တိုင်းနှင့်ပြည်နယ် ၁၁ ခုရှိ နေရာအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

28/03/2022 15:39 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မနက်ဖြန် မတ် ၂၉ ရက်မနက်ထိ ခန့်မှန်းချက်တွေအရ တိုင်းနဲ့ပြည်နယ် ၁၁ ခုရှိ နေရာအချို့မှာ နေရာစိပ်စိပ်၊ နေရာကျဲကျဲနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာတွေရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 

မနက်ဖြန်မနက်အထိခန့်မှန်းချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ ဒီနေ့မနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အကျဉ်းချုပ်ကို မိုး/ဇလ က ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားတာပါ။

လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့တာတွေရှိတယ်လို့လည်း မိုး/ဇလ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် မတ် ၂၀ ရက်ကနေ ၂၃ ရက်အထိတုန်းကလည်း မြန်မာနိုင်ငံကို ဖြတ်သန်းခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ်အားလုံးရှိ ဒေသအများစုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒီလို မိုးရွာသွန်းမှုတွေအတွင်း မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ စလင်းချောင်းအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ချောင်းရိုးအနိမ့်ပိုင်းတစ်လျှောက်ရှိ ကြက်သွန်စိုက်ခင်းများ ပျက်စီးခဲ့ရသလို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ဆင်တဲဝချောင်းဘက်မှာလည်း ရေကြီးမှုကြောင့် ချောင်းရိုးတစ်လျှောက်ရှိ ကြက်သွန်စိုက်ခင်းအချို့ ရေနစ်မြုပ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ပြီးခဲ့သည့်တစ်ပတ်မိုးရွာသွန်းမှုများအတွင်း ချောင်းရေကြီးပျက်စီးခဲ့သည့် မကွေးတိုင်းအတွင်းက ကြက်သွန်စိုက်ခင်းအချို့ (ဓာတ်ပုံ - သားဘုန်း FB)

အခုလို နွေရာသီမှာ အချိန်အခါမဟုတ်မိုးများရွာသွန်းခဲ့ရင် တောင်သူများလုပ်ဆောင်သင့်တဲ့အချက်တွေကိုတော့ ဒီလင့်  https://greenwaymyanmar.com/posts/Depression_Precaution_for_Farmers_in_Agriculture ကနေ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဓာတ်ပုံများခရက်ဒစ် - သားဘုန်းနှင့် Aung Lwin Oo FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်