နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပွင့်လန်းလာရန် လျှော်ဖြူစိုက်ပျိုးသူများမျှော်လင့်နေ

11/01/2022 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ပွင့်လန်းလာပြီး၊ လျှော်ဖြူဈေးကွက်ကောင်းများရရှိရန် မျှော်လင့်လျှက်ရှိကြောင်း လျှော်ဖြူပင်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။ 

"လျှော်ဖြူစေးက ဝယ်လက် လုံးဝ မရှိတာမျိုးတော့မဟုတ်ဘူး။ ဝယ်လက်တွေကရှိပေမယ့် တင်ပို့မယ်ဆိုရင် အရင်လိုပမာဏနည်းနည်းချင်းစီ အဆင်ပြေသလို တင်ပို့လို့မရတော့တဲ့အတွက် ကွန်တိန်နာတစ်စီးလုံးအပြည့်မှ တင်ပို့လို့ရမယ့် အခြေအနေမျိုးတွေရှိနေတယ်။ ဒါက တောင်သူငယ်တွေ/ကုန်သည်ပွဲစားငယ်တွေအတွက်လည်း အဆင်မပြေသလို၊ ပမာဏအများကြီးပို့တဲ့အခါ အရည်အသွေးထိန်းသိမ်းပြီး တင်ပို့နိုင်ဖို့ကလည်း လိုအပ်ချက်တွေရှိပြန်တယ်။ ပင်လယ်ရေကြောင်းခရီးကနေ တင်ပို့ကြမယ်ဆိုတော့လည်း ကုန်ကျစရိတ်က အများကြီးရှိနိုင်တယ်။ လျှော်ဖြူစေးရောင်းချပြီးတော့ ပြန်ရနိုင်မယ့်အမြတ်အစွန်းနဲ့ တင်ပို့ရတဲ့ကုန်ကျစရိတ်နဲ့က မကာမိဘူးလေ။"

ဟု မန္တ​လေးတိုင်း​ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဂန္ဓမာရွာ၊ မန္တ​လေး-မတ္တရာကားလမ်း၊ မိုင်တိုင်(၁၁) အနီးရှိ နန္ဒဝန်လျှော်ဖြူထုတ်လုပ်ရေးခြံမှ စီမံအုပ်ချုပ်သူ ဦးဇင်မင်းသန့်က ပြောသည်။

လျှော်ဖြူပင်၏အစေး (ဆေးကုလားမ)ကို မြန်မာနိုင်ငံမှ အိမ်နီးနိုင်ငံတစ်ချို့သို့ ယခင်ခေတ်အဆက်ဆက် ရောင်းချခဲ့ကြပြီး၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးဖြစ်ပွားမှု ဒုတိယလှိုင်းကာလမှ စတင်၍ ဈေးကွက်တင်ပို့မှုအပိုင်းမှာ အားနည်းသည်ထက် အားနည်းလာခြင်း ဖြစ်သည်။

"ပထမကိုဗစ်လှိုင်းကာလတုန်းကတောင် ဈေးကွက်က သူ့ဈေးကွက်လေးနဲ့သူ လည်ပတ်နေခဲ့ပါသေးတယ်။ ဒုတိယနဲ့ တတိယ ကိုဗစ်လှိုင်းကာလတွေမှာ တောင်သူတွေအနေနဲ့ အရင်ကထက် ဈေးကွက်ကျဆင်းမှုဒဏ်ကို ခံစားလာရတာပါ။ တစ်ချို့တောင်သူတွေဆိုရင် လျှော်ဖြူပင်စိုက်ပျိုးရာကနေ တစ်ခြားသီးနှံအမျိုးအစား/တစ်ခြားဈေးကွက်ကောင်းရာ နှစ်ရှည်ပင်အမျိုးအစားတွေကို ပြောင်းလဲစိုက်ပျိုးတဲ့သူတွေလည်း ရှိလာတယ်။ ပြည်တွင်းဈေးကွက်မှာပဲ မဖြစ်ဖြစ်အောင် ရောင်းချပြီး၊ ဈေးကွက်ပြန်လည်ကောင်းမွန်လာချိန်ကို စောင့်ဆိုင်းနေသူတစ်ချို့လည်း ရှိပါတယ်။"

ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် လျှော်ဖြူပင်များကို အဓိကအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အနီးတစ်ဝိုက်ဒေသများတွင် စိုက်ပျိုးထုတ်လုပ်ထားကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်