပူစာလှုံသည့်အနေအထားမှ ရန်သူတွေ့လျှင် လျင်မြန်စွာ ရေထဲလျှောဆင်းနိုင်ရန် ဖွဲ့စည်းထားသောကြောင့် Red Eared Slider ဟု အမည်ပေးထားခြင်းဖြစ်သည်။
အရွယ်ရောက်လိပ်ပါးနီတစ်ကောင်သည် ၈ လက်မခန့်ရှိနိုင်သည်ဟု ပြောထားသော်လည်း အကြီးဆုံးမှတ်တမ်းတင်ထားသည်မှာ ၁၆ လက်မအထိ ရှိသည်။ သက်တမ်း နှစ် ၃၀ အထိ ရှင်သန်နိုင်သည်။ အပူပိုင်းဒေသများမှာ နေထိုင်သော်လည်း ဆောင်းတွင်း လွန်စွာအေးသောအချိန်တွင် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို လျှော့ချကာ ဆောင်းခိုပြီး ဆောင်းဒဏ်ကို ကောင်းကောင်းကြီးခံနိုင်သည့် လိပ်မျိုးစိတ်ဖြစ်ပါသည်။
ကျူးကျော်မျိုးစိတ် လိပ်ပါးနီ

လိပ်ပါးနီများသည် ဈေးသက်သာပြီး မွေးမြူရလွယ်ကူသောကြောင့် အလှမွေးဈေးကွက်တွင် ကျော်ကြားသည်။ နိုင်ငံအများအပြားက တင်ပို့ပြီး ဈေးကွက်အတွင်း ရောင်းချကြသည်။ မြန်မာနိုင်ငံကိုလည်း လိပ်ပါးနီများသည် အလှမွေးငါးများနှင့် အတူတင်သွင်းခဲ့ပြီး ရောက်ရှိခဲ့သည်။
လိပ်ပါးနီများသည် အကြီးမြန်ပြီး အရွယ်ကြီးသည့်အခါ လူများကို နာကျင်အောင်တိုက်ခိုက်တတ်သောကြောင့် နောက်ဆုံးမှာ ဘေးမဲ့ကန်များနှင့် သဘာဝမြစ်ချောင်းများအတွင်းသို့ ရောက်ကြသည်မှာ မြန်မာနိုင်ငံအပြင် ဗြိတိန်နှင့် အခြားဖွံ့ဖြိုးပြီး နိုင်ငံကြီးများစွာ ပါဝင်သည်။ လိပ်ပါးနီများသည် ကမ္ဘာ့အဆိုးဆုံး ကျူးကျော်မျိုးစိတ် ၁၀၀ စာရင်းတွင် ပါဝင်သည်။ အခြားနိုင်ငံများတွင် လိပ်ပါးနီများကို တင်သွင်းမှု တင်းကြပ်စွာ ပိတ်ပင်ထားသော်လည်း မြန်မာနိုင်ငံအတွင်းသို့ လိပ်ပါးနီများသည် အပတ်စဉ် အရေအတွက်ထောင်ချီစွာ ဝင်ရောက်နေဆဲဖြစ်သည်။
လိပ်ပါးနီများသည် အခြားလိပ်များထက် အရွယ်ရောက်ချိန်စောပြီး သားပေါက်မြန်သည်။ အရွယ်အစားပိုမိုကြီးမား၍ ပိုမိုရန်လိုပြီး နယ်မြေယူတတ်သောကြောင့် ဒေသအတွင်းမှ မူလနေထိုင်သည့် လိပ်များအပေါ် တိုက်ခိုက်အနိုင်ယူနိုင်သည်။ လိပ်ပါးနီများသည် အသီးအရွက်သာမဟုတ် အသားငါးများကိုပါ အမဲလိုက်စားသုံးပြီး အလွန်အစားကြူးသောကြောင့် မျိုးရင်းလိပ်များအတွက် အစာရေစာ ရှားပါးလာနိုင်သလို၊ ရေနေသတ္တဝါမျိုးစိတ်အချို့ပါ မျိုးသုဉ်းနိုင်သည့် အန္တရာယ်ရှိသည်။
ခန္ဓာကိုယ်အတွင်း၌ ရောဂါများစွာ သယ်ဆောင်ပြီး မျိုးရင်းလိပ်များအပေါ် ကူးစက်စေသည့် Carrier များလည်း ဖြစ်သလို လိပ်ပါးနီများသည် လူများကို ပြင်းထန်စွာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်သည့် Samonella ခေါ် Bacteria ပိုးကို သယ်ယူကာ လူများကို ကူးစက်စေနိုင်သည်။
မြန်မာနိုင်ငံလို အပူပိုင်းဒေသများစွာရှိပြီး သတ္တဝါများ၏ အသက်ကို နုတ်ယူရန် ဝန်လေးကြပြီး ရည်ရွယ်ချက်ရှိရှိ ဘေးမဲ့ပါပေးကြသော ရွှေမြန်မာများနှင့် ပြည့်နှက်နေသည့် နိုင်ငံကိုရောက်လာသည့် လိပ်ပါးနီများကတော့ ဂေဟစနစ်အတွင်း အခြေချနေထိုင်သည့်အဆင့်ထိရောက်နေပြီး အရေအတွက်မှာ နေ့စဉ် တိုးပွားလာနေပြီဖြစ်သည်။
မြန်မာနိုင်ငံအတွင်း မျိုးသုဉ်းလုနီးအန္တရာယ်ကျရောက်နေသည့် လိပ်မျိုးစိတ်ပေါင်းများစွာရှိရာ လိပ်ပါးနီများသည် ထိုလိပ်များ အပြီးပိုင်ပျောက်ကွယ်ရန် ဖိအားပေးမည့် လိပ်မျိုးများဖြစ်ပြီး အနာဂတ်တွင် မျိုးရင်းလိပ်များအစား လိပ်ပါးနီများကိုသာ မြင်တွေ့တော့မည်ဖြစ်သည်။
ထို့ကြောင့် လိပ်ပါးနီများကို အလှမွေးကြသူများသည် အဆုံးထိ တာဝန်ယူတတ်ကြဖို့လိုပြီး ကုသိုလ်ဖြစ်ဘေးမဲ့ပေးသူများမှာ လိပ်ပါးနီကို ဘေးမဲ့ပေးခြင်းအားရှောင်ကြဉ်သင့်သလို ဂေဟစနစ်အတွင်း ဖမ်းဆီးရမိပါက မျိုးတုန်းလုနီး နိုင်ငံ့မျိုးရင်း လိပ်များကို ကာကွယ်နိုင်ရန် လိပ်ပါးနီများကို သုတ်သင်ရှင်းလင်းဖို့ လိုအပ်ပါသည်။
Article By Shin Paing @ Piscey Wang
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဂေဟစနစ်
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Shin Paing @ Piscey Wang
အားလုံး
ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့ကိုတော်လှန်ခဲ့ကြတဲ့ သူရဲကောင်းမိကျောင်းကြီးတို့အကြောင်း
23/08/2023
ရေမြောင်းများသည် အမှိုက်ပုံးမဟုတ်...
03/08/2023
လူသိနည်းသေးသည့် ကျူးကျော်မျိုးစိတ်များရဲ့ အန္တရာယ်
26/07/2023
ငါးလွှတ်ကုသိုလ်ယူတယ်ဆိုပေမဲ့ အခြားတစ်ဘက်ခြမ်းမှာတော့...
10/07/2023
အင်းလျားကန် (သို့) အလှမွေးငါးမွေးကြသူများရဲ့ အကြီးဆုံးအမှိုက်ပုံကြီး
05/07/2023