မိသားစုများကျန်းမာပျော်ရွှင်ဖို့ လက်ကိုသေသေချာချာ ဆေးကြောစို့..

27/12/2022 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

လက်ကိုဆပ်ပြာနဲ့ သန့်ရှင်းအောင် ပုံမှန်ဆေးပေးရုံနဲ့ အောက်ပါအကျိုးကျေးဇူးတွေဖြစ်တဲ့...

  • ဝမ်းပျက်ဝမ်းလျှောရောဂါမျာကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ခြင်း
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခြင်း
  • ကာလဝမ်းရောဂါ၊ အီဘိုလာ (Ebola), ရှီဂါလိုစစ်(Shigellosis), ဆားစ် (SARS), အသည်းရောင်အသားဝါ-အီးနှင့် ကိုဗစ်-၁၉ ကဲ့သို့ ကူးစက်ရောဂါများ ပြန့်ပွားမှုကို လျှော့ချပေးရာတွင် အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ကူညီပေးနိုင်ခြင်း
  • ဆေးရုံဆေးခန်းတွေမှာ ဖြစ်ပွားစေတတ်တဲ့ ရောဂါကူးစက်မှုများကို ကာကွယ်ပေးနိုင်ပြီး ပိုးသတ် ဆေးယဉ်ပါးမှုကြောင့် ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားများ ပျံ့နှံ့ခြင်းကိုလည်း လျှော့ချပေးနိုင်ခြင်း
  • လျစ်လျူရှုခံထားရတဲ့ အပူပိုင်းဒေသတွင် အဖြစ်များသောရောဂါများအား လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေနိုင်ခြင်း

စတာတွေ ရနိုင်တယ်ဆိုတာ 'သင်သိပါသလား...လက်ပုံမှန်ဆေးရုံနဲ့ ရောဂါပိုးအမျိုးမျိုး ကြိုတင်ကာကွယ်နိုင်တယ်ဆိုတာ' ဆိုတဲ့ ဆောင်းပါးလေးထဲမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ 

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မိသားစုများကျန်းမာပျော်ရွှင်ဖို့ လက်ကို သေသေချာချောဆေးကြောဖို့ လိုအပ်တယ်ဆိုတာ သတိပြုနိုင်ပါတယ်။

ဆက်လက်ပြီးတော့ ပိုမိုသတိပြုနိုင်ဖို့အတွက် အောက်ပါပိုစတာလေးနဲ့ ထပ်မံလှုံ့ဆော်ပေးလိုက်ချင် ပါတယ်။

အားလုံး သန့်ရှင်းသောလက်တွေနဲ့အတူ ကျန်းမာရွှင်လန်းသောဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

(World Fish မှ ထုတ်ဝေထားသည့် လက်ကိုစနစ်တကျ သေချာဆေးသင့်ကြောင်း လှုံ့ဆော်သည့် ကမ်ပိန်းပိုစတာကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်