လာမည့် ၃ ရက်အတွင်း မိုးများ၊ မိုးနည်းနိုင်သည့် ဒေသများ

21/07/2023 16:59 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

‘ဇူလိုင် ၂၅ ရက် ၂၆ ရက်နေ့တွေမှာတော့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ နောက်ထပ် လေဖိအားနည်းရပ်ဝန်းအသစ်တစ်ခုဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်(DEEP DEPRESSION) အဆင့်အထိရောက်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့နေရပါတယ်’ လို့ နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

‘လက်ရှိမှာ အရှေ့ဖိလစ်ပိုင်ပင်လယ်(ပစိဖိတ်အနောက်မြောက်)မှာ ဖြစ်နေတဲ့ INVEST-98W ကလည်း အပူပိုင်းမုန်တိုင်း(Tropical Storm-TS) "07W"ဖြစ်လာပြီး လာမဲ့ ၂၄ နာရီအတွင်းမှာ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာမယ်’ လို့ ကမ္ဘာ့မိုးလေဝသခန့်မှန်းမိုဒယ်တွေမှာ ဖော်ပြထားတယ်လို့လည်း သိရပါတယ်။

ဒီလိုမျိုး လတ်တလောဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းများရဲ့အခြေအနေတွေကြောင့် "နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း မြန်မာတနိုင်ငံလုံး မိုးရွာမဲ့အခြေအနေများဆက်လက် ဖြစ်ပေါ် နိုင်ပြီး ဇူလိုင် ၂၅ ရက်နောက်ပိုင်း ဩဂုတ်လဆန်းပိုင်းအထိကာလအတွင်းမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းထဲက မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ နေရာကွက်ပြီး မိုးများနိုင်ပါမယ်" လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ဒါပေမဲ့ ဒီနေ့ ဇူလိုင် ၂၁ ရက် ညနေ ၃ နာရီကနေ ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီထိ ၇၂ နာရီအတွင်းမှာ တော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့အပါအဝင် မိုးများနေတဲ့ဒေသအချို့မှာ မိုးပြန်နည်းသွားနိုင် တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

လာမယ့် ၃ ရက်အတွင်း မြန်မာနိုင်ငံအတွင်း မိုးများနိုင်၊ မိုးနည်းနိုင်တဲ့ ဒေသအချို့ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။ (ဦးဝင်းနိုင်ရဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်)

မိုးများနိုင်သည့်ဒေသများ - တနင်္သာရီတိုင်းတောင်ပိုင်း မြိတ်မြို့နှင့် ကော့သောင်းကြား (မိုးရေချိန် ၅ လက်မမှ ၆ လက်မအထိ)

မိုးအသင့်အတင့်ရွာနိုင်သည့်ဒေသများ - ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် (မိုးရေချိန် ၁ လက်မ မှ ၂ လက်မခွဲခန့်အထိ)

မိုးနည်းနိုင်သည့်ဒေသများ -  ပဲခူးတိုင်းအနောက်ခြမ်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအနောက်ခြမ်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ ချင်းပြည်နယ် (မိုးရေချိန် ၀.၄ လက်မ မှ ၀.၈ လက်မ ခန့်)

၃ ရက်ကျော်ပြီး ၅ ရက်လောက်ဆိုရင်တော့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းထဲမှာဖြစ်နေ တဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့အတူ မိုးနည်းနေတဲ့ အလယ်ပိုင်းဒေသတွေမှာပါ ၁ လက်မ အထက် လောက် မိုးတွေပြန်ရွာလာနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

 Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်