အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
၆၅-၃၅ % စတင်အသက်ဝင်သည့် မတ်လအတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှု သိသိသာသာလျော့ကျ

၆၅-၃၅ % စတင်အသက်ဝင်သည့် မတ်လအတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှု သိသိသာသာလျော့ကျ

Green Way
Green Way • 05/04/2023

ပြီးခဲ့တဲ့မတ်လအတွင်း ပြည်ပသို့ ဆန်နဲ့ဆန်ကွဲတင်ပို့မှုဟာ ၁၆၁၅၀၉ မက်ထရစ်တန်သာရှိခဲ့ပြီး ဖေဖော်ဝါရီ တင်ပို့မှုနဲ့ယှဉ်ရင် ၂၉၈၉၅ မက်ထရစ်တန် လျော့ကျသွားခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၂၂ ဧပြီလကစလို့ ပြည်ပဆန်တင်ပို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့ရာမှာ ယခုနှစ်အစ ဇန်နဝါရီလအတွင်းမှာတော့ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၆၈၈၃၅ မက်ထရစ်တန်အထိ မြင့်တက်ခဲ့ပြီး ၁၀ လအတွင်း အမြင့်ဆုံးထိ မြင့်တက်သွားခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လကစလို့ တဖြည်းဖြည်း ပြန်ကျလာခဲ့ပြီး အခုလထဲမှာတော့ သိသိသာသာ လျော့ကျသွားတာ ဖြစ်ပါတယ်။

ပြည်ပဝင်ငွေအနေနဲ့တော့ ဖေဖော်ဝါရီလနဲ့ယှဉ်ရင်  အမေရိကန်ဒေါ်လာ ၁၁ သန်းလျော့ကျသွားတယ်လို့ သိရပါတယ်။ 

အထူးသဖြင့် ပုံမှန်ဆို ဆန်ကော၊ ဆန်ကွဲကော အများဆုံးတင်ပို့နေကျနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဘက်ကို တင်ပို့မှု သိသိသာသာလျော့ကျသွားခဲ့တာဖြစ်ပြီး ဆန်ကော၊ ဆန်ကွဲကော ဒုတိယအများဆုံးသာတင်ပို့ရာနိုင်ငံ ဖြစ်သွားခဲ့ပါတယ်။

ဆန်အများဆုံးတင်ပို့ခဲ့တဲ့နိုင်ငံကတော့ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး ဆန်ကွဲအများဆုံး တင်ပို့တဲ့နိုင်ငံကတော့ ဥရောပတိုက်က ဘယ်လ်ဂျီယံနိုင်ငံဖြစ်သွားတာပါ။

‘ပို့ကုန်တင်ပို့ခြင်းနဲ့ပတ်သက်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် တစ်ဖက်နိုင်ငံသို့ ဆန်နှင့်ဆန်ထွက် ပစ္စည်းများတင်ပို့မှုမှရရှိသည့် နိုင်ငံခြားသုံးငွေ၏ ၆၅ ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက် နေ့မှစတင်၍ ဗဟိုဘဏ်၏ညွှန်ကြားချက်များနှင့်အညီသတ်မှတ်နှုန်းထားများအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ပါသည်’ ဆိုတဲ့ အကြောင်းအရာပါဝင်တဲ့ ကြေညာချက်တစ်ခုကို ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photos Crd_MRF

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ ​သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်

ဦး​နေလင်းထက် • ဖြေကြားချက် 1 ခု

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်​သေဆုံးရသည့် အ​ကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ

Nay L H • ဖြေကြားချက် 1 ခု

GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ

Aye Chan Min • ဖြေကြားချက် 0 ခု

ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ

U Than Toe Aung • ဖြေကြားချက် 1 ခု

ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး

MgMinlwinsoe • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။