ကြံပင်ကြီးထွားမှုအဆင့်ဆင့်အလိုက် အပင်ပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်း

19/10/2022 13:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

(အပင်ကြီးထွားမှုအမြင့်ဆုံးကာလ)

ကြံပင်သည် သားတက်ပွားစီးမှုကာလပြီးလျှင် ကြံပင်အမြင့်ရှည်ထွက်လာခြင်းသို့ ကူးပြောင်းလာသည်။

ဤကာလသည်...

  • ကြံပင်အမြင့် လျင်မြန်စွာ ရှည်ထွက်လာခြင်း၊
  • ပင်စည်၏အလေးချိန် (ဒြပ်ခြောက်) တိုးတက်လာခြင်း၊
  • အပင်ရွက်အုပ်မိုးဖြန့်ကျက်လာခြင်း၊
  • ကြံပင်စည်လုံးပတ်ထွားကျိုင်းလာခြင်းနှင့်
  • အပင်ကြီးထွားနှုန်း (CGR) အထွတ်အထိပ်ကိုရောက်ရှိလာခြင်း

စသည်တို့ပေါင်းဆုံသော အပင်အားကောင်းမောင်းသန်ကြီးထွားလာသောကာလ ဖြစ်သည်။ အပင်ပေါက်ပြီး ၅ လမှ ၈ လ အတွင်းကာလဖြစ်သည်။

ကြံပင်၏ပင်ပွား ပွားစီးသောကာလမှ ကြံပင်အမြင့်ရှည်ထွက်လာသောကာလသို့ ကူးပြောင်းခြင်းဖြစ်စဉ်မှာ အလင်းရောင်နှင့်အပင်ဟော်မုန်း၏ လှုံ့ဆော်မှုပါဝင်သည်ဟု ယူဆရပါသည်။

အပင်ကြီးထွားမှုဟော်မုန်းသည် ကြံရွက်ထိပ်ဖျားများ၌ စတင်ကိန်းအောင်းလာသည်။ ၎င်းဟော်မုန်းသည် ကြံပင်စည်အဆစ်ရှည်ထွက်ခြင်းကို အားပေးပြီး ကြံပင်အောက်ခြေသားတက်ထွက်သောခွဆုံများရှိ မျက်လုံးဖူးများမှ သားတက်ထွက်မလာအောင် ဖိနှိမ်ပေးတတ်သည်။

အလင်းရောင်ပြင်းအားများချိန်တွင် အပင်ထိပ်ဖျားမှ ဟော်မုန်းသည် အောက်ခြေသို့စီးဆင်းမှုနည်းသဖြင့် ပင်ပွားသားတက်ခွဆုံသို့ရောက်မလာတော့ပဲ ကြံဆစ်၏မျက်လုံးဖူးများမှ သားတက်သစ်များဝေဝေဆာဆာထွက်လာခွင့်ရသည်။ ဟော်မုန်းများအောက်ကိုမရောက်၍ ကြံပင်အဆစ်များလည်း ရှည်ထွက်လာခြင်းမရှိပေ။

ကြံပင်ပေါက်လာချိန်မှ ကြံပင်အတန်းမပိတ်မီကာလအတွင်း အပင်အောက်ခြေသည် အလင်းရောင်ပြင်းအားများများရရှိ၍ ကြံပင်ပွားများထွက်ပေါ်လာကာ အပင်အမြင့်ရှည်ထွက်ခြင်းမရှိဘဲ ကြံပင်ပွားများသာ ဆက်တိုက်ထွက်ပေါ်လာသည်။ အပင်သက်တမ်း ၃ လခွဲမှ ၅ လခွဲ အရောက်တွင် ရွက်အုပ်မိုးများ ဖြန့်ကျက် ကာ အတန်းပိတ်သွားသည်။ 

ကြံပင်အတန်းမပိတ်မီကာလမှ ကြံပင်များအဆစ်တက်ရှည်ထွက်သည့်ကာလအတွင်း နောက်မှထွက်သော သားတက်များသည် လောင်းရိပ်မိခြင်း၊ အာဟာရဓာတ် မပြည့်စုံခြင်းတို့ကြောင့် ချိနဲ့ကာ တဖြည်းဖြည်းနှင့် သေကျေ ပျက်စီးလိုက်လာသည်။ ပင်ပွားသေဆုံးမှုမှာ ၂၀% မှ ၄၀% အထိပင်ရှိတက်သည်။

ယေဘုယျအားဖြင့် ပင်ပွား ၃ ခု ထွက်လျှင် တစ်ခုသာ ကြိတ်ဝါးနိုင်သောအဆင့်အတန်း (Millable Cane) အဆင့်ကိုရောက်တတ်သည်။ ထို့ကြောင့် ပင်ပွားအမြောက်အများထွက်ချိန်ကာလမှ အပင်အဆစ်တက်ချိန်ကာလအတွင်း မြေဩဇာကျွေးခြင်း၊ ရေသွင်းခြင်း၊ ဘောင်လုံးဘောင်ဖြဲခြင်း စသောစနစ်များကို စံချိန်ကိုက်ဆောင်ရွက်နိုင်မှသာ စက်သွင်းကြံအဆင့်မီသောကြံချောင်းကို များနိုင်သမျှများများ ရနိုင်မည်ဖြစ်ပါသည်။

ဤကာလသည် အောက်ပါပုံရှိ အထွက်နှုန်းမိတ်ဖက်လက္ခဏာများ ဖြစ်ထွန်းမှုအတွက် အရေးကြီးသောကာလဖြစ်သည်။  

ကြံပင်အတန်းပိတ်ကာလ၌ အပင်အောက်ခြေတွင် အလင်းရောင်ပြင်းအားလျော့ကျလာ၍ အရွက်ထိပ်ဖျားများမှဟော်မုန်းသည် အောက်ခြေသို့ လျင်မြန်စွာ စီးဆင်းလာကာ  ကြံပင်အရင်းသားတက်အဆစ်များမှ မျက်လုံးဖူးများကို ဖိနှိမ်လိုက်သောကြောင့် ပင်ပွားထွက်မှုရပ်တန့်သွားသည်။

ဟော်မုန်း၏လှုံ့ဆော်မှုဖြင့် ကြံပင်ဆစ်ကြားများရှည်ထွက်လာကာ ကြံပင်ခါးဆန့်၍မြင့်တက်လာသည်။ အရပ်အခေါ် ကြံပင်စည်များအဆစ်တက်လာသည်။ ကြံပင်၏ပင်ပွား ပွားစည်းခြင်းအဆင့်မှ ကြံပင်မြင့်တက်လာခြင်းအဆင့်သို့ ကူးပြောင်းသွားခြင်းဖြစ်သည်။ ထိုကာလ၌ မြေအစိုဓာတ်ကောင်းဖို့လိုသည်။ ပင်ပွား ပွားစီးချိန်ကာလ၌ ဓာတ်မြေဩဇာအလုံအလောက် ကျွေးထားပြီးဖြစ်လျှင် အပင်အဆစ်တက်လာသည်။ အာဟာရဓာတ်အတွက် ထပ်မံဖြည့်တင်းရန်မလိုတော့ပေ။

အပင်ကြီးထွားမှုကာလသည် မြေအစိုဓာတ်ကောင်းခြင်း၊ အပူချိန် ၂၅ႚ မှ ၃၀ႚ ဆဲလ်စီးယပ်စ်ဝန်းကျင် မြင့်မား ခြင်း၊ အာဟာရဓာတ်ပြည့်စုံခြင်းနှင့် နေရောင်ခြည်ကောင်းစွာရခြင်းတို့ကိုပေါင်းဆုံရရှိလျှင် ကြံပင်၏အမြင့်သည် တစ်ရက်လျှင်တစ်လက်မနှုန်း ရှည်ထွက်လာသည်။ အပင်ကြီးထွားနှုန်း (CGR) အမြင့်ဆုံးထိ ရောက်သော ကြံပင်သည် စိုက်ပြီး (၇) လ အချိန်တွင် စိုက်ခင်းတစ်မီတာပတ်လည်ပေါ်မှ တစ်ရက်လျှင် ဒြပ်ခြောက် (၂၆) ဂရမ်နှုန်း တိုးတက်လာသည်။ ကြံလမိုင်းအတွက်မူ (၁၁) ဂရမ်နှုန်းရှိသည်။ ကြံပင်ကြီးထွားမှုနှုန်းသည် စိုက်ပြီး (၁၀) လကြာ အထိ ဆက်တိုက်မြင့်တက်ပြီး ၎င်းနောက်ပိုင်းကျဆင်းသွားသည်။

အပူချိန် ၁၂ႚ ဆဲလ်စီးရပ်အောက်ရောက်လျှင် ကြံပင်မြင့်တက်လာခြင်းသည် ရပ်တန့်သွားသည်။ ရှမ်းပြည်ကြံစိုက်ဒေသများ၌ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အပူချိန် ၁၂ႚ ဆဲလ်စီးယပ်စ်အောက် ကျဆင်းနိုင်သဖြင့် ၎င်းအချိန်တွင် အပင်ကြီးထွားမှုအမြင့်ဆုံးအဆင့်သည် ကုန်လွန်ပြီးဖြစ်ရန်လိုအပ်သည်။ မိုးစိုက်ကြံအဖြစ် ဇွန်လတွင်စိုက်သောကြံသည်  အပင် (၇)လသား ဒီဇင်ဘာလတွင် ကြီးထွားမှုရပ်တန့်သွားမည်ဖြစ်၍ ၎င်းကိုမျိုးအဖြစ် ပုံမှန်စိုက်ကြံခင်းအတွက်သုံးလျှင် သင့်လျော်နိုင်သည်။ 

အပင်ကြီးထွားသောကာလ၌ မြေအစိုဓာတ်ပြတ်သွားလျှင် မိုးခေါင်ဒဏ်ခံနိုင်သောကြံမျိုးကို စိုက်ပျိုးထားပါက ကြီးထွားမှုသည် ပုံမှန်အတိုင်း ဆက်တိုက်တိုးတက်နိုင်ပါသေးသည်။ မှတ်တမ်းမှတ်ရာထားလိုသူများအတွက် ကြံပင်အမြင့်ကို အပင်ပေါက်ပြီး တစ်လသားမှစ၍ ခုတ်ချိန်အထိ တစ်လလျှင်နှစ်ကြိမ် တိုင်းတာမှတ်တမ်းတင်သွားပါက ထိုကြံမျိုး၏အပင်အမြင့်ကြီးထွားနှုန်းသိရှိနိုင်ပါသည်။ ကြံမျိုးအလိုက်ရာသီမရွေးအပင်အမြင့် ပုံမှန်ရှည်ထွက်သော ကြံမျိုးကိုရှာဖွေထားခြင်းဖြင့် အထွက်ကောင်းသောကြံမျိုးကို မိမိကြံခင်းအတွက် ကိုယ်တိုင်ရွေးချယ် ရရှိနိုင်ပါသည်။

ကြံပင်အမြင့်ကို တိုင်းတာခြင်း

စံသိန်း(စိုက်ပျိုးရေး)   

October 14, 2022

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်