အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြံရွက်ကိုဓာတ်ခွဲစိစစ်၍ ကြံစိုက်ခင်း၏ ဓာတ်မြေဩဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း

ကြံရွက်ကိုဓာတ်ခွဲစိစစ်၍ ကြံစိုက်ခင်း၏ ဓာတ်မြေဩဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း

U San Thein (Agri)
U San Thein (Agri) 10/08/2022

သရက်၊ ထောပတ်၊ လိမ္မော်နှင့် ဆီအုန်းစသော နှစ်ရှည်ပင်ကြီးများနည်းတူ တစ်နှစ်ခံပင်ဖြစ်သော ကြံသီးနှံကို အပင်ပြုစုစဉ်ကာလအတွင်း အရွက်နမူနာကို ဓာတ်ခွဲ၍ ဓာတ်မြေဩဇာလက်ငင်းလိုအပ်ချက်ကို အပိုအလိုမရှိ ဖြည့်ဆည်းပေးနိုင်ပါသည်။

မြေခံမြေဩဇာပေး၍ စိုက်ပျိုးထားသောကြံစိုက်ခင်းကို ကျင်းစာကျွေးဘောင်လုံးချိန်တွင် ထည့်နေကျ ဓာတ်မြေဩဇာအမျိုးအစားနှင့်နှုန်းထားကို ပုံမှန်ထည့်သွင်းထားသည့်တိုင် ရှေ့ဆက်ပြီးကြီးထွားရမည့် ကာလအတွက် အပင်ကအာဟာရဓာတ်ချို့တဲ့လာလျှင် ပင်ပြလက္ခဏာကို လှစ်ဟပြကောင်းပြမည်။ ဖုံးကွယ်လက္ခဏာကြောင့် အပင်၏အဖြစ်မှန်အခြေအနေကို သိချင်မှသိရမည်။ အခြေအနေမှန်ကို သိလာသည့်အချိန်တွင် ကုစားရန် နောက်ကျသွားနိုင်ပြီးနောက် ရှေ့ဆက်အပင်ကြီးထွားမှုကို ထိခိုက်ပေတော့မည်။

အချိန်မီကုစားနိုင်သောနည်းလမ်းမှာ အရွက်နမူနာကို ဓာတ်ခွဲစိစစ်ကြည့်ခြင်းပင် ဖြစ်သည်။

ကျင်းစာကျွေးဘောင်လုံးပြီး တစ်လခွဲအကြာ ကြံပင်၏ရွက်အုပ်မိုးများ လက်ယှက်ထိုး၍ အတန်းပိတ်သွားသည့်အချိန်ကာလမတိုင်မီ (သို့မဟုတ်) ကြံပင်အောက်ခြေရှိ ကြံဆစ် ၂ ဆစ်၊ ၃ ဆစ် စတက်သောအချိန်တွင် ကြံရွက်နမူနာကို ယူရမည်။ ၎င်းကြံရွက်၌ ပါဝင်နေသော အာဟာရဓာတ်အမျိုးအစားနှင့် ပမာဏသည် ကြံပင်ဖြတ်သန်းလာခဲ့သော ကာလတလျှောက်၏အခြေအနေနှင့် ရှေ့ဆက်အပင်ဖြစ်ချိန်ကာလအတွက် လိုအပ်ချက်တို့ကို ထင်ဟပ်ဖော်ပြပါလိမ့်မည်။

နမူနာယူရမည့်အရွက်အမျိုးအစား

  • ရွက်ပြားနှင့်ရွက်ဖုံးတို့၏ အဆက်နေရာ dawlap (ဂုတ်ဆစ်) အမှတ်အသားကို မြင်နေရသော ကြံပင်၏ အပေါ်ဆုံးအရွက် (Top visible dewlap “TVD Leaf”) ကို အရွက်နမူနာအဖြစ် ယူရပါမည်။
  • ကြံပင်၏ထိပ်ဖျားဖူးလိပ်မှ ခေါင်ညွန့်အရွက် (Spindle Leaf) ကို နံပါတ် (၁) ဟု မှတ်သား၍ အောက်အရွက်များကို ဆက်ရေတွက်လျှင် နံပါတ် (၄) မြောက် အရွက်သည် TVD Leaf နမူနာယူရန်အရွက်ဖြစ်ဖို့များသည်။ (ပုံ-၁ နှင့်ပုံ-၂)

 

ထိပ်ဆုံး စတုတ္ထမြောက် TVD အရွက်သည် အပင်ဖူးလိပ်ထဲမှ လွတ်လွတ်ကျွတ်ကျွတ် ပထမဆုံးအပြင်ကို ထွက်ပေါ်လာသောအရွက်ဖြစ်သည်။ အလင်းမှီ၍ အပင်အတွက် အစာချက်ခြင်းလုပ်ငန်းကို အစွမ်းကုန်လုပ်ဆောင်နေသော အရွက်ဖြစ်သည်။

ကျွန်တော်၏ နှစ်ကာလကြာမြင့်စွာ သုတေသနပြုလုပ်ချက်များအရ ဤ TVD အရွက်နမူနာ၏ အာဟာရဓာတ်ပါဝင်မှုသည် အပင်တစ်ပင်လုံး၏ အခြေအနေကို ကိုယ်စားပြုကြောင်း တွေ့ရသည်။ အပင်၏အထွက်နှုန်းနှင့်လည်း ဆက်စပ်မှုရှိသည်။

ဤအရွက်သည် မြင်လွယ်ထင်လွယ်၍ ရည်ညွှန်းအမှတ်အသား (ဂုတ်ဆစ်) ပါသည်။ ပိုးမွှားရောဂါအနာအဆာ ကင်းစင်တတ်သည်။ ၎င်း၏ရွက်ပြားကို ခပ်ဖွဖွ ဆုတ်ကိုင်၍ ဆတ်ကနဲချိုးယူလိုက်လျှင် ရွက်ပြားနှင့်ရွက်ဖုံးဆုံရာ ဂုတ်ဆစ်နေရာမှ အလွယ်တကူ ပြုတ်ထွက်ပြီး ပါလာနိုင်သည်။ စိုက်ခင်းကျယ်ကျယ် (၁၀ ဧက အထိ ) တစ်ကွက်လျှင် TVD အရွက်နမူနာ (၄၀) ခန့် ချိုးယူရမည်။ 

စိုက်ခင်းကလနား ကန်သင်းဘောင်နှင့် ဝေးရာကြံခင်းအတွင်းကိုဆင်း၍ အရွက်ယူရမည်။ စိုက်ခင်း၏ ဒေါင့်ဖြတ်လိုင်းအတိုင်းသွား၍ အရွက်နမူနာ (၂၀)နှင့် ဓားလွယ်ခုတ်ဆန့်ကျင်ဘက်လမ်းကြောင်းမှ  အရွက် နမူနာ (၂၀)၊ တစ်ကွက်လုံးအတွက် စုစုပေါင်း နမူနာ (၄၀)ကို ကျပန်းရယူရပါမည်။ နမူနာယူချိန်မှာ နံနက်ပိုင်း (၁၀) နာရီ မတိုင်မီ အပြီးယူရပါမည်။ ၅ လ သားထက်မကြီးသော စိုက်ခင်းများမှယူရပါမည်။ အရွက်နမူနာယူပြီး အလယ်ရွက်ကြောမ  (mid rib) ကို လုံးဝဖယ်ရှား၍ ရွက်ပြားသက်သက်ကို ခွေခေါက်ကာ စက္ကူအိတ်တွင်း၌ထည့်ပြီး နမူနာအမည်၊ နံပါတ်၊ မျိုးပြား၊ စိုက်ခင်းတည်နေရာ၊ နမူနာယူသော နေ့စွဲအပြည့်အစုံတပ်၍ အာဟာရဓာတ် ဓာတ်ခွဲခန်းသို့ မိမိဓာတ်ခွဲစေလိုသော အာဟာရဓာတ် အမျိုးအစားကိုဖေါ်ပြပြီး ပေးပို့ရပါမည်။

သကြားစက်ရုံဇုန်နယ်မြေတစ်ခုစီအတွင်း ကြံခင်းများမှ အပင်အာဟာရဓာတ်အခြေအနေအတွက် အရွက်နမူနာများကို ဓာတ်ခွဲစိစစ်ကာ ဓာတ်မြေဩဇာနှုန်းထားနှင့် အမျိုးအစားလိုအပ်ချက်ကို ထောက်ခံချက်ပေးသော ဝန်ဆောင်မှု (Fertilizer Advisory Service) ကို စိုက်ပျိုးရေးဌာနမှ ဆောင်ရွက်သင့်သည်။

ဧက ၁၀,၀၀၀ မှ ၅၀,၀၀၀ ကျော်ရှိသော ကြံဇုန်တစ်ခုအတွင်း၌ နေရာအနှံ့ကွင်းဆင်းပြီး  အထွက်ကောင်းသော စိုက်ကွက်ပေါင်း ၁၀၀ နှင့် အထွက်ညံ့သော စိုက်ကွက်ပေါင်း ၁၀၀ မှ တစ်ကွက်စီလျှင် TVD ကြံရွက်နမူနာ (၄၀) စီ ကောက်ယူစုစည်း၍ ဓာတ်ခွဲပြီး အရွက်အတွင်းရှိ အာဟာရဓာတ်ပါဝင်မှု စံတန်ဖိုး (Critical value) များကို တွက်ချက်ကာ ဓာတ်မြေဩဇာနှုန်းထားထောက်ခံချက်အတွက် ကြံတောင်သူများမှပေးပို့သော အကွက်နမူနာ ဓာတ်ခွဲတန်ဖိုးနှင့် ချိန်ကိုက်ကာ ရိုးရှင်းသောဖေါ်မြူလာဖြင့်တွက်ချက်၍ အကြံပြုနိုင်ပါသည်။ 

ဒေသတစ်ခု၏ အာဟာရဓာတ်စံတန်ဖိုးကို အခြေခံ၍လည်းကောင်း၊ အလုံးစုံပေါင်းစပ်စဉ်းစားပြီးမှ ဓာတ်မြေဩဇာနှုန်းထားထောက်ခံချက်ပေးသောစနစ် (DRIS) ကို အခြေခံ၍လည်းကောင်း၊ ဓာတ်မြေဩဇာ ထောက်ခံအကြံပြုဝန်ဆောင်မှုကို အစိုးရနှင့် သကြားစက်ရုံပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်းပါဝင်မှုစနစ် (PPP) ဖြင့် တောင်သူအကျိုးအတွက် အပင်အာဟာရဓာတ် ကျွမ်းကျင်ပညာရှင် ပါဝင်ပေါင်းစပ်၍ ဆောင်ရွက်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။

စံသိန်း (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အ​ြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်

U Yan • ဖြေကြားချက် 3 ခု

မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့

Win Min • ဖြေကြားချက် 2 ခု

ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ

ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု

မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ

Sawsamson • ဖြေကြားချက် 1 ခု

မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ‌

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။