အလယ်ပိုင်းဒေသအများစု မိုးနည်းမည်၊ ကချင်ပြည်နယ်အထက်ပိုင်း မိုးကြီးနိုင်

19/06/2023 16:19 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၃ ရက်အတွင်း မိုးရွာသွန်းနိုင်ခြေ ခန့်မှန်းချက်

မုတ်သုံလေဆက်လက်အားကောင်းနေမှုနဲ့အတူ ဒေသအများစုမှာ မိုးရွာသွန်းမှုတွေ များပြားနေပါတယ်။ ဒီနေ့ ဇွန် ၁၉ ညနေ ၃ နာရီကနေ ဇွန် ၂၁ ရက် ညနေ ၃ နာရီထိ လာမယ့် ၃ ရက်အတွင်းမှာလည်း ဒေသအချို့ မိုးများမှုတွေ ဆက်ရှိနေနိုင်ပြီး မြစ်ကြောင်းတချို့မှာနေထိုင်သူတွေကတော့ မြစ်ရေကြီးမှု တွေကိုပါ သတိထားသင့်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က သတိပေးပါတယ်။

ဆိုတော့ လာမယ့် ၃ ရက်အတွင်း ဘယ်ဒေသတွေမှာ မိုးအများဆုံးဖြစ်နိုင်လဲ၊ ဘယ်ဒေသတွေ သတိ ထားသင့်လဲ၊ ဘယ်ဒေသတွေ မိုးနည်းနိုင်လဲဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ် မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မိုးရေချိန် ၁၁ လက်မထိ ရှိနိုင်ပြီး မြစ်ရေကြီးမှုသတိထားရနိုင်သည့်ဒေသများ

- ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်းဒေသနှင့်ဝန်းကျင်

ဦးဝင်းနိုင် - “ Mateoblue (မိုးလေဝသမိုဒယ်) မှာ ပြထားတာအရဆို ပူတာအိုနဲ့ဆွမ်ပရာဘွမ်ကြား ၁၁ လက်မထိ ရွာနိုင်တယ်။ နောင်မွန်းရဲ့မြောက်ဘက်မှာကျ ၈ လက်မကနေ ၉ လက်မလောက်ထိ ရွာနိုင်တယ်။ ဆိုတော့ ခြုံပြောရရင် မေခနဲ့ မလိခမြစ်ဝှမ်းတစ်လျှောက် မိုးကြီးနိုင်တာဆိုတော့ မြစ်ဆုံတို့ဘာတို့ ရေကြီးသွားနိုင်တာ” 

နောက်ထပ်မိုးရေချိန်များပြီး တောင်ကျချောင်းရေ၊ မြစ်ရေ သတိထားသင့်သည့်ဒေသများ

- ရခိုင်ရိုးမတစ်လျှောက်နဲ့ ပဲခူးရိုးမတစ်လျှောက်၊ သံလွင်မြစ်(ဘားအံအောက်ဘက်)၊ ဂျိုင်းမြစ်ဝှမ်း တစ်လျှောက် နဲ့ အတ္ထရံမြစ်ဝှမ်းတစ်လျှောက်

ဦးဝင်းနိုင် - “ အတ္ထရံမြစ်ဝှမ်းတစ်လျှောက်မှာဆို အခုတောင် တချို့နေရာတွေ ရေကြီးလာလို့ရွှေ့နေရ တယ်လို့ ကြားတယ်။ ကြာအင်းဆိပ်ကြီးနဲ့ မုဒုံ၊ မော်လမြိုင်ကြားပေါ့။ ဆိုတော့ သံလွင်မြစ်ကလည်း ဘားအံဘက်မှာ ရေက တက်နေတဲ့အနေအထားရှိတယ်။ အဲ့တော့ မိုးများလာရင် သံလွင်မြစ်၊ ဂျိုင်းမြစ်နဲ့ အတ္ထရံမြစ် ဆုံတဲ့ သံလွင်မြစ် ဆုံမှာ ရေကြီးရေလျှံဖြစ်သွားနိုင်တယ်” 

မိုးရေချိန် ၂ လက်မမှ ၆ လက်မခန့်အထိ ရွာနိုင်ပြီး ဒေသအချို့ မိုးကြီးနိုင်သည့်ဒေသများ

- တနင်္သာရီတိုင်းအထက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဒေသတချို့

မိုးရွာသွန်းနိုင်ခြေ မရှိသလောက်နည်းပါးနိုင်သည့်မြို့နယ်များ

- မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက ဆင်ဖြူကျွန်း၊ ရေနံချောင်း၊ ချောက်၊ ကံမ၊ ရေစကြို၊ ပေါက်၊ မြိုင်၊ မုံရွာ၊ ပုလဲ၊ ယင်းမာပင်၊ ညောင်ဦး၊ တောင်သာ၊ မြင်းခြံ ဒေသများ

ဦးဝင်းနိုင် - “ မိုးနည်းမှာ။ တချို့မြို့နယ်တွေဆို ရွာကိုမရွာနိုင်ဘူး။ အသေးစိတ်ပြောရရင် ချောက်၊ စလေ၊ ပုဂံ အဲ့ဒီနေရာတွေမှာ မိုးရေချိန်က မရွာသလောက်ကိုနည်းတယ်။ နောက်ထပ် ရေစကြိုဝန်းကျင်နေရာတွေ မှာလည်း အဲ့လိုပဲ။ အဲ့တော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက မိုးနည်းရပ်ဝန်းဒေသတွေပေါ့” 

လာနီညာအစပျိုးလာမှုနဲ့အတူ ယခုနှစ်မုတ်သုံဝင်ရောက်မှုဟာ ပုံမှန်ထက်နောက်ကျခဲ့ပေမဲ့ အခုအချိန် မှာတော့ တစ်နိုင်ငံလုံးမုတ်သုံဝင်ရောက်ပြီးမှုနဲ့အတူ မိုးရွာသွန်းမှုတွေ များပြားလာတာဖြစ်ပါတယ်။

အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့သည့်ရက်များ (အိန္ဒိယမိုးလေဝသဌာန၏ ဇွန်လ ၁၈ ရက် ထုတ်ပြန်ချက်ပုံအရ) 

  • မြန်မာပြည်တောင်ပိုင်း ဝင်ရောက်သည့်ရက် မေ-၂၉  (ပုံမှန်ဝင်ရမည့်ရက် မေ-၁၉ / ၁၀ ရက် နောက်ကျ)
  • မြစ်ဝကျွန်းပေါ် ဝင်ရောက်သည့်ရက် မေ-၃၁ ( ပုံမှန်ဝင်ရမည့်ရက် မေ-၂၂ / ၉ ရက် နောက်ကျ)
  • အလယ်ပိုင်း ဝင်ရောက်သည့်ရက် ဇွန်-၇ (ပုံမှန်ဝင်ရမည့်ရက် မေ-၂၆ / ၁၄ ရက် နောက်ကျ)
  • တပြည်လုံး ဝင်ရောက်သည့်ရက် ဇွန်-၉  ( ပုံမှန်ဝင်ရမည့်ရက် ဇွန်-၁ / ၈ ရက် နောက်ကျ)

Photos Crd_ U Win Naing, မိုး/ဇလ

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်