ပြည်ပပို့ကုန် ကဏန်းပျော့မွေးမြူနည်း အပိုင်း(၁)

01/11/2022 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

ကဏန်းပျော့ကို မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း၌ ကိုယ်တိုင်မွေးမြူထုတ်လုပ်လာနိုင်ခဲ့သည်။

ကဏန်းပျော့ထုတ်လုပ်ရာတွင်...

  • (၁) ကဏန်းကုန်ကြမ်း ဝယ်ယူစုဆောင်းခြင်း
  • (၂) မွေးမြူရေးကန်တွင် စနစ်တကျမွေးမြူခြင်း
  • (၃) အအေးခန်းစက်ရုံတွင် ပြုပြင်ထုတ်လုပ်ခြင်း
  • (၄) ပြည်ပစျေးကွက်တွင် ဖြန့်ချိခြင်းတို့ဖြင့် အဆင့်ဆင့် လုပ်ဆောင်ရပါသည်။

ပြည်ပစျေးကွက်သို့ ဖြန့်ချိရာတွင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နိုင်ငံများသို့ တင်ပို့ကြကြောင်း သိရပါသည်။

ကဏန်းပျော့မွေးမြူဖို့ ကန်တည်ဆောက်ရာတွင်-

မှော်ဝန်းချောင်းကမ်းဘေး၊ ပုစွန်မွေးမြူရေးဇုန်ရှိ ကဏန်းပျော့မွေးမြူရေးကန်သည် အလျားရှည်သောကန်ကြီးများဖြစ်ကြပါသည်။ ကန်အလယ်တွင် ကန်ကိုဖြတ်လျက် သွပ်မိုးတံတားထိုးထားပါသည်။

ကန်ထဲတွင် အနက်ရောင်ပလတ်စတစ်ကဏန်းအိမ် ဖောင်အတွဲလိုက်လေးများကို အစီအရီ၊  PVC ပလတ် စတစ်ပိုက်လုံးဖြင့် ဖောင်ဖွဲ့ထားခြင်းဖြစ်ပါသည်။

ကဏန်းဖောင်အကျယ်အဝန်း

  • ရေကန်အကျယ်အဝန်းအလိုက် ကဏန်းဖောင်များစွာ ထားရှိကြပါသည်။ တစ်ဖောင်လျှင် အလျား ၈ လက်မ x အနံ ၆ လက်မ x အမြင့် ၇ လက်မရှိ ကော်ခွက်ကဏန်းအိမ်လေးများကို အစီအရီ ထားရှိကြပါသည်။
  • ကော်အိမ်ဘေးပတ်ပတ်လည်တွင် လေဝင်လေထွက်အပေါက်များ ဖောက်ပေးထားပြီး အပေါ်အဖုံးတွင် အထဲက ကဏန်းကောင်ကို မြင်နိုင်စေရန် ကဏန်းမထွက်နိုင်လောက်သည့် အပေါက်ကျယ်များ ဖောက်ပေးထားပါသည်။
  • အပေါ်ဖုံးသည် ဖွင့်ပိတ်နိုင်ပါသည်။ တစ်အိမ်လျှင် ကဏန်း ၁ ကောင်နှင့် ငါးအသားတုံး ၁ တုံးစီ ထားပေးပါသည်။

ရေအငန်နှုန်း

  • ကန်ရေအတွက် မှော်ဝန်းချောင်းကရေကို စုပ်ယူကာ ရေလှောင်ကန်အဆင့်ဆင့်ဖြင့် အနည်စစ်ကာ နေရောင် ခြည်ဖြင့် ပိုးကိုသေစေပြီးမှ မွေးကန်ထဲ ထည့်သွင်းကြပါသည်။
  • ရေအငန်နှုန်းကို ၁၀ PPT မှ ၁၅ PPT ကြား၊ အပူချိန်ကို ၂၈ ဒီဂရီစင်တီဂရိတ်နှင့် ၃၁ ဒီဂရီစင်တီဂရိတ်ကြား ထားရှိပေးရပါသည်။
  • ကန်ရေကို မကြာမကြာ လဲလှယ်ပေးခြင်းဖြင့် ဇီဝလုံခြုံမှုကို အထူးဂရုစိုက်ဆောင်ရွက်ပေးရပါသည်။

ကဏန်းမာမှ ကဏန်းပျော့ ထုတ်ယူရရှိပုံနှင့် စျေးကွက်သို့ တင်ပို့ခြင်း

  • ကဏန်းအခွံလဲ/မလဲကို စောင့်ကြည့်ရေးဝန်ထမ်းများက ၁ နာရီ ၁ ကြိမ် တံတားတစ်ဖက်တွင် ရှိသည့် ကဏန်းဖောင်ကို ကြိုးဖြင့် တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆွဲယူပြီး တံတားပေါ်ကနေ တစ်အိမ်ချင်း စေ့စေ့စပ်စပ် ကြည့်ကြရပါသည်။
  • ကဏန်းအိမ်ထဲတွင် ကဏန်း၂ ကောင်ဖြစ်နေလျှင် အခွံကျွတ်ပြီး ဖြစ်ပါသည်။
  • ကဏန်းတို့သဘာဝအရ အခွံမာကြီးကို မိမိကိုယ်ကပြုတ်ထွက်အောင် အပြင်းအထန် ရုန်းကန်ကြိုးပမ်းရသည်ဖြစ်ရာ အခွံကျွတ်သွားသည့်အခါ အလွန်နူးညံ့သောခန္ဓာကိုယ်မှာ လုံးဝမလှုပ်ရှားနိုင်တော့ပေ။
  • ထိုကဏန်းပျော့အခွံသည် ရေချိုနှင့် မထိတွေ့လျှင် အချိန်နှင့်အမျှ တဖြည်းဖြည်း မာကျောလာပြီး ၂ နာရီ အကြာတွင် ပုံမှန်အခွံမာကဏန်းပြန်ဖြစ်သွားလေတော့သည်။
  • ယင်းသို့ မာကျောလာလျှင် ကဏန်းပျော့တန်ဖိုးလည်း လျော့နည်းလာပေသည်။
  • အခွံမာကျောလာမှုပေါ်မူတည်၍ အေ၊ ဘီ၊ စီ အဆင့် (၃)မျိုး ခွဲခြားကြရပါသည်။ အေအဆင့်သည် အကောင်းဆုံးဖြစ်ကာ စျေးလည်း ပိုရပါသည်။ ထို့အတွက်ကြောင့် ၁ နာရီလျှင် ၁ ကြိမ်စောင့်ကြည့်ရခြင်း ဖြစ်ပါသည်။
  • ကော်အိမ်ထဲက အခွံကျွတ်ပြီးကဏန်းကို ထုတ်ယူကာ ရေချိုတွင် ချက်ချင်းစိမ်ပေးလိုက်ခြင်းအားဖြင့် ကဏန်းအခွံပြန်၍ မာကျောမလာတော့ပေ။
  • ထို့ကြောင့် ဆယ်ယူခြောက်သွေ့စေပြီးမှ အမျိုးအစားခွဲကာ စနစ်တကျထုပ်ပိုးပြီး အခန်းထဲထည့်သွင်းသိုလှောင်ထားရပါသည်။
  • စျေးကွက်သို့ တင်ပို့ရာတွင်လည်း အအေးပေးပြီး ပို့ကြရပါသည်။

ကဏန်းပျော့စေရန်အတွက် မည်သည့်ဓာတုဆေးဝါးမျှ သုံးစွဲရန် မလိုအပ်ဘဲ သဘာဝအတိုင်း အခွံလဲ/မလဲ စောင့်ကြည့် ဖော်ယူကြရပါသည်။

ထို့ကြောင့် ကဏန်းပျော့ထုတ်လုပ်ရေးသည် ဓာတုဆေးဝါးကင်းစင်သည့် အော်ဂဲနစ်ပင်လယ်စာသာ ဖြစ်ပါသည်။

(အပိုင်း-၂ တွင် ကဏန်းပျော့၏ သဘာဝ၊ ကဏန်းအသက်အရွယ်အလိုက် အခွံလဲနှုန်း၊ ကဏန်းကုန်ကြမ်းရရှိမှုတို့ကို ဆက်လက်ဖော်ပြပေးသွားပါမည်။) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။           


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်