ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု ဆက်လက်လျော့ကျ

09/08/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုဟာ ဧပြီလကစတင်တဲ့ ၂၀၂၃ - ၂၄ ဘဏ္ဍာနှစ် ပထမ လေးလအတွင်း အနိမ့်ဆုံးအထိ လျော့ကျသွားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဇွန်လနဲ့ယှဉ်ရင် ဆန်နှင့်ဆန်ကွဲတင်ပို့တဲ့ကုမ္ပဏီ ၅ ခုတိုးလာခဲ့ပေမဲ့ တင်ပို့တဲ့အရေအတွက်မှာတော့ လျော့ကျသွားတာပါ။ 

ဇူလိုင်လအတွင်း စုစုပေါင်း ဆန်တင်ပို့မှု ၂၁၇၆၂ မက်ထရစ်တန်နဲ့ ဆန်ကွဲတင်ပို့မှု ၃၆၅၇၂ တန်ရှိခဲ့တာဖြစ်ပြီး ပို့ကုန်ဝင်ငွေအနေနဲ့ တော့ အမေရိကန်ဒေါ်လာ ၂၆ သန်းရှိခဲ့ပါတယ်။

ဆန်အများဆုံးတင်ပို့ခဲ့တာကတော့ ၆၇၆၅ တန်တင်ပို့နိုင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ဖြစ်ပါတယ်။ အယ်နီညိုကြောင့် စပါးစိုက်ပျိုးနိုင်စွမ်းလျော့ကျသွားလို့ ပြည်တွင်းဖူလုံမှုအတွက် အိန္ဒိယက ဆန်အမျိုးအစားအချို့ တင်ပို့မှုပိတ်ပင်လိုက်တာကြောင့် ဆန်ရှားပါးမှု၊ ဈေးနှုန်းမြင့်တက်မှုတွေဖြစ်ပေါ်မှာကို စိုးရိမ်ပြီး ဖိလစ်ပိုင်က ဆန်တင်သွင်းမှုကို တိုးမြှင့်လုပ်ဆောင်နေတာပါ။

ဇူလိုင်လအတွင်း ဆန်ကွဲတင်ပို့မှုမှာတော့ ကာလအတန်ကြာ တင်ပို့မှုလျော့နည်းနေတဲ့ တရုတ်နိုင်ငံထံ တင်ပို့မှုအများဆုံးဖြစ်ခဲ့ပါတယ်။ ၁၈၅၄၂ တန် တင်ပို့ခဲ့တာပါ။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် (၂.၅) သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိရန် ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဘက်က ထုတ်ပြန်ထား တာ ရှိပါတယ်။ 

ဒါပေမဲ့ ဘဏ္ဍာနှစ်သုံးပုံတစ်ပုံကျိုးသွားပြီဖြစ်တဲ့ ပထမလေးလပတ်အတွင်းမှာတော့ ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့ နိုင်မှုဟာ လျာထားချက်ရဲ့  ၁၃ ရာခိုင်နှုန်းအောက်ပမာဏသာဖြစ်တဲ့ ၃၁၉၄၁၃ မက်ထရစ်တန်သာ တင်ပို့နိုင်သေးတာ ဖြစ်ပြီး ပို့ကုန်ဝင်ငွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ ၁၃၈ သန်းသာ ရရှိထားသေးတာဖြစ်တယ်လို့ သိရပါတယ်။

ယခု ဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှု အများဆုံးဖြစ်ခဲ့တာက မေလအတွင်းကဖြစ်ပြီး စုစုပေါင်း ၁၁၀၇၀၆ မက်ထရစ်တန်ထိ တင်ပို့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇွန်နဲ့ ဇူလိုင် နှစ်လဆက်မှာတော့ ဆန်နှင်ဆန်ကွဲတင်ပို့မှု သိသိသာသာ ပြန်လည်လျော့ကျသွားပါတယ်။

ဇွန် ၂၁ ရက်တုန်းကတော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က သိုလှောင်ရုံတစ်နေရာမှာ စပါးတင်း ၅၀၀၀ (သို့) ဆန်တန် ၅၀ အထက်ပိုပြီးသိုလှောင်မှုပါက စာရင်းပြုစု တင်ပြရန်နဲ့ ဒါနဲ့ပတ်သက်လို့ တိုင်းဒေသကြီး တချို့မှာ စတင်စာရင်းကောက်သွားတော့မယ်ဆိုပြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့တာရှိပါတယ်။

Photos Crd_ MRF

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်