ဝက်ဘက်တီးရီးယားရောဂါနှင့် ဝက်များရောဂါမကျအောင် ကာကွယ်နည်းများ

26/07/2022 15:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်မွေးမြူသူများအနေဖြင့် မိမိတို့မွေးမြူထားသောဝက်များ မည်သို့မည်ပုံ ရောဂါကျရောက်တတ်သည်ကို သိရှိထားရန်လိုပါသည်။ 

ဝက်များရောဂါဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများမှာ ..

  • ၁။ ရောဂါပိုးမွှား အမျိုးမျိုးဝင်ရောက်ခြင်း၊
  • ၂။ ကိုယ်တွင်းဖြစ်စဥ်များ ချို့ယွင်းခြင်း(သို့)ပြောင်းလဲသွားခြင်း၊
  • ၃။ ပြင်ပမှထိခိုက်ဒဏ်ရာ ရရှိခြင်း၊
  • ၄။ အာဟာရချို့တဲ့ခြင်း၊
  • ၅။ ပတ်ဝန်းကျင်မှ သဘာဝဖိစီးမှုဒဏ်များ ရရှိခြင်း၊
  • ၆။ အဆိပ်ဖြစ်စေသော အစာများ စားသုံးမိခြင်း၊
  • ၇။ မွေးရာပါချို့ယွင်းချက်ရောဂါများ ပါရှိလာခြင်း၊
  • ၈။ မသန့်ရှင်းသောလေကို ရှူရှိုက်မိခြင်း၊
  • ၉။ ကာကွယ်ဆေးထိုးနှံမှု မရှိခြင်း စသည့်အချက်များကြောင့် ဖြစ်သည်။

ဝက်များတွင် ဖြစ်ပွားလေ့ရှိသောရောဂါများထဲမှ ယခုဖော်ပြမည်မှာ Pasteurella ဘက်တီးရီးယားကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအကြောင်းဖြစ်သည်။ ယခုရောဂါကို အဓိကဖြစ်စေခြင်းမှာ Pasteurella multocida ဟု ခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်သည်။

ရောဂါဖြစ်ပွားစေသည့် အကြောင်းရင်း

အဆိုပါရောဂါသည် အဆုတ်အအေးမိခြင်း(Pneumonia)ကို အဓိကဖြစ်ပွားစေပြီး အချို့အခြေအနေများတွင် နောက်ဆက်တွဲရောဂါအနေဖြင့် ဝင်ရောက်လာတတ်ပါသည်။ (ဥပမာ-ဝက်နားရွက်ပြာရောဂါဖြစ်ပွားနေသောဝက်တွင် နောက်ဆက်တွဲရောဂါအနေဖြင့် ဝင်ရောက်ခြင်း)

ရောဂါလက္ခဏာများ

ရုတ်တရက်ရောဂါဝင်ရောက်လာပါက ..

  • အပူချိန်မြင့်တက်ခြင်း၊
  • အသက်ရှူမြန်ခြင်း၊
  • နားရွက်များအေးစက်ခြင်း၊
  • အရောင်ဖျော့လာခြင်း၊
  • အဆုတ်အအေးမိခြင်း

စသည်တို့ကို တွေ့ရပြီး သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။ထို့ပြင် ချောင်းဆိုးခြင်း၊ ပိန်ချုံးခြင်း၊ နှလုံးဖုံးအမြှေးပါးရောင်ခြင်းတို့ကိုလည်း တွေ့ရနိုင်ပါသည်။

ကုသခြင်းနှင့် ကာကွယ်ခြင်း

  • ဝက်ရောဂါအများအပြားတွင် နောက်ဆက်တွဲရောဂါအဖြစ် ဝင်ရောက်လေ့ရှိသောကြောင့် ပဋိဇီဝဆေးဖြင့် ကုသနိုင်ပါသည်။
  • ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ကာကွယ်ပေးနိုင်ပါသည်။

ဝက်များရောဂါမဖြစ်စေရန် လိုက်နာသင့်သည့်အချက်များ

  • ၁။ အဆောက်အဦကို နေရောင်ခြည်ကောင်းစွာရရှိအောင် စီမံခြင်း၊
  • ၂။ လေဝင်လေထွက် ကောင်းမွန်၍ ခြောက်သွေ့သန့်ရှင်းသော အခင်းများဖြစ်ခြင်း၊
  • ၃။ ရာသီဥတုအေးလွန်းသည့်အချိန်တွင် အနွေးဓာတ်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊
  • ၄။ ကြမ်းခင်းများ ခြေချော်မှုမရှိစေရန် စီမံပေးခြင်း၊
  • ၅။ အာဟာရဓာတ်ပြည့်ဝသောအစာကို လုံလောက်စွာ ကျွေးပေးခြင်း၊
  • ၆။ ခြံသန့်ရှင်းရေးနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခြင်း၊
  • ၇။ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခြင်း၊
  • ၈။ ပဋိဇီဝဆေးများကို တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း တိုက်ကျွေးခြင်းတို့ဖြစ်ပါသည်။

ကာကွယ်ဆေးထိုးရမည့်အစီအစဥ်

          ရောဂါအမည်      အသက်(ရက်)      ကာကွယ်မှုသက်တမ်း

            ဝက်ဝမ်းကျ           ၄၅                      ၁ နှစ်

            ဝက်ပုလိပ်             ၆၅                      ၆ လ          

          ခွာနာလျှာနာ            ၆၀                     ၁ နှစ်

ဝက်ခြံအတွင်းကူးစက်ရောဂါများ ဝင်ရောက်လာပါက ဆောင်ရွက်ရန်နည်းလမ်းများ

  • ၁။ ရောဂါပိုးများကူးစက်ရာတွင် ၁ ကောင်မှ ၂ ကောင်သို့၊ တစ်ခြံမှ တစ်ခြံသို့ လေမှလည်းကောင်း၊ ရေမှလည်းကောင်း၊ ခြံသို့လာရောက်သောလူမှ လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် ကူးစက်နိုင်ပါသည်။ 
  • ၂။ ဝက်ခြံတစ်ခြံတွင် ရောဂါဖြစ်နေသောဝက်နှင့် အခြားဝက်များကို သီးသန့်ခွဲထားရပါမည်။
  • ၃။ သေဆုံးသောဝက်ကို မီးရှို့ပစ်ခြင်း (သို့) တွင်းနက်နက်တူး၍ မြေမြှုပ်ခြင်းများကို ဆောင်ရွက်ရပါမည်။ ရေတွင်မျှောခြင်း၊ အခြားတစ်နေရာသို့ သွားရောက်စွန့်ပစ်ခြင်း မပြုလုပ်ရပါ။
  • ၄။ ရောဂါဖြစ်သောဝက်ကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်သွားခြင်း၊ ရောင်းချခြင်း မပြုရပါ။ 
  • ၅။ ရောဂါဖြင့် သေဆုံးသောခြံကို ပိုးသတ်ဆေးများပက်ဖျန်း၍ သန့်ရှင်းရေးပြုလုပ်ပြီး အနည်းဆုံး ၂ ပတ်ကြာမှသာ ဝက်အသစ်ထပ်မံထည့်ရပါမည်။
  • ၆။ ဝက်ခြံအတွင်းသို့ ဝက်အသစ်များ မထည့်မီ ၁ ပတ်ခန့် သီးခြားခွဲထားပြီး ရောဂါမရှိကြောင်း သေချာမှသာလျှင် ဝက်ခြံထဲသို့ ထည့်ပါ။
  • ၇။ ကူးစက်ရောဂါဟု သံသယရှိပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ သတင်းပို့ရမည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်