သိုး၊ ဆိတ်များ ဆီးကျောက်တည်ခြင်း

30/11/2021 10:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

သိုး၊ ဆိတ်များတွင် ဆီးကျောက်တည်ခြင်းကို ရံဖန်ရံခါတွေ့ရတတ်ပါတယ်။ အထီးတွေမှာ တွေ့ရများပါသည်။ အထူးသဖြင့် ငယ်စဉ်တည်းက သင်းကွပ်သော အထီးတွေမှာ အတွေ့ရများပါသည်။ လိုက်သိုးများတွင်လည်း ဖြစ်ပါတယ်။ အမတွေဖြစ်တတ်ပေမယ့် ရှားပါတယ်။

သိုး၊ ဆိတ်တွေ ဆီးကျောက်တည်တာကို မကုသမိရင် သေနိုင်ပါတယ်။ အဓိကက အစာကြောင့် ဆီးကျောက်တည်ပါတယ်။ ဆီးကျောက်အများစုကို ဖြစ်စေတာက ဆီးထဲမှာ မီးစုန်းဓါတ် (Phosphorus) များပြီး တဖြည်းဖြည်း အနည်ထိုင်ကာ အစိုင်အခဲ ဖြစ်လာခြင်းဖြစ်ပါတယ်။

သိုး၊ ဆိတ်တွေကို ကျွေးတဲ့ အစာမှာ ထုံးဓါတ် နှင့် မီးစုန်းဓါတ် (Calcium : Phosphorus) အချိုးသည် အနည်းဆုံး 2:1 ဖြစ်ရပါမယ်။ သို့သော် အစေ့ အဆံ များတွင် မီးစုန်းဓါတ်ပါဝင်မှုမှာ ထုံးဓါတ်ထက် များပါသည် (ဥပမာ ပြောင်းဆံ)။ ဒါကြောင့် အစာနု များများကျွေးတဲ့အခါ ဆီးကျောက်တည်နိုင်ပါသည်။ အထူးသဖြင့် Ca:P အချိုး မညီမျှသော အစာနုများဖြစ်ပါသည်။

ဒါ့အပြင် သိုး၊ ဆိတ်များ ရေသောက်နည်း၊ ဆီးသွားနည်းရင် ဒီပြသနာဖြစ်နိုင်တယ်လို့ မှတ်ယူရပါမည်။အတွေ့ရများတဲ့ ဆီးကျောက်များမှာ Calcium phosphate, magnesium ammonium phosphate, silicate, oxalate နှင့် calcium carbonate တို့ ဖြစ်ပါတယ်။

ရောဂါက္ခဏာများ

ဆီးကျောက်တည်တဲ့ ဆိတ်မှာ ညှစ်ပြီး ဆီးသွားတာကို တွေ့ရပါမယ်။ ဆီးသွားတိုင်း အော်ငြီး တတ်ပါတယ်။ ပြင်းထန်မှုကိုလိုက်လို့  ဆီးကလည်း နည်းနည်းလေး ကျတာကနေ တစ်စက် တစ်စက်သာ ကျတဲ့ အထိ တွေ့ရပါမယ်။ ပြင်းထန်တဲ့ အခြေအနေမှာ  သွေးရောင်ရှိတဲ့ ဆီးတွေသွားပါတယ်။ ဆီးကျောက်တည်တဲ့ ဆိတ်အများစုက မတ်တပ် ငြိမ်ငြိမ် နေတတ်ပါတယ်။ 

ကုသမှု

ကုသမှု အနေနဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်များ ခွဲစိတ်ကုသတာက ချက်ချင်းသက်သာပါတယ်။ 

ဒေသကိုလိုက်လို့ မိရိုးဖလာ နည်းများဖြင့်လည်းကုသနိုင်ပါတယ်။ သံပရာရည်ကို ၂၀ စီစီကနေ ၅၀ စီစီထိ ကိုယ်အလေးချိန် အနည်းအများကိုလိုက်ပြီးတော့ တိုက်တာကလည်း ထိရောက်ပါတယ်။ ဆီးပုံမှန်သွားတဲ့အထိ ပြန်တိုက်ပေးဖို့လိုပါတယ်။ (ဒါက မလေးရှားမှာ ဆိတ်မွေးသူတွေသုံးတဲ့ နည်းဖြစ်ပါတယ်)

ဆီးကျောက်မတည်အောင် ကာကွယ်တာက ကုသရတာထက် အများကြီး ထိရောက်ပါတယ်။

ကာကွယ်မှု

အစာ။  ။ အစာနုစပ်တဲ့ အခါ ထုံးဓါတ်နဲ့ မီးစုန်းဓါတ် အချိုးညီ ပါဝင်အောင်စပ်ပါ။ DCP တို့၊ ထုံး တို့ ဖြည့်စွက် စပ်နိုင်ပါတယ်။ အစာတွင် Ammonium Chloride 1% (အမိုနီယမ်ကလိုရိုဒ် ၁ ရာခိုင်နှုန်း) ထည့်စပ်ခြင်းက ဆီးကျောက်ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ တစ်ချို့က ဆိတ်သိုးများကို တစ်လတစ်ကြိမ် သံပရာရည်တိုက်ပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ကြပါတယ်။

သိုး၊ ဆိတ်များအတွက် ရေ ကို စိတ်ကြိုက်သောက်နိုင်အောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဆီးကျောက်ကြောင့် သိုး၊ ဆိတ်သေဆုံးမှုကို ကာကွယ်နိုင်ကြပါစေဗျ။

Reference; Wikipedia. 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်