ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု လျော့ကျခဲ့

07/03/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၁၉၁၄၀၄ မက်ထရစ်တန်သာရှိခဲ့ပြီး ဇန်နဝါရီလအတွင်း တင်ပို့မှုနဲ့ယှဉ်ရင် ၇၇၄၃၁ တန် လျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီလအတွင်းတုန်းက ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၀၂၂ ဧပြီလကစလို့ ၁၀ လအတွင်း အမြင့်ဆုံးထိဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာတော့ တင်ပို့တဲ့ကုမ္ပဏီ ၃ ခုတိုးလာပေမဲ့ တင်ပို့တဲ့ အရေအတွက်တော့ လျော့ကျသွားခဲ့တာပါ။ နောက်ဆုံး ၄ လအတွင်း အနည်းဆုံး တင်ပို့နိုင်မှုလည်း ဖြစ်ပါတယ်။

ပြည်ပဝင်ငွေအနေနဲ့တော့ ဇန်နဝါရီလနဲ့ယှဉ်ရင်  အမေရိကန်ဒေါ်လာ ၃၁ သန်းလျော့ကျသွားတာ ဖြစ်ပါတယ်။ 

ဆန်ကော၊ ဆန်ကွဲကော အများဆုံးတင်ပို့ခဲ့တာကတော့ အရင်လကအတိုင်း မပြောင်းလဲဘဲ တရုတ် နိုင်ငံပဲဖြစ်ပါတယ်။ ဆန်တင်ပို့တဲ့နိုင်ငံအရေအတွက်မှာတော့ ယခုလအတွင်း တစ်နိုင်ငံတိုးလာခဲ့ပြီး ဆန်ကွဲတင်ပို့တဲ့နိုင်ငံကတော့ တစ်နိုင်ငံလျော့ကျသွားတာတွေ့ရပါတယ်။

ဆန်ကွဲဝယ်ယူမှုထိပ်ဆုံး ၅ နိုင်ငံစာရင်းကတော့ အထက်အောက်အနည်းငယ်ပြောင်းလဲသွားတာက လွဲရင် နိုင်ငံတွေက အရင်လကအတိုင်း မပြောင်းလဲခဲ့ဘဲ ဆန်ဝယ်ယူမှုမှာတော့ အရင်လတွေတုန်း က အများအပြားဝယ်ယူလေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝယ်ယူမှုက ထိပ်ဆုံး ၅ နိုင်ငံ စာရင်းထဲမှာ တောင် ပါဝင်လာခြင်းမရှိတော့ဘူးလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကမ္ဘာ့ဆန်ဈေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဆက်တိုက်ဆိုသလို တက်နေခဲ့ပြီး လက်ရှိပြည်တွင်း ဆန်ဈေးကွက်မှာလည်း အတက်ဈေးတွေနဲ့သာ ငြိမ်နေတယ်လို့ ဈေးကွက်သတင်းဖော်ပြချက်တွေ အရ သိရပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယနိုင်ငံကတော့ ပြည်တွင်းဆန်ဈေးတည်ငြိမ်အောင် ဆက်လက်ထိန်း သိမ်းနိုင်ဖို့အတွက် ပြည်ပဆန်တင်ပို့မှုအပေါ် အခွန်တိုးမြှင့်ထားတာ၊ ပိတ်ပင်ကန့်သတ်ထားတာတွေ ကို ဆက်လက်ထားရှိသွားမယ်လို့ ပြောကြားထားပါတယ်။ ဒီလို ကန့်သတ်ပိတ်ပင်မှုတွေ ကြားထဲ ကတောင်မှ ၂၀၂၂ ခုနှစ်အတွင်း ပြည်ပဆန်တင်ပို့မှုဟာ စံချိန်တင်မြင့်တက်ခဲ့သေးတယ်လို့ သိရပါတယ်။

Photos Crd_MRF

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်