ကြိုတင်ခန့်မှန်းချက်တွေအတိုင်းပဲ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းအစပျိုးဖြစ်တဲ့ INVEST- 91B (လေဖိအားနည်းရပ်ဝန်းစောင့်ကြည့်ဧရိယာ) တစ်ခု စတင်ဖြစ်ပေါ်လာပြီလို့ သိရပါတယ်။
နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက် (GEPS) အရတော့ ဒီ INVEST ကနေ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးရင် ရွေ့လျားလာမယ့်လမ်းကြောင်းနှစ်ခုပြထားပြီး နှစ်ခုစလုံးဟာတော့ ရခိုင်ကမ်းရိုးတန်းဘက်ကို ဦးတည်နေတယ်လို့ နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်မိုဒယ်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိမှာတော့ ကနဦးအနေနဲ့ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားမှုရှိနေတယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။
ဒီ INVEST- 91B ဟာ မေ ၉ ရက် မနက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှာဖြစ်ပြီး အဲ့ဒီကနေ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာနိုင်ဖွယ်ရှိကာ မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက် နိုင်ဖွယ်ရှိတယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားတာဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ်ရှိတဲ့လမ်းကြောင်းအခြေအနေတွေနဲ့ပတ်သက်လို့ Green Way - အစိမ်းရောင်လမ်းအနေနဲ့ ဆရာဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းပြီး တောက်လျှောက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Photos Crd_U Win Naing
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။