ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု ၈ လအတွင်း အမြင့်ဆုံးရောက်

06/12/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၆၄၀၃၇.၆ မက်ထရစ်တန်ရှိခဲ့ပြီး ဒါဟာ ဧပြီလ ကစလို့ ပြီးခဲ့တဲ့ ၈ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စုစုပေါင်း ကုမ္ပဏီ ၄၁ ခုက တင်ပို့ခဲ့တာဖြစ်ပြီး ဆန်တင်ပို့မှု ၁၇၉၈၅၂.၆ မက်ထရစ်တန်၊ ဆန်ကွဲတင်ပို့မှု ၈၄၁၈၅ မက်ထရစ်တန်ဖြစ်တယ်လို့ သိရပါတယ်။ á€”á€šá€şá€…á€•á€şá€€á€”á€ąá€á€„á€şá€•á€­á€Żá€ˇá€™á€žá€Żá€Ÿá€Ź ၈၄၁၈၅ မက်ထရစ်တန်သာ ရှိခဲ့ပြီး ကျန်တဲ့ ၁၈၅၆၇၈.၆ မက်ထရစ်တန်ကိုတော့ သင်္ဘောနဲ့ပင်လယ်ဖြတ်ကျော်တင်ပို့ခဲ့တာပါ။

ပြည်ပဝင်ငွေအနေနဲ့တော့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၆ သန်းရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ စုစုပေါင်း ၁၆၃၁၈၈ မက်ထရစ်တန်သာတင်ပို့ပြီး ပြည်ပဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ သန်းသာ ရခဲ့တဲ့ အောက်တိုဘာလနဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၄၁ သန်း ပိုများလာတာဖြစ်ပါတယ်။

ဆန်တင်ပို့မှုအနေနဲ့ စုစုပေါင်း ၂၄ နိုင်ငံကို တင်ပို့ခဲ့ပြီး အများဆုံးတင်ပို့ခဲ့တဲ့နိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ကာ စုစုပေါင်း ၈၇၇၁၀ မက်ထရစ်တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ တရုတ်နိုင်ငံ ဖြစ်ပြီး စုစုပေါင်း ၄၉၆၈၅ မက်ထရစ်တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တတိယအများဆုံးအဖြစ်တော့ ဖိလစ်ပိုင်နိုင်ငံကို ၂၂၀၆၀ မက်ထရစ်တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ပြည်ပကနေ ဆန်ကွဲဝယ်ယူမှုအများဆုံးကတော့ ဥရောပတိုက်က ဘယ်လ်ဂျီယံနိုင်ငံဖြစ်ပြီး စုစုပေါင်း ၅၆၃၄၅ မက်ထရစ်တန် တင်ပို့ခဲ့ရပါတယ်။ တရုတ်နိုင်ငံဘက်ကိုတော့ ဆန်လိုပဲ ဒုတိယအများဆုံး တင်ပို့ ခဲ့ရပြီး စုစုပေါင်း ၂၃၇၅၀ မက်ထရစ်တန်ဖြစ်ပါတယ်။ ဆန်ကွဲတင်ပို့မှုအနေနဲ့တော့ စုစုပေါင်း ၁၀ နိုင်ငံသာ ရှိတာဖြစ်ပါတယ်။

#ပြီးခဲ့တဲ့မုတ်သုံရာသီမှာ ရာသီဥတုဖောက်လို့ အိန္ဒိယနိုင်ငံမှာ စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု ကျဆင်းခဲ့ တာကြောင့် အစိုးရက ပြည်ပဆန်တင်ပို့မှုအပေါ် တားဆီးကန့်သတ်မှုတွေပြုလုပ်လိုက်တဲ့အတွက် အခြား နိုင်ငံတွေဆီကနေ ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်တက်လာနေတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ဆန်တင်ပို့ ဈေးနှုန်းတွေဟာလည်း ပြီးခဲ့တဲ့တစ်ပတ်အတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးအထိ ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ 

Photos Crd_MRF

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်