ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော်

18/12/2019 08:00 AM တွင် စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ရှမ်းပြည်နယ်စိုက်ပျိုးရေးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၂၂.၁၂.၂၀၁၉) ရက်နေေ့မှ (၂၄.၁၂. ၂၀၁၉) ရက်နေ့အထိ "ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော်" ( Shan State Agriculture Symposium) ကို ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သီခေါင်ကျေးရွာအုပ်စု၊ အင်းခေါင်းကျေးရွာ၊ "ဟဲဟိုးဥယျာဉ်ခြံ" တွင်အောက်ပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ တောင်သူဦးကြီးများအနေဖြင့် လာရောက်လေ့လာနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ပြပွဲတွင် စိုက်ပျိုးရေးပြခန်းများ၊ စိုက်ခင်းများနဲ့ ခင်ကျင်းပြသသွားးမည့်အပြင် စိုက်ပျိုးရေးပညာရှင်များ၏ နည်းပညာဆွေးနွေးမှုများပါ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

အစီအစဉ်

နေ့ရက်။ ။ ၂၂.၁၂.၂၀၁၉ - ၂၄.၁၂.၂၀၁၉

အချိန်။ ။ နံနက် ၉း၀၀ နာရီ မှ ညနေ ၄း၃၀ 

နေရာ။ ။ ကလောမြို့နယ်၊ အင်းခေါင်းကျေးရွာ၊ ဟဲဟိုးမြို့

 နည်းပညာဖြန့်ဝေပေးမည့် ပညာရှင်များ.....