တရုတ်မှာ တန်ချိန် ၈ သန်းခန့်ထိလိုအပ်နေတဲ့ ပြောင်းချဉ်ဖတ်များ ဆက်လက်တင်ပို့နိုင်ရေး လုပ်နေ..

23/02/2022 07:00 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

မြန်မာနိုင်ငံရဲ့ ပို့ကုန်အမယ်သစ်ဖြစ်တဲ့ ပြောင်းချဉ်ဖတ်တွေ တရုတ်နိုင်ငံကို ဆက်လက်တင်ပို့နိုင်ဖို့ ဝိုင်းမော်မြို့နယ်၊ တာလောကြီးကျေးရွာမှာ ထုတ်လုပ်နေပါတယ်။ 

၂၀၂၂ ဆောင်းရာသီမှာ ထွက်ပေါ်လာတဲ့ ဆောင်းပြောင်းတန်ချိန် ၃၀၀ ကိုတောင်သူတွေဆီက ဝယ်ယူထားပြီး လက်ရှိမှာတော့ ပြောင်းချဉ်ဖတ်တန်ချိန် ၃၀၀ ထုတ်လုပ်ထားတယ်လို့ ပြောင်းချဉ်ဖတ်ထုတ်လုပ်နေတဲ့ တာလော ကြီးကျေးရွာရှိ Century Sun ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ ဒေါ်အားတုက ပြောပါတယ်..။

 “ အဓိက ပြောင်းချဉ်ဖတ်က မွေးမြူရေးမှာ အရမ်းကောင်းတယ်။ သိမ်းထားလို့ လည်း လတ်လတ်ဆတ်ဆတ်စားလို့ရတယ်။ အစာအိမ်အတွက်လည်းကောင်းတယ်။ နို့ထွက် အားလည်းကောင်းတယ်။ မြန်မာနိုင်ငံမှာ အမြဲလုပ်ချင်တယ်။ ဒီလိုမျိုးစိုက်ချင်ပါတယ်” 

တာလောကြီးကျေးရွာမှာပြုလုပ်နေတဲ့ပြောင်းချဉ်ဖတ်ကတော့ အခွံပါပြောင်းဖူးခြောက်ကို နှစ်ပြန်ကြိတ်ခွဲပြီး ရေအနည်းငယ်ဖျန်းပါတယ်။ အဲ့ဒီနောက် အလေးချိန်တစ်တန်ရှိတဲ့ ကြိတ်ခွဲပြီးသားပြောင်းဖူးတွေကို ပလတ်စတစ် နဲ့ လေမဝင်အောင်ထုပ်ပိုးသိမ်းဆည်းကြတာပဲဖြစ်ပါတယ်။ ထုပ်ပိုးပြီးနောက် ၄၈ ရက်ကြာပါက ပြောင်းချဉ်ဖတ်အဖြစ် ပြည်ပတင်ပို့နိုင်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ နွားမွေးမြူရေးလုပ်ငန်းတွေမှာ ပြောင်းချဉ်ဖတ်ကို ကိုးဆယ်ရာခိုင်နှုန်းအထိအသုံးပြုနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သီးနှံစိုက်ပျိုးလို့ရတဲ့ မြေအလွတ်တွေရှိနေတာက ပြောင်းချဉ်ဖတ်ထုတ်လုပ်နိုင်တဲ့ အခွင့်အလမ်းကို ရရှိစေတယ်လို့ ထုတ်လုပ်သူတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ မြန်မာ့ပြောင်းချဉ်ဖတ်တန်ချိန် ၅၁ တန်ကို တရုတ်နိုင်ငံဘက်ကို ပထမဆုံးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေအနေကို ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သူရက…

“ ကုမ္ပဏီ ၆ ခုပေါ့။ ကုမ္ပဏီ ၆ခုကို စာချုပ်ချုပ်ပြီးတော့ ချင်းရွှေဟော်က ပို့ပါတယ်။ ကျွန်တော်တို့ဆီမှာ လာတာ ကတော့ ချင်းရွှေဟော်စခန်းကစပို့တယ်။ သူတို့က ယူနန်ပြည်နယ်မှာ ပြောင်းချဉ်ဖတ်က တန်ချိန် ၈ မီလီယံ လောက်လိုတယ်” လို့ ပြောပါတယ်။

ပြောင်းချဉ်ဖတ်တွေတင်ပို့နိုင်ဖို့ တရုတ်နိုင်ငံ GACC(General Administration of Customs of China) က လိုအပ်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ ပြောင်းသီးနှံကို GAP စနစ်နဲ့ စိုက်ပျိုးဖို့၊ ဘက်စုံ သီးနှံကာကွယ်ရေးစနစ်ကို ကျင့်သုံးဖို့၊ မျိုးရိုးဗီဇပြုပြင်ထားတဲ့မျိုးတွေကိုမသုံးစွဲဖို့ စတဲ့ကန့်သတ်ချက်တွေကို ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ခွာနာလျှာနာကဲ့သို့ အဓိကနွားရောဂါ ၃ မျိုးကင်းရှင်းဖို့နဲ့ ပိုးစေးနဲ၊ ဒေါင်းနီးမှို ရောဂါ၊ စန်ခရမ်မြက်၊ နှံစားပြောင်းရိုင်း၊ ပြောင်းစားဘီလူးအဖြူ၊ အနီ၊ ခရမ်း  စတာတွေကင်းရှင်းအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြောင်းချဉ်ဖတ် တင်ပို့ဖို့ တရုတ်အစိုးရဆီကို ကုမ္ပဏီ ၈ ခုက လျှောက်ထားခဲ့ပြီး ကုမ္ပဏီ ၆ ခုသာ တရားဝင်တင်ပို့ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်