အပင်ငယ်များပြောင်းရွှေ့စိုက်ပျိုးရာတွင် သတိပြုသင့်သည့်အချက်များ
(က) ပျိုးပင်သက်တမ်း

- ယေဘုယျအားဖြင့် ပျိုးပင်များကို ငယ်ရွယ်စဉ်တွင် ပြောင်းရွှေ့စိုက်ပျိုးသင့်ပါသည်။ သက်တမ်းနုသော ပျိုးပင်များသည် အပင်နာလန်ထမှု ပိုမိုမြန်ဆန်သည်။
- သို့ရာတွင် သတိပြုသင့်သည်များကတော့ ပျိုးပင်သက်တမ်းနုလွန်းလျှင် ပျိုးပင်များကို ကိုင်တွယ်ရာ၌ အခက်အခဲ ရှိတတ်သလို ပျိုးပင်သက်တမ်း ရင့်လွန်းလျှင်လည်း အပင်နာလန်ထမှု နှေးတတ်ပြီး အသေအပျောက် များတတ်ခြင်းဖြစ်သည်။
(ခ) ပြောင်းရွှေ့စိုက်ပျိုးရမည့်အချိန်
- ပျိုးပင်များကို ညနေပိုင်းတွင် ပြောင်းရွှေ့စိုက်ပျိုးလျှင် အကောင်းဆုံး ဖြစ်သည်။ မိုးအုံ့သောနေ့များ၊ မိုးဖွဲဖွဲရွာသောနေ့များတွင်လည်း ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။
- သို့မှသာ ပြင်းထန်သော နေရောင်ခြည်နှင့် ကင်းလွတ်သဖြင့် အပင်ညှိုးနွမ်းမှုသက်သာပြီး လျင်မြန်စွာ အပင်နာလန်ထစေနိုင်ပါသည်။
(ဂ) ပြောင်းရွှေ့စိုက်ပျိုးရာတွင်သတိပြုရမည့်အချက်များ

- (၁) အပင်များကိုပြောင်းရွှေ့စိုက်ပျိုးရာတွင် သင့်လျော်သည့်ပင်ကြား၊ တန်းကြားအကွာအဝေးနှင့် စိုက်ပျိုးရမည်။
- (၂) ပျိုးခင်းနှင့် စိုက်ခင်းရှိ စိုက်ကျင်းအနက်များ တူညီရန်ဂရုပြုရမည်။ စိုက်ကျင်းနက်ခြင်း၊ တိမ်ခြင်းမရှိစေရန် ဂရုပြုရမည်။
- (၃) စိုက်သည့်အခါတွင် ပျိုးပင်အမြစ်များ ခွေေခေါက်ခြင်းမဖြစ်စေရန် ဂရုပြုရမည်။
- (၄) စိုက်ချိန်၌စိုက်ခင်းတွင် အစိုဓာတ်လုံလောက်စွာရှိရမည်။
- (၅) ပုံတွင်ပြထားသည့်အတိုင်း စိုက်ပျိုးပြီး အပင်ငယ်များအား အရိပ်အမိုးများ ပြုလုပ်ပေးခြင်းဖြင့် အပင်နာလန်ထမှု မြန်ဆန်စေသည်။
- (၆) ပျိုးပင်တွင် အရွက်များလွန်းနေပါက အချို့အရွက်များကိုခြွေပေးရမည်။
- (၇) ပြောင်းရွှေ့စိုက်ပျိုးရာတွင် အမြစ်ပတ်လည်ရှိမြေများအတွင်း လေဟာကွက်မရှိစေဘဲ အမြစ်နှင့် မြေကြီးကောင်းစွာထိတွေ့စေရန် မြေကြီးကို ကောင်းစွာဖိသိပ်ပေးရမည်။
- (၈) အပင်စိုက်ပြီးလျှင်ပြီးချင်း ရေလောင်းပေးရမည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko Nyi
လွန်ခဲ့သော ၂ နှစ် ကမြေထုတ်စည်းတာအမြစ်တွေထွက်လာပေမယ့် မြေချစိုက်တဲ့အခါမှာသေသေသွားတာဘာဖြစ်လို့လဲခဗျ။လမ်းပြပေးပါအုံးခဗျ။ကျေးဇူးတင်ပါတယ်။
ナィン ナィン
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးအထူးပါဗျာ☺️
Nilar Aung
လွန်ခဲ့သော ၃ နှစ် ကယ ယယ
Nilar Aung
လွန်ခဲ့သော ၃ နှစ် ကး ယ .
Nilar Aung
လွန်ခဲ့သော ၃ နှစ် ကယ ယ ယ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းမြေဆီကျွေးနည်းလေးသိချင်လို့ပါဗျ ရက်၊လ၊လေးပြောပေးပါလားဗျ
htike thu • ဖြေကြားချက် 0 ခု
မတ်ပဲ ရေလိုက်ကြဲမလို့ ပေါင်းသက်ဆေး ထိုးပီ ကြဲလိုက်လို့ အဆင်ပြေမလား ခုတ်ဖုံးလုပ်ဖို့ကျ မြတ်ရမ်းခတွေနဲ့ အဖိုးအခတွေပိုများသွားမလာလို့ အကြံပြုပါ
ကိုကောင်းကြီး • ဖြေကြားချက် 1 ခု
ဂန္ဓမာအောက်ရွက်ကျအရမပ်နဲနဲပုအဖူးကပ်ချင်နေပြီအောက်ခြေအရွက်ထွက်နိုင်ျသးလားအရပ်ရှည်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
မေးပါဦးမယ်ခင်ဗျ ပျိုးထောင်ပြီး ပြောင်းရွေ့စိုက်တဲ့စပါးခင်းတွေမှာ စပါးသက်တမ်းတွက်ရင် ပျိုးခင်းမှာ အညှောင့်ပေါက် စပက်ကျဲတဲ့ရက်က တွက်တာလား? ပျိုးခင်းစမ်းစစ်တဲ့ရက်က တွက်တာလား? ဘယ်ဟာက ပိုတိကျပါသလဲ? နောက်ပြီး ပြောင်းရွေ့စိုက်ခင်းရောက်ရင် ကောက်ပင်လှန်ဖို့အမြစ်စွဲဖို့ရက်တွေပါ ထည့်တွက်ရတာလဲ ဟုတ်ပါသလား?
Chan Myae Htun • ဖြေကြားချက် 1 ခု
မစိုက်ခင် ထရိုက်ကိုဒါးမားဖြန်းပြီး မျိုးစေ့လူးနယ်ဆေးကို ဓာတုဆေး သုံးလို့ရလား သိချင်ပါတယ်
Thiha • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026