ပိုက်လှောင်အိမ်ဖြင့် တီလားပီးယားငါးမွေးမြူနည်း (၁)

08/02/2023 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ရေလျှော့ချခြင်းနှင့် ပိုက်ဆွဲဖမ်းယူခြင်း မပြုလုပ်နိုင်သော တည်ရှိဆဲရေပြင်နှင့် ရေသတ္တဝါမွေးမြူရန်အတွက် သင့်တော်မှုမရှိသောရေပြင်အနေအထားတို့တွင် လှောင်အိမ်ဖြင့် မွေးမြူခြင်း၊ ပိုက်လှောင်အိမ်အတွင်း ငါးထည့်သွင်းမွေးမြူခြင်းကို အသုံးချနိုင်ပါသည်။

သဘာဝရေကန်များ၊ ရေလှောင်ကန်ကြီးများ၊ ငါးမွေးမြူကန်များ၊ မြစ်များ၊ ရေထုတ်တူးမြောင်းများ၊ မြစ်ဝဒေသများနှင့် ကမ်းရိုးတန်း ပတ်ဝန်းကျင်ဒေသများ စသည်တို့တွင် မွေးမြူနိုင်ပါသည်။

တီလားပီးယားငါးမျိုးကို လှောင်အိမ်ဖြင့်မွေးမြူခြင်းဖြင့် ထည့်သွင်းမွေးမြူမှုနှုန်း တိုးမြှင့်နိုင်ခြင်း၊ ရှင်သန်နှုန်းမြင့်မားခြင်း၊ ကြီးထွားနှုန်းမြင့်မားခြင်း၊ ထွက်ကုန်မြင့်မားခြင်း၊စီမံခန့်ခွဲခြင်းနှင့် ပြန်လည်ဖမ်းဆီးရာ၌ လွယ်ကူခြင်း၊ အသားတိုးမွေးမြူကာလ တိုတောင်းခြင်း စသည့်အကျိုးကျေးဇူးများ ရနိုင်ပါသည်။

လှောင်အိမ်ဖြင့်မွေးမြူခြင်းသည် တီလားပီးယားမွေးမြူခြင်းလုပ်ငန်းအတွက် အဓိကကျသောမွေးမြူနည်းစနစ်ပုံစံတစ်ရပ်ဖြစ်သည်။ နာမည်ကြီးကျော်ကြားသော အမှတ်တံဆိပ်တစ်ခုထူ ထောင်ရန် ပံ့ပိုးသည့်အနေဖြင့် ရေအရည်အသွေးကောင်းမွန်သော ရေလှောင်ကန်ကြီးများနှင့် သဘာဝကန်ကြီးများတွင် လှောင်အိမ်ဖြင့်မွေးမြူခြင်းကို လုပ်ဆောင်ခြင်းဖြင့်ထုတ်ကုန်၏ အရည် အသွေးကို မြှင့်တင်နိုင်ပါသည်။

တီလားပီးယားငါးကို လှောင်အိမ်စနစ်ဖြင့် မွေးမြူရာတွင် -

၁။ လှောင်အိမ်ထားရှိရန် နေရာရွေးချယ်ခြင်း

(က) ရေအနက်

လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်းအတွက် ရေအနက်သည် (၂) မီတာကျော်အနက် ဖြစ်ရမည်ဖြစ်ပြီး လှောင်အိမ်၏အောက်ခြေသည် ရေပြင်အောက်ခြေနှင့် အနည်းဆုံး(၁)မီတာ ဝေးကွာရမည် ဖြစ် သည်။ ရေအလွန်နက်သောနေရာများဆိုပါက နွေရာသီ၌ ပျော်ဝင်အောက်စီဂျင်နိမ့်ကျသော ပြဿနာများပို၍ဖြစ်တတ်သော သဘောရှိပါသည်။

(ခ) ရေအရည်အသွေး

လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်းကို ရေပြင်ကျယ်ပြီး ရေအရည်အသွေးကောင်းမွန်၍ ရေနက်သောနေရာများဖြစ်သည့် သဘာဝရေကန်များ၊ မြစ်များတွင် များသောအားဖြင့် လုပ်ဆောင်ကြပါသည်။ လှောင်အိမ်ကို လေကွယ်ပြီး ရေစီးနှုန်းနှေးသောနေရာ၊ ရေနက်သောနေရာများတွင် ထားရှိရပါမည်။ ရေစီးနှုန်းသည် တစ်စက္ကန့်လျှင် ၀.၁ မီတာမှ ၀.၂ မီတာသာရှိသော ရေပြင်ဖြစ်ရပါမည်။

(ဂ) ရေပြင်အောက်ခြေအခြေအနေ

လှောင်အိမ်ထားရှိမည့် ရေပြင်၏ အောက်ခြေကြမ်းပြင်သည် ရေပေါက်ပင်များနှင့် ကာလကြာရှည် ပြဿနာများ ဖြစ်နိုင်သည့်နေရာ မဖြစ်ရပါ။ ရေပြင်အောက်ခြေသည် ရေနောက်ကျိခြင်းမှ ကာကွယ်ရန် ရွံ့စေးမြေအောက်ခြေ ကြမ်းပြင် ဖြစ်ရပါမည်။

(ဃ) အခြားသော အကြောင်းအရာများ

  • လှောင်အိမ်များတပ်ဆင်ထားရှိမည့်နေရာသည် ရေကြောင်းသွားလာမှု အဓိကလုပ်ဆောင်နေသောနေရာများကို ပိတ်ဆို့ခြင်း မဖြစ်စေရပါ။
  • ပုံမှန်စီမံခန့်ခွဲမှု ပြုလုပ်ရန်အတွက်လည်း လွယ်ကူအဆင်ပြေသောနေရာ ဖြစ်ရပါမည်။
  • လှောင်အိမ်များထားရှိမည့် ရေပြင်နေရာသည် မျက်နှာပြင်၌ အညစ်အကြေးများဖြင့် အဆီဝေ့နေသောရေပြင် မဖြစ်ရပါ။ အောက်စီဂျင်လျော့နည်းသောပြဿနာများ ဖြစ်ပွားသောနေရာလည်း မဖြစ်ရပါ။
  • မွေးမြူကာလအတောအတွင်း ရေမျက်နှာပြင်၏ အနိမ့်အမြင့်အတက်အကျသည်(၀.၇) မီတာမှ (၁.၀) မီတာအထိ မဖြစ်စေရပါ။

၂။ လှောင်အိမ်ပုံစံ ဒီဇိုင်းထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်း

(က)လှောင်အိမ်အမျိုးအစားများ

ရေလှောင်ကန်ကြီးများ၌ အသုံးပြုမည့် လှောင်အိမ်များသည် ရေပေါ်လှောင်အိမ်များဖြစ်ရမည်ဖြစ်ပြီး ရေတိမ်သော သဘာဝရေကန်ကြီးများတွင်မူ လှောင်အိမ်များကို ပုံသေတပ်ဆင်အသုံးပြုနိုင်ပါသည်။ လက်ရှိတွင် ရေစီးနေသော မြစ်များအတွင်းတွင် အသုံးပြုရန်အတွက် လှေသင်္ဘောပုံစံလှောင်အိမ်များ ရရှိနိုင်နေပြီဖြစ်ပါသည်။

ရေစီးနေသောဆည်မြောင်းများအတွင်းတွင်မူ ငါးအစာကျွေးခြင်း ထိရောက်စေရန် အတိုင်းအတာအားဖြင့် ၂ မီတာ x ၂ မီတာ x ၁ မီတာ ရှိသော အသေးစားသတ္တုလှောင်အိမ်များ အသုံးပြုနိုင်ပါသည်။ 

ရေပေါ်ပေါ်သောဖောင်သည် လုပ်ငန်းရပ်(၂) ခုကို ဆောင်ရွက်ပါသည်။ ၎င်း၏ အဓိကလုပ်ငန်းရပ်မှာ ရေမျက်နှာပြင်အနိမ့်အမြင့် ပြောင်းလဲသော်လည်း ရေဝင်ရေထွက်ကောင်းပြီး လှောင်အိမ်တစ်ခု၏စံနှုန်းတစ်ရပ်အတိုင်း ထိန်းထားရန် အသုံးပြုပါသည်။ ငါးမွေးမြူသူများမှ ၎င်းဖောင်ပေါ်တွင် အလုပ်လုပ်နိုင်ရန် တည်ငြိမ်သော အခြေခံအဖြစ်လည်း အသုံးပြုပါသည်။

ရေပေါ်ပေါ်သည့်ဖောင်များတွင် အဓိကအားဖြင့် ကိုယ်ထည်နှင့် ဘောများပါဝင်ပါသည်။ အသုံးပြုမည့် ငွေကြေးပမာဏ၊ လှောင်အိမ်ထားရှိမည့်နေရာ၏ ပတ်ဝန်းကျင်အခြေအနေများနှင့် အလုပ်လုပ်ရန်အတွက် လိုအပ်သောတည်ငြိမ်မှုအတိုင်းအတာများပေါ်မူတည်၍ ဖောင်များ၏ပုံစံအမျိုးမျိုး ကွဲပြားပါသည်။ အသုံးစရိတ်တိုးမြင့်လာခြင်းနှင့်အတူ အောက်ဖော်ပြပါ ဖောင်ပုံစံများရရှိနိုင်ပါသည်။

  • (၁) ဝါးနှင့် ဖော့တုံးများ
  • (၂) စတီးလ်ပိုက်များနှင့် စည်ပိုင်းများ
  • (၃) ရေပေါ်ပေါ်သော ပလတ်စတစ်ဖရိန်ဖောင်များ
  • (၄) စက်ဝိုင်းပုံ ရေပေါ်ပေါ်သော လှောင်အိမ်ဖရိန်များ
  • (၅) လေးထောင့်ပုံ စတီးလ်ဖရိန်ဖြင့် ရေပေါ်လှောင်အိမ်တွဲများဟူ၍ ရှိကြပါသည်။

Ref; ငါးလုပ်ငန်းဦးစီးဌာန။

(အပိုင်း-၂ တွင် ဖောင်ပြုလုပ်နည်း(၅) မျိုးကို ဆက်လက်ဖော်ပြပေးသွားပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်