စီးပွားဖြစ် မွေးမြူသင့်သော တီလားပီးယားငါး 

09/12/2021 10:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

   တီလားပီးယား ငါးမျိုးသည် အပူပိုင်းဒေသငါးမျိုးစိတ်ဖြစ်ပြီး အနိမ့်ဆုံး ၁၁ ဒီဂရီ ဆဲလ်စီးယပ်မှ အမြင့်ဆုံး ၄၂ ဒီဂရီ ဆဲလ်စီးယပ်ထိ ခံနိုင်ရည်ရှိပြီး (၃၁-၃၆) ဒီဂရီဆဲလ်စီးယပ်၌ ကြီးထွားနှုန်း အကောင်းဆုံး ဖြစ်သည်။ အစုံစားငါးမျိုးဖြစ်ပြီး အပူပိုင်းဒေသတွင် တစ်နှစ်ပတ်လုံး မျိုးပွားသားပေါက်နိုင်သဖြင့် စီးပွားဖြစ် မွေးမြူသင့်သော ငါးအမျိုးအစားတွင် ပါဝင်နေ၍ တီလားပီးယား အသားတိုးမွေးမြူနည်းကို ဖော်ပြပေးပါမည်။

တီလားပီးယား အသားတိုးမွေးမြူခြင်း

တီလားပီးယား အသားတိုးမွေးမြူဖို့ အလျှားရှည်၍ အနံတိုသော ကန်အား ရေအနက် ၄ပေ တူးဖော်ရပါမည်။ 

တစ်ပိုင်တစ်နိုင်အတွက် 

- ၅၀ ပေ x ၂၅ ပေ x ၄ ပေ, ၁ဝဝ ပေ x ၁၀၀ ပေ x ၄ ပေ  

စီးပွားဖြစ်အတွက်          

- ၄၀၀ ပေ x ၁၀၀ ပေ x ၄ ပေ ရှိရပါမည်။

ကန်တူးဖော်ခြင်း

- မြေအမျိုးအစားကို လိုက်၍ ၁ဧကလျှင် ထုံး (၆၀-၃၀၀) ပိဿာနှုန်း၊ နွားချေး၊ ကြက်ချေး တင်း (၁၅၀)နှုန်း ထည့်သွင်း၍ ရေဖြည့်ပေးရပါမည်။

- တစ်ပါတ်မှ ၁၀ ရက်အတွင်း သြဇာဓါတ်ပြည့်ဝ၍ ကန်ရေအရောင် စိမ်းလာလျှင် ငါးထည့်သွင်းမွေးမြူနိုင်ပြီဖြစ်ပါသည်။

ငါးထည့်သွင်းမွေးနှုန်း

- တစ်ဧကကန်အတွက် ငါးသားပေါက် ငါးသန်အရွယ် (၅၀၀၀) နှုန်း ထည့်သွင်းမွေးမြူနိုင်ပါသည်။

- ၁ဧက မှ ၂.၅ဧက အကျယ်အထိ တူးဖော်မွေးမြူကြပါသည်။

-၂.၅ဧက နှင့် အထက် ကန်ကြီးများတွင် အခြားငါးမျိုးများနှင့် ရောနှော မွေးမြူကြပါသည်။

အစာကျွေးနှုန်း

အစာအဖြစ် ဖွဲနု၊ စပ်စာအမှုန့် (ဖွဲနု၊ ပဲဖတ်၊ ငါးပေါင်းမှုန့်)၊ အစာတောင့် (အသားဓါတ် ၂၅-၂၈ %)များကို ခန္ဓာကိုယ်အလေးချိန်၏ ၅% မှ ၃% အထိ တွက်ချက်ကျွေးမွေးရပါမည်။

ကြီးထွားနှုန်း 

- ဖွဲနု ၄ပိဿာကျွေးလျှင် ငါးတစ်ပိဿာ အသားတိုးနိုင်ပါသည်။

- စပ်စာ ၃ပိဿာကျွေးလျှင် ငါးတစ်ပိဿာ အသားတိုးနိုင်ပါသည်။

- အစာတောင့် ၂ပိဿာကျွေးလျှင် ငါးတစ်ပိဿာ အသားတိုးနိုင်ပါသည်။

အစာနိုင်ပါက ၆လအတွင်း တီလားပီးယားငါး တစ်ကောင်လျှင် ၁၅-၂၅ ကျပ်သားအထိ ကြီးထွားနိုင်ပါသည်။ ကန်တွင်းရေသြဇာ (သဘာဝအစာ) ပေါများပါက အစာကုန်ကျမှုသက်သာကာ ငါးထုတ်လုပ်မှုစရိတ် လျော့နည်းစေပါသည်။

Ref; ငါးလုပ်ငန်းဦးစီးဌာန 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်