အသားစားကြက်များကို ရုတ်တရက်သေဆုံးစေသည့် SMS ရောဂါကို ကာကွယ်ကုသနည်း

28/07/2022 15:14 PM တွင် Dr.ညွန့်ရွှေ(မွေးမြူဆေးကု) Dr.ညွန့်ရွှေ(မွေးမြူဆေးကု) မှ ရေးသား

ယခုတလော အသားစားကြက်များ ရုတ်တရက်သေဆုံးသည်ကို ခပ်စိတ်စိတ် တွေ့နေရသည်။ Field Vet (ကွင်းဆင်းတိ/မွေးကုဆရာဝန်) တစ်ဦးအနေဖြင့် လွန်ခဲ့သော နှစ် ၂၀ ဝန်းကျင် နွေရာသီကာလများတွင် များစွာတွေ့ခဲ့ရဖူးသလို ယခုလည်း ထပ်မံတွေ့ရသည့် ယခုရောဂါမှာ Spiking Mortality Syndrome ရောဂါဖြစ်သည်။ ထို့ကြောင့် Avian pathologist (ပညာရှင်) များ ဖော်ပြသော Spiking Mortality Syndrome ဆောင်းပါးများကို ကြက်မွေးမြူသူများ အထောက်အကူဖြစ်စေရန် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Spiking Mortality Syndrome ကို အတိုကောက်အားဖြင့် SMS ဟု ခေါ်လေ့ရှိသည်။ ၁၉၈၈ နှင့် ၁၉၉၀ အစပိုင်းတွင် ဖြစ်ပွားနေပြီး အမေရိကန်နိုင်ငံ ဒယ်မာဗာဒေသတွင် စတင်ဖော်ထုတ်နိုင်ခဲ့သောရောဂါဖြစ်သည်။ နောက်ပိုင်းတွင် ကမ္ဘာ့နေရာ အနှံ့အပြား၌လည်း တွေ့လာရသည်။

ရောဂါဖြစ်စေသောအကြောင်းများစွာရှိပြီး Arneavirus (အာရီနာဗိုင်းရပ်စ်) ပိုးကြောင့်ဖြစ်ရသည်ဟု အတည်ပြုထားပါသည်။ (Dr. James Davis of the Georgia Poultry Laboratory, together with other researchers) 

ဤရောဂါသည် အသက် ၈ ရက်မှ ၂၀ ရက်သားကြက်များတွင် အဖြစ်များပြီး ၃၀-၃၅ ရက်အရွယ်ထိ ဖြစ်ပွားတတ်ပါသည်။

ရောဂါကို ဖြစ်ပွားသည့်လက္ခဏာများပေါ်မူတည်၍ Type A, Type B ဟု ခွဲခြားထားပါသည်။

Type A တွင် တွေ့ရသည့်လက္ခဏာများမှာ..

  • မှောက်လျက်ခြေထောက်ကို ရှေ့သို့ဆန့်အိပ်ခြင်း
  • ခန္ဓာကိုယ်တုန်ခြင်း
  • အာရုံကြောလက္ခဏာပြခြင်း၊ ဒယီးဒယိုင်လမ်းလျှောက်ခြင်း (Encephalomyelitis ရောဂါနှင့်ဆင်တူသည်)
  • အချို့ မျက်စိကောင်းစွာ မမြင်ရခြင်း
  • တက်ခြင်း၊ ကြက်ငယ်များတွင် သွေးတွင်းသကြားဓာတ်ကျခြင်း (ပုံမှန် 137mg/cc ရှိသော်လည်း ယင်းရောဂါဖြစ်ပွားချိန်တွင် 30mg/cc သာရှိ)
  • ပြန်ကောင်းသောကြက်တို့ ကြီးထွားမှု သိသာစွာနည်းသွားခြင်း
  • အသံကျယ်လောင်စွာ တကျီကျီမြည်လျက် ပတ်ပြေးကာ သေဆုံးခြင်း
  • ရောဂါလက္ခဏာစတင်တွေ့ရပြီး ၂-၆ နာရီအတွင်း သေဆုံးတတ်ခြင်း
  • သေနှုန်း ၁ ရာခိုင်နှုန်းခန့်ရှိပြီး ၃ ရက်ထက်ပိုပြီး မဖြစ်ပွားတတ်ပါ။ 

သေဆုံးချိန်တွင် မှောက်လျက်နှင့်ခြေထောက်များ ရှေ့သို့ဆန့်တန်းနေခြင်းကို တွေ့နိုင်သည်။

Type B တွင်မူ..

  • Type A ကဲ့သို့ ရောဂါလက္ခဏာများမပြပါ။
  • ၁-၂ ပတ်သားအရွယ်တွင် သေနှုန်း သိသာစွာများတတ်သည်။
  • ၃ ရက်ထက်ပို၍ ရောဂါဖြစ်နိုင်သည်။ သို့သော် သေနှုန်းမှာမူ ၀.၅ ရာခိုင်နှုန်းသာရှိသည်။

အသေကောင် ခွဲစိတ်စစ်ဆေးစဉ် တွေ့နိုင်သောအနာ

  • အူနောက်ပိုင်းနှင့် ချေးအိမ်(caecum) ပတ်လည်တွင် လိမ္မော်ရောင်အရည်များရှိခြင်း
  • အချို့တွင် အူရောင်ခြင်း (mild-sever enteritis)
  • ကြက်ချေးထဲတွင် အချွဲမြှေးများပါဝင်ကာ အမြှုပ်ထနေခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်း (ခြေထောက်တွင်မြင်သာ)
  • အတောင်ပံတွင် ထိခိုက်ဒဏ်ရာတွေ့ခြင်း
  • အချို့တွင် အသည်းသွေးယိုထွက်ခြင်း၊ အဝါရောင်ကဲ့သို့ ဖျော့သောအကွက် (necrosis) ငယ်များ တွေ့ရခြင်း

တို့တွေ့နိုင်ပါသည်။

ကုသခြင်းနှင့်ကာကွယ်ခြင်း

  • သွေးတွင်း ရုတ်တရက်သကြားဓာတ်လျော့ကာ သေဆုံးတတ်သောကြောင့် Glucose 2% (သောက်ရေတစ်ဂါလံလျှင် ၉၀ ဂရမ်နှုန်း) ၂ ရက်ဆက်တိုက်ပါ။
  • နောက်ဆက်တွဲရောဂါထိန်းနိုင်ရန် Enrofloxacin (EN) ကို သောက်ရေ တစ်ဂါလံလျှင် ၂.၅ ဂရမ်နှုန်း ၃ ရက်ဆက်တိုက်ပါ။ (Quinolone antibiotics in the water)
  • ကြက်ငယ်အသက်ရက်အလိုက် အပူချိန်ညီအောင် အနွေးပေးပါ။
  • ဗီတာမင် E နှင့် Selenium ဆေးတိုက်ပါ။ ဗီတာမင်အားဆေးများပေးပါ။ 
  • ခြံတွင်းကြွက်၊ darking beetle (ပိုးအမဲကောင်) များ ဝင်ရောက်မှုကို ထိန်းချုပ် နှိမ်နင်းပါ။
  • ညအချိန် အလင်းရောင် ကန့်သတ်ပေးပါ။ ၁-၂ နာရီ မီးပိတ်ခြင်းသည် Growth Hormone level ကို မြင့်စေပြီး သွေးတွင်းသကြားဓာတ်နည်းမှုကို သက်သာစေသည်။

Spiking Mortality Syndrome ရောဂါသည် သေနှုန်းမများသော်လည်း ကြီးထွားနှုန်း ထိခိုက်စေခြင်းကြောင့် ကြက်မွေးမြူသူတို့ သိရှိနားလည်ကာ ကာကွယ်ကုသနိုင်ပါရန် တင်ပြလိုက်ရပါသည်။

Ref; Spiking Mortality Syndrome of Chicken by Dr.John Schleifer

Spiking Mortality Syndrome (The Poultry Site)

Spiking Mortality Syndrome in Broiler. Part 2&3. 2015

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်