စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသိပ္ပံ ပထမနှစ်သင်တန်းသားသစ်များခေါ်ယူခြင်း

10/07/2019 17:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

 

စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသိပ္ပံ

 

 

ပထမနှစ်သင်တန်းသားသစ်များခေါ်ယူခြင်း

 

၁။ အောက်ဖော်ပြပါ မြို့များရှိ စိုက်ပျိုးရေးသိပ္ပံများတွင် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်၌ သင်တန်းတက်ရောက်လိုသူများ လျှောက်ထားနိုင်သည်။

 

 

စိုက်ပျိုးရေးသိပ္ပံ - နေပြည်တော် (ပျဉ်းမနား)။ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမော့ဆို၊ ဇွဲကပင်(ဘားအံ)၊ လုံပီး(ဖလမ်း)၊ ကျောက်တော်။

 

 

၂။ စိုက်ပျိုးရေးသိပ္ပံသို့တက်ရောက်ခွင့်ရရှိသူသည် () နှစ်သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး ထူးချွန်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။

 

၃။ လျှောက်ထားသူသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရပါမည်။

 

(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။

 

() အခြေခံပညာအထက်တန်းကို ဓာတုဗေဒ၊ ရှုပဗေဒဘာသာရပ်အတွဲဖြင့် အောင်မြင်သူဖြစ်ပြီး လျှောက်လွှာပိတ်ရက် ၃၀ – ၈ – ၂၀၁၉ ရက်တွင် အသက် ၂၂ နှစ်ထက် မကြီးရ။

 

 

၄။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း၊ သက်ဆိုင်ရာကျေးရွာ (သို့) မြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့စခန်းတို့၏ ထောက်ခံချက်များ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ရန် ကိုယ်လက်အင်္ဂါကျန်းမာသန်စွမ်းပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ ဆရာဝန်၏ ထောက်ခံချက်၊ စာမေးပွဲအောင်မြင်ကြောင်းနှင့် မွေးသက္ကရာဇ်အတွက် နောက်ဆုံးပညာသင်ကြားခဲ့သော ကျောင်းမှကျောင်းအုပ်ကြီး၏ ထောက်ခံချက်၊ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်စာရင်း(မူရင်းများ)၊ မိဘနှစ်ပါးနှင့်လျောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူများ၊ အိမ်ထောင်စုဇယားမိတ္တူများကို ပူးတွဲလျက် ၃၀--၂၀၁၉ ရက်ထက် နောက်မကျစေဘဲ မိမိတက်ရောက်လိုသော စိုက်ပျိုးရေးသိပ္ပံသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများ၊ မပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

 

၅။ ဝင်ခွင့်လျှောက်လွှာများကို အထက်ဖော်ပြပါ စိုက်ပျိုးရေးသိပ္ပံများတွင် ဝယ်ယူလျှောက်ထားနိုင်ပါသည်။

 

၆။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၆၇-၄၁၀၅၇၉၊ ၀၆၇-၄၁၀၅၈၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

 

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်