မြန်မာပြည်အောက်ပိုင်းဒေသများ ဒီဇင်ဘာ ၁၉ ရက်နောက်ပိုင်းမှ အအေးပိုလာနိုင်

13/12/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ရှိမှာ အထက်ပိုင်းဒေသအချို့မှာ အအေးဓာတ်တွေ ဝင်နေပြီဖြစ်ပေမဲ့ မြန်မာပြည်အောက်ပိုင်းဒေသ တွေမှာတော့ ဒီဇင်ဘာ ၁၉ ရက်နောက်ပိုင်းကျမှ အအေးပိုလာနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန် ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေး တိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့  ကယားပြည်နယ်တွေမှာ အေးနေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတော့ အအေးဓာတ်တွေ ထူးထူးခြားခြား မရှိသေးတာ ဖြစ်ပါတယ်။

ပုံ - ဒီဇင်ဘာလ ၁၈၊ ၁၉ ရက်နောက်ပိုင်း ကျဆင်းလာနိုင်သည့် ည/နံနက်အစောပိုင်းအပူချိန်များ

“ အောက်ပိုင်းတွေမှာ အေးမဲ့အနေအထားက လိုသေးတယ်။ ဆိုပါတော့။ ဥပမာ ပဲခူးတိုင်းဆိုရင် ၁၈၊ ၁၉ လောက်ကျတော့မှ ၂၀ ဒီဂရီ (စင်တီဂရိတ်) ရဲ့အောက်ကို ကျနိုင်တယ်။ ၁၉၊ ၂၀ ဝန်းကျင်လောက်ပေါ့။ သိသိသာသာ အေးဖို့ဆိုရင်တော့ ၁၉၊ ၂၀ နောက်ပိုင်းကျမှ ဖြစ်မယ်။ ရန်ကုန်လည်းတူတူပဲ။ မနက်အစောပိုင်းအချိန်တွေပေါ့။ နေ့လယ်ပိုင်းကတော့ ဒီဂရီက ၃၀ ကျော်နေမှာ။ ဆိုတော့ ၁၉ ရက်နောက်ပိုင်းဆိုရင် သိသိသာသာ အေးလာမယ်။ တဖြည်းဖြည်း ပိုပိုပြီးအေးလာမှာ” လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။ 

လက်ရှိမိုးလေဝသအခြေအနေ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံပေါ်မှာ တိမ်တွေရှင်းနေတာကြောင့် ယခုအတောအတွင်း ဖျက်မိုးအန္တရာယ်အနေအထားမျိုးလည်း မရှိဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရလည်း မြန်မာပြည်အောက်ပိုင်း ဒေသတွေဖြစ်တဲ့ ရန်ကုန်၊ ပဲခူး၊ ပုသိမ်၊ ထားဝယ်၊ မော်လမြိုင်၊ ပုသိမ်တို့မှာ အနိမ့်ဆုံးအပူချိန်အဖြစ် ၁၉ ကနေ ၂၄ ဒီဂရီစင်တီဂရိတ်ကြားတွေမှာသာ ရှိနိုင်တယ်လို့ သိရပါတယ်။

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်