စစ်တွေမြို့အနီးဝန်းကျင်ကိုဗဟိုပြု၍ မနက်ဖြန် မုန်တိုင်းတစ်လုံးထပ်ဖြတ်နိုင်

09/06/2023 17:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အမေရိကန်ကာကွယ်ရေးအဖွဲ့က ဦးစီးလုပ်ကိုင်တဲ့ (JTWC- Joint Typhoon Warning Center) ရဲ့ ဒီနေ့ ဇွန် ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် မိုးလေဝသအချက်အလက်တွေ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ INVEST-93B ဟာ ဆိုင်ကလုန်းမုန်တိုင်း (Tropical Cyclone(03B - THREE) ဖြစ်လာပြီး မနက်ဖြန် ဇွန်လ ၁၀ ရက် မွန်းလွဲပိုင်းမှာ စစ်တွေမြို့အနီးဝန်းကျင်ကို ဗဟိုပြုဖြတ်သွားမှာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။ 

ဒီလိုမျိုး ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဖြတ်သန်းမှာဖြစ်ပေမဲ့ အရမ်းပြင်းထန်မှုတော့မရှိတာကြောင့် နိုင်ငံတကာ မိုးလေဝသဌာနတွေက အနိမ့်ဆုံးအဆင့်သတိပေးချက်ဖြစ်တဲ့ အစိမ်းရောင်သတိပေးချက်သာ ပြုလုပ်ထားတယ်လို့ လည်း သိရပါတယ်။ ဒါပေမဲ့ မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတလျှောက်မှာ လေပြင်းဒဏ်၊ မိုးများတဲ့ဒဏ်တွေကိုတော့ ခံကြရမှာပါ။ 

ဒီအတွက် ဒီမုန်တိုင်းဟာ ဘယ်လိုလမ်းကြောင်းနဲ့ဖြတ်သွားမှာလဲ၊ မုန်တိုင်းအရှိန်သက်ရောက်မှုကို ဘယ်ဒေသ တွေ ခံရမှာလဲ၊ ဘယ်လိုအန္တရာယ်တွေဖြစ်လာနိုင်လဲ ဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ် မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မုန်တိုင်းက ဘယ်လမ်းကြောင်းကနေ ဘယ်လောက်အရှိန်နဲ့ ဖြတ်မှာလဲဆရာ?

“ အခုလောလောဆယ်မှာဆို သူက စစ်တွေနဲ့ဆို မြောက်ဘက်မှာရှိနေတာ။ အဲ့ဒီကနေမှ သူက အောက်ကို ဆင်းလာမှာ။ လောလောဆယ်နောက်ဆုံးထုတ်ပြန်ချက်လမ်းကြောင်းအရဆို ဖြတ်မယ့်လမ်းကြောင်းက စစ်တွေမြို့အနီးလို့ပဲ ပြထားတယ်။ GTACS တို့ ဘာတို့ကလည်း သူ့အတွက်ကို Green Alert (အစိမ်းရောင် အဆင့်သတိပေးချက်) ပဲ ထုတ်ထားတယ်။ သတိပေးချက်တွေထဲမှာတော့ အနိမ့်ဆုံးအဆင့်ပေါ့။ ဆိုင်ကလုန်း မုန်တိုင်းအဆင့်တော့ ရောက်တယ်။ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံထိ ရောက်နိုင်တယ်။ မုန်တိုင်းဒီရေကလည်း မီတာဝက်ဆိုတော့ ၁ ပေကျော်ကျော်လေးပဲဆိုတော့ စိုးရိမ်စရာမရှိဘူး။ အဲ့တော့ အခုက စစ်တွေမြို့ပေါ်ကပဲ ဖြတ်မယ့်အနေအထားပေါ့နော်" 

" မုန်တိုင်းလမ်းကြောင်းရဲ့ညာဘက်ခြမ်းမှာက ပေါက်တောရှိတယ်။ မြေပုံရှိတယ်။ ဖရုံကာကျွန်းတွေရှိတယ်။ နောက်ပြီးတော့ မြေနုကျွန်းတွေလည်းရှိတယ်။ မုန်တိုင်းရဲ့ဘယ်ဘက်ခြမ်းမှာ က ပုဏ္ဏားကျွန်း၊ ငါးကျည်းချောင်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦးပေါ့။ ဆိုတော့ ဘယ်ဘက် ခြမ်းကတော့ လေတိုက်နှုန်းနည်းနည်းလျော့မယ်။ ညာဘက်ခြမ်းကတော့ လေတိုက်နှုန်းနည်းနည်း ပိုများမှာပေါ့။ တအားကြီး စိုးရိမ်စရာတော့မရှိဘူး။ မုန်တိုင်းစပြီးဝင်တဲ့အချိန်မှာ တနာရီကို ၄၆ မိုင် အများဆုံးပဲ။ မုန်တိုင်းဗဟိုမှာသာ ၅၇ မိုင်လောက်ရှိတာ” 

မုန်တိုင်းအရှိန်က ဘယ်လိုတွေသက်ရောက်မှုရှိမလဲဆရာ?

“ လေပြင်းမယ်။ မိုးများမယ်။ ၆ နာရီအတွင်းမှာကို ၂ လက်မကနေ ၃ လက်မလောက်ထိ ရွာမှာဆိုတော့ များတာပေါ့။ မုန်တိုင်းရဲ့အတွင်းစက်ဝန်းဖြတ်မယ့်အနေအထားအရ စစ်တွေကို ဗဟိုထားပြီးတိုင်းလိုက်ရင် မြေပုံ၊ ဖရုံကာကျွန်းလောက်အထိပဲ။ ဖရုံကာကျွန်းအောက်ဘက်တောင်မပါတော့ဘူး။ ဒါပေမဲ့ သူက ကုန်းတွင်းကို လေဖိအားနည်းရပ်ဝန်းအနေနဲ့ဆက်ပြီးဝင်သွားမယ့်အနေအထားဆိုတော့ အရှိန်သက်ရောက်မှုက ပဲခူးတိုင်း အနောက်ခြမ်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဒီနေရာတွေအထိကို လေပြင်းနဲ့မိုးတွေ ရောက်နိုင် တယ်။ လေကတော့ အရမ်းမပြင်းဘူး။ မိုးကတော့ များနိုင်တယ်” 

မိုးအများဆုံးဖြစ်သွားနိုင်တဲ့ဒေသတွေက ဘယ်ဒေသတွေဖြစ်မလဲ?

“ မအီတို့၊ မြေပုံတို့၊ မြောက်ဦးတို့ မြို့နယ်တွေအတွင်း ရခိုင်ရိုးမတောင်ခြေက မြို့နယ်တွေအကုန်လုံးပေါ့။ မိုးများနိုင်တယ်။ မကွေးတိုင်းဆိုရင်လည်း ရခိုင်ရိုးမအရှေ့ဘက်ခြမ်းက မင်းလှမြို့နယ်ပါမယ်။ ပြီးတော့ ဆင်ပေါင်ဝဲတို့၊ ငဖဲ၊ စေတုတ္တရာ၊ ဆင်ဖြူကျွန်း၊ ချောက် တို့လည်း မိုးများနိုင်တယ်။ ၃ ရက်အတွင်း ၄ လက်မလောက်ထိ ရောက်သွားနိုင်တယ်။ နောက်ပြီးတော့ မတူပီ၊ ပလက်ဝ အဲ့ဒီဘက်တွေမှာလည်း များနိုင်တယ်” 

“ နောက်ထပ်က ရခိုင်ပြည်နယ်ရဲ့တောင်ပိုင်းအစွန်း ဂွနဲ့ ချောင်းသာ၊ ငွေဆောင်ကမ်းခြေနေရာတွေမှာ လည်း မိုးက ၃ ရက်အတွင်း ၅ လက်မလောက်ထိ ရွာနိုင်တယ်။ နောက်တစ်ခုက မွန်ပြည်နယ်၊ ကရင် ပြည်နယ်ဆိုရင် ကြာအင်းဆိပ်ကြီးကနေ မော်လမြိုင်ထိပေါ့။ အထ္ထရံမြစ်ဝှမ်းတစ်လျှောက်မှာဆိုရင် ၃ ရက်အတွင်း ၇ လက်မလောက်ထိ ရွာနိုင်တဲ့အနေအထားရှိနေတယ်။ သူကကျတော့ မုန်တိုင်းအရှိန်နဲ့ အနောက်တောင်မုတ်သုံလေပိုပြီးအားကောင်းလာတာကြောင့်” 

“ ပြောရရင်တော့ တိုင်းနဲ့ပြည်နယ်အကုန်လုံးနီးပါးမှာကို မိုးများလာနိုင်တာ။ ထူးထူးခြားခြား မိုးနည်းပြီး ကွက်ကျန်ခဲ့တာက အလယ်ပိုင်းက မိတ္ထီလာနဲ့ မန္တလေးကြား။ ကျောက်ဆည်ဘက်ဆို မိုးက တော်တော်ကိုနည်းတယ်။ မိုးနည်းနိုင်တာက မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံ၊ မြင်းမူ၊ ကျောက်ဆည် ဒေသတွေပဲ” 

ဘယ်လိုအန္တရာယ်တွေကို သတိထားရှောင်ရှားသင့်လဲဆရာ? 

“ အဓိကကတော့ လေပြင်းနဲ့ မိုးကြီးမယ့်အန္တရာယ်၊ တောင်ကျရေအန္တရာယ်၊ မြေပြိုနိုင်တဲ့အန္တရာယ် အဲ့ဒါ တွေကိုပဲ သတိထားပြီးရှောင်ရတော့မှာ။ တခြားတော့ ရှောင်စရာမရှိဘူး။ မုန်တိုင်းဒီရေကလည်း တစ်ပေ ကျော်ကျော်လေးပဲဆိုတော့ ကမ်းနားရောက်တာနဲ့ ပျောက်သွားမှာပဲ။ ကမ်းခြေကို ဦးတည်ရွေ့လျားတဲ့ အချိန်တိုတောင်းလွန်းတာကြောင့်လဲ ဖြစ်တယ်” 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဇွန် ၉ ရက် ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်မှာတော့ ‘ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်’ လို့ ထည့်သွင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Photos Crd_ U Win Naing, မိုး/ဇလ

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်