စစ်ဖြစ်နေပေမယ့် သီးနှံရနိုင်သမျှ စိုက်ပျိုးသွားမယ်လို့ ယူကရိန်းသမ္မတ ပြော

14/03/2022 12:12 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ရင်ဆိုင်နေရပေမယ့် ပြည်တွင်းမှာ သီးနှံကို ရနိုင်သမျှ စိုက်ပျိုးသွားကြရမယ်လို့ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးက သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

"ဒီနွေဦးရာသီမှာလည်း အရင်နွေဦးရာသီတွေနဲ့မခြား ကျွန်တော်တို့ဟာ စိုက်ပျိုးရေးကို အတောင်အလက် စုံစုံ စတင်လုပ်ဆောင်သွားကြရပါမယ်။ ရနိုင်သမျှအထိပေါ့" လို့ ဇလန်းစကီးက ရုပ်သံမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

"စိုက်ပျိုးရေးဟာ ကျွန်တော်တို့ရဲ့ ဘဝဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝ၊ ကျွန်တော်တို့ရဲ့ အနာဂတ် ဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

ယူကရိန်းဟာ ကောက်ပဲသီးနှံနဲ့ ဟင်းသီးဟင်းရွက်ဆီ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု အဓိကနိုင်ငံကြီးတစ်နိုင်ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်ထဲမှာ စစ်ပွဲကြောင့် သီးနှံထုတ်လုပ်မှုနဲ့ တင်ပို့မှု ကျဆင်းလိမ့်မယ်လို့ တာဝန်ရှိသူတွေနဲ့ တောင်သူလယ်သမားတွေက မျှော်လင့်ထားကြပါတယ်။

လယ်သမားတွေဟာ ဒီနှစ်မှာ နေကြာ၊ ဆီမုန်ညင်းနဲ့ ပြောင်းတွေ စိုက်ဧရိယာ လျှော့ချပြီး ပန်းဂျုံ၊ အုတ်ဂျုံနဲ့ လူး၊ ဆပ်စတဲ့ နှံစားသီးနှံတွေနဲ့ အစားထိုးဖွယ်ရှိတယ်လို့ ယူကရိန်းလယ်ယာကုန်စည်ထုတ်လုပ်သူများသမဂ္ဂက သောကြာနေ့ အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။

"နှစ်လယ်လောက်မှာ ရိတ်သိမ်းရမယ့် နွေဦးသီးနှံတွေကို အဓိကထား စိုက်ပျိုးသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ရှေ့လျှောက် ဘာဖြစ်လာမယ်ဆိုတာ မပြောနိုင်လို့ပါ" လို့ ယူကရိန်းစိုက်ပျိုးရေးကောင်စီရဲ့ လက်ထောက်အကြီးအကဲ မာချက်က ပြောပါတယ်။

"ပြည်သူပြည်သားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် အာဟာရပြည့်ပြည့်ဝဝ ကျွေးမွေးနိုင်အောင် ပန်းဂျုံနဲ့ ပဲတို့လို့ သီးနှံတွေကို အဓိကထား စိုက်သွားပါမယ်။ ဒီသီးနှံတွေဟာ ပေါ်လွယ်ပြီး ယူကရိန်းကို စားနပ်ရိက္ခာ ဖူလုံစေပါလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။

ယူကရိန်းဟာ ပုံမှန်အားဖြင့် နွေဦး စိုက်ရေးပျိုးရေးလုပ်ငန်းတွေကို ဖေဖော်ဝါရီလကုန် ဒါမှမဟုတ် မတ်လထဲလောက်မှာ စတင်လေ့ရှိပါတယ်။ လယ်သမားတွေဟာ စစ်ဘေးကင်းလွတ်တဲ့ဒေသတွေမှာ စိုက်ပျိုးရေးကို အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် စတင်သွားမယ်လို့ ပြောပါတယ်။

စစ်ကြောင့် ဖြစ်ပေါ်တဲ့ လောင်စာဆီပြတ်လပ်မှုဟာ လယ်သမားတွေအတွက် အဓိကပြဿနာ ဖြစ်လာမယ်လို့ စိုက်ပျိုးရေးဒုဝန်ကြီး တာရက်ဗီဆော့စကီးက ပြောဆိုပြီး လယ်သမားတွေဆီမှာ နွေဦးသီးနှံ စိုက်ပျိုးဖို့ မျိုးစေ့တွေတော့ အလုံအလောက် ရှိနေတယ်လို့ ဆိုပါတယ်။

ယူကရိန်းဟာ ကျူးကျော်စစ် ရင်ဆိုင်နေရချိန်မှာ ရိုင်းဂျုံ၊ အုတ်ဂျုံ၊ လူး၊ ဆပ်၊ ပန်းဂျုံ၊ ဆား၊ သကြား၊ အသားနဲ့ မွေးမြူရေးတိရစ္ဆာန် တင်ပို့မှုကို ဆိုင်းငံ့ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဂျုံ၊ ပြောင်းဖူးနဲ့ နေကြာဆီ တင်ပို့မှုအတွက်လည်း လိုင်စင်ပါမှ ခွင့်ပြုဖို့ ပြဋ္ဌာန်းလိုက်ပါပြီ။

ကမ္ဘာ့နေကြာဆီတင်ပို့မှုထိပ်သီး ယူကရိန်းဟာ ရုရှားကျူးကျော်စစ် မစတင်ခင်တုန်းကတော့ ၂၀၂၁/၂၂ ရာသီအတွင်း ပြောင်းတန်ချိန် ၃၃ သန်း၊ ဂျုံတန်ချိန် ၂၃ သန်းအပါအဝင် ကောက်ပဲသီးနှံ တန်ချိန် သန်း ၆၀ ကျော် တင်ပို့နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းခဲ့ပါတယ်။

ယူကရိန်းဟာ ကျူးကျော်စစ် မပြုခံရမီ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၂၀၂၁/၂၂ ရာသီအတွင်း ကောက်ပဲသီးနှံစုံ တန်ချိန် ၄၃ သန်း တင်ပို့ခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ယူကရိန်းဟာ ၂၀၂၁ ခုနှစ်အတွင်း သီးနှံထုတ်လုပ်မှု ၃၂ ရာခိုင်နှုန်း မြှင့်တင်ကာ တန်ချိန် ၈၅ ဒသမ ၇ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Ukraine to sow as many crops as possible this spring - President - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်