ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု လျော့ကျခဲ့

07/03/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၁၉၁၄၀၄ မက်ထရစ်တန်သာရှိခဲ့ပြီး ဇန်နဝါရီလအတွင်း တင်ပို့မှုနဲ့ယှဉ်ရင် ၇၇၄၃၁ တန် လျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီလအတွင်းတုန်းက ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၀၂၂ ဧပြီလကစလို့ ၁၀ လအတွင်း အမြင့်ဆုံးထိဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာတော့ တင်ပို့တဲ့ကုမ္ပဏီ ၃ ခုတိုးလာပေမဲ့ တင်ပို့တဲ့ အရေအတွက်တော့ လျော့ကျသွားခဲ့တာပါ။ နောက်ဆုံး ၄ လအတွင်း အနည်းဆုံး တင်ပို့နိုင်မှုလည်း ဖြစ်ပါတယ်။

ပြည်ပဝင်ငွေအနေနဲ့တော့ ဇန်နဝါရီလနဲ့ယှဉ်ရင်  အမေရိကန်ဒေါ်လာ ၃၁ သန်းလျော့ကျသွားတာ ဖြစ်ပါတယ်။ 

ဆန်ကော၊ ဆန်ကွဲကော အများဆုံးတင်ပို့ခဲ့တာကတော့ အရင်လကအတိုင်း မပြောင်းလဲဘဲ တရုတ် နိုင်ငံပဲဖြစ်ပါတယ်။ ဆန်တင်ပို့တဲ့နိုင်ငံအရေအတွက်မှာတော့ ယခုလအတွင်း တစ်နိုင်ငံတိုးလာခဲ့ပြီး ဆန်ကွဲတင်ပို့တဲ့နိုင်ငံကတော့ တစ်နိုင်ငံလျော့ကျသွားတာတွေ့ရပါတယ်။

ဆန်ကွဲဝယ်ယူမှုထိပ်ဆုံး ၅ နိုင်ငံစာရင်းကတော့ အထက်အောက်အနည်းငယ်ပြောင်းလဲသွားတာက လွဲရင် နိုင်ငံတွေက အရင်လကအတိုင်း မပြောင်းလဲခဲ့ဘဲ ဆန်ဝယ်ယူမှုမှာတော့ အရင်လတွေတုန်း က အများအပြားဝယ်ယူလေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝယ်ယူမှုက ထိပ်ဆုံး ၅ နိုင်ငံ စာရင်းထဲမှာ တောင် ပါဝင်လာခြင်းမရှိတော့ဘူးလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကမ္ဘာ့ဆန်ဈေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဆက်တိုက်ဆိုသလို တက်နေခဲ့ပြီး လက်ရှိပြည်တွင်း ဆန်ဈေးကွက်မှာလည်း အတက်ဈေးတွေနဲ့သာ ငြိမ်နေတယ်လို့ ဈေးကွက်သတင်းဖော်ပြချက်တွေ အရ သိရပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယနိုင်ငံကတော့ ပြည်တွင်းဆန်ဈေးတည်ငြိမ်အောင် ဆက်လက်ထိန်း သိမ်းနိုင်ဖို့အတွက် ပြည်ပဆန်တင်ပို့မှုအပေါ် အခွန်တိုးမြှင့်ထားတာ၊ ပိတ်ပင်ကန့်သတ်ထားတာတွေ ကို ဆက်လက်ထားရှိသွားမယ်လို့ ပြောကြားထားပါတယ်။ ဒီလို ကန့်သတ်ပိတ်ပင်မှုတွေ ကြားထဲ ကတောင်မှ ၂၀၂၂ ခုနှစ်အတွင်း ပြည်ပဆန်တင်ပို့မှုဟာ စံချိန်တင်မြင့်တက်ခဲ့သေးတယ်လို့ သိရပါတယ်။

Photos Crd_MRF

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်