ကပ္ပလီပင်လယ်ပြင်ရှိ INVEST မုန်တိုင်းဖြစ်လာနိုင်မှုကြောင့် မိုးကုန်မည့်ရက် နောက်ဆုတ်နိုင်

18/10/2022 18:20 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ရှိ ကပ္ပလီပင်လယ်ပြင်မှာဖြစ်နေတဲ့ INVEST 92-B (မုန်တိုင်းဖြစ်လာနိုင်ချေ စောင့်ကြည့်ရမည့် ဧရိယာ) ဟာ မုန်တိုင်းဖြစ်လာနိုင်လို့ တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးရွာသွန်းနိုင်မှုတွေ ဆက်ရှိနိုင်ပြီး မိုးကုန်နိုင်တဲ့အချိန်ဟာ ယခင်ခန့်မှန်းထားတာထက် ပိုနောက်ကျသွားနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိမှာ တောင်တရုတ်ပင်လယ်မှာဖြစ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း NESAT က လေစီးကြောင်းအရှိန်တွေနဲ့  အရှေ့မြောက်ဘက်ကနေ ဝင်လာတဲ့ အရှေ့မြောက်လေစီးကြောင်းတွေက ကပ္ပလီပင်လယ်ပြင်ရှိ  INVEST 92-B ကို အားဖြည့်ပေးနိုင်မှုကြောင့် မုန်တိုင်းဖြစ်လာနိုင်တာဖြစ်ပြီး နာမည်ရ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ဖြစ်လာနိုင်တာဖြစ်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

လက်ရှိအနေအထားတွေအရ ဘယ်ဒေသတွေမှာ မိုးရွာသွန်းမှုတွေ ဆက်ရှိနိုင်သလဲ၊ ဘယ်ရက်တွေထိ ဆက်ရှိနေနိုင်သလဲဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။

NESAT မုန်တိုင်းနဲ့ INVEST 92-B တို့ရဲ့ လက်ရှိအခြေအနေတွေ ဘယ်လိုဖြစ်နေလဲ..

“ တောင်တရုတ်ပင်လယ်မှာဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း NESAT က အခုလောလောဆယ်မှာ ဟိုင်နန်ကျွန်းရဲ့ အရှေ့ တောင်ဘက်လောက်ကို ရောက်ပြီးတော့ ဗီယက်နမ်ကမ်းခြေနဲ့ မိုင် ၃၀၀ ကျော် ဝေးသေးတယ်။ ဒီဟာကြီးက ကုန်းတွင်းကို ဝင်ပြီဆိုရင် မုန်တိုင်းရဲ့အရှိန်ကြောင့် ဖြစ်လာတဲ့ လေစီးကြောင်းရယ်၊ နောက်ပြီးတော့မှ အရှေ့မြောက်ဘက်ကနေ ဝင်လာတဲ့ အရှေ့မြောက်လေစီးကြောင်းကြီးရဲ့အားတွေ အကုန်လုံးက အခု ကပ္ပလီပင်လယ်ပြင်မှာဖြစ်နေတဲ့ INVEST 92-B (မုန်တိုင်းဖြစ်လာနိုင်ချေ စောင့်ကြည့်ရမည့်ဧရိယာ) ကို သွားပြီးအားဖြည့်ပေးတယ်။ အားဖြည့်ပေးတဲ့အခါကျတော့ သူ့မှာ ဖြစ်နေတာတွေကို ကြည့်တဲ့အခါကျတော့ ဒီတိမ်တွေအကုန်လုံးက ဒီတိုင်းပဲ ဝင်လာမယ်။ သူ့ INVEST 92-B ပေါ်မှာ ဖြစ်နေတဲ့တိမ်တွေနဲ့ ဒီတိမ်တွေက ပေါင်းသွားမယ်။ ပေါင်းသွားပြီးရင် ဒီ INVEST 92-B က ၂၂ ရက် ဝန်းကျင်လောက်ဆိုရင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကို ရောက်သွားပြီးတော့ မုန်တိုင်းအဆင့်ကို ရောက်သွားမယ်။ ရောက်ပြီးသွားရင် မြောက်ဘက်ကို ဆက်ရွေ့မယ်လို့မှန်းတယ်။ ရွေ့ပြီးရင် ၂၅ ရက် ဝန်းကျင်လောက်ကျရင် အိန္ဒိယနိုင်ငံ ဩရိဿကမ်းခြေကိုပဲ ဝင်မယ်လို့ တွေ့တယ်”  

ဒီမုန်တိုင်းဖြစ်လာရင် မြန်မာနိုင်ငံအပေါ် ဘယ်လိုပုံစံနဲ့ သက်ရောက်မှုတွေရှိမလဲ...

“ ကျွန်တော်တို့ စောင့်ကြည့်ရမှာက အာရေဗျပင်လယ်ဘက်က ဝင်နေတဲ့ အနောက်လေစီးကြောင်း ရှိတယ်။ ပြီးတော့ အရှေ့မြောက်ဘက်ကနေ တောင်တရုတ်ပင်လယ်နဲ့ အင်ဒိုချိုင်းနား ကျွန်းဆွယ် ဘက်ကနေ ဝင်နေတဲ့ အရှေ့မြောက်လေစီးကြောင်းရှိတယ်။ သူတို့နှစ်ခုဆုံတဲ့ နေရာကနေ အားကောင်းတဲ့ပေါ်မူတည်ပြီး မုန်တိုင်းရဲ့လမ်းကြောင်းက ဖြစ်သွားမှာ။ တကယ်လို့ အာရေဗျ ပင်လယ်ဘက်ကဟာက ပိုအားကောင်းလာမယ်ဆိုရင် မုန်တိုင်းရဲ့လမ်းကြောင်းက ညာဘက်ခြမ်းကို ပိုကပ်လာနိုင်တယ်။ အဲ့ဒါဆိုရင် မုန်တိုင်းအရှိန်က မြန်မာနိုင်ငံအပေါ် ပိုပြီးသက်ရောက်မယ်” 

“ သူက အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးအဆင့်တော့ မရောက်ဘူး။ ဆိုင်ကလုန်း မုန်တိုင်းအဆင့် ဖြစ်လာမယ်ဆိုရင် Sitrang ဆိုတဲ့ ထိုင်းကအလှည့်ကျပေးရမယ့် နာမည်ရမယ်။ အခုအတိုင်းဆိုရင်တော့ အဲ့ဒီအဆင့်ကို ရောက်လာနိုင်တယ်။ တစ်နာရီကို မိုင် ၄၀ ကျော်ဆိုရင် ဒီနာမည်ပေးမှာ။ လက်ရှိအနေ အထားအရဆိုရင် ဖြစ်လာမယ့်မုန်တိုင်းက တစ်နာရီ မိုင် ၅၀ ကျော်လောက်ထိဖြစ်နိုင်တယ်။ ၂၂ ရက်၊ ၂၃ ရက်ကတည်းက နာမည်ရမုန်တိုင်းဖြစ်လာနိုင်တယ်”  

ဘယ်ဒေသတွေကို အဓိက သက်ရောက်မှုတွေ ရှိနိုင်မလဲ..

“ သက်ရောက်မှုအရှိနိုင်ဆုံးကတော့ ၂၂ ရက်နေ့ ညကနေစပြီးတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ပါပြီ။ နောက် တနင်္သာရီတိုင်းကတော့ မြောက်ပိုင်းပဲပါမယ်။ နောက်ပြီးတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တွေပါမယ်။ ဖာပွန်ဘက်ကော။ သူလည်းကရင်ပြည်နယ်ထဲမှာပဲ။ နောက်ပြီးတော့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းပါမယ်။ ပြီးတော့ ၂၄ ရက်၊ ၂၅ ရက်လောက်ကျ မြောက်ဘက်ကို ထောင် တက်လာပြီဆိုတဲ့အချိန်ကျရင်တော့ ပဲခူးတိုင်းအနောက်မြောက်ဘက်ကနေ ကျော်ပြီး မကွေးတိုင်း တောင်ပိုင်းအစပ်ထိ လေပြင်းတိုက်တာတွေ ဝင်လာမယ်။ မိုးကလည်း ခုန လေသွားတဲ့ လေစီးကြောင်း လမ်းကြောင်းထဲမှာပဲသွားမှာ” 

“ တိမ်တွေကိုကြည့်လိုက်မယ်ဆိုရင်လည်း  ၂၂ ရက် ညပိုင်းလောက်ကစကြည့်ရင် ခုနပြောတဲ့ ပြည်နယ် နဲ့တိုင်းတွေပေ့ါ။ ပြီးတော့ ရခိုင်ပြည်နယ်ပါလာတယ်။ ပြောမယ်ဆိုရင် ကမ်းရိုးတန်းတစ်ခုလုံးပေါ့။ အထက်ဘက် အလယ်ပိုင်းတို့ဘာတို့မှာဆိုရင်တော့ တောက်လျှောက်မိုးပျောက်တယ်။ ပါနိုင်တာက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းဒေသတော်တော်များများကနေ ဟိုးချင်းပြည်နယ် ကလေးထိ မိုးများမယ့် အခြေအနေက ဖြစ်နိုင်တယ်။ ပြီးတော့ မုန်တိုင်းက ၂၄ ရက်ည ၂၅ ရက် မနက်ပိုင်းလောက် ခုနပြောတဲ့ ဩရိဿကမ်းခြေကိုဖြတ်ပြီးဝင်တဲ့အချိန်ကျရင်တော့ အလယ်ပိုင်းဒေသတွေမှာပါ မိုးတွေ ပါလာနိုင်တယ်။ ထစ်ချုန်းမိုးရွာနိုင်တဲ့အခြေအနေတွေက တန့်ဆည်နဲ့ ကလေးကြားတို့၊ စစ်ကိုင်းတိုင်း အထက်ပိုင်းပါလာတယ်။ မကွေးတိုင်းပါလာတယ်။ ဧရာဝတီပါလာတယ်။ ရန်ကုန်တိုင်းပါလာတယ်။ ပဲခူး၊ မွန်၊ တနင်္သာရီအကုန်လုံးလည်း ပါတယ်။ ကမ်းရိုးတန်းတစ်လျှောက်ကတော့ ပိုများတယ်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်လုံးရဲ့ မြောက်ပိုင်း မြိတ်အထက်ပေါ့။ အဲ့ဒီကမ်းရိုးတန်းဒေသတွေမှာတော့ မိုးသက်လေပြင်းကျမယ်။ မိုးများမယ်။ ဒါတွေဖြစ်လာနိုင်တယ်” 

ဆိုတော့ မိုးက ဘယ်တော့လောက်မှ ပြတ်သွားနိုင်မလဲ..

“ ဆိုတော့ ကျွန်တော်အရင်တုန်းကတော့ ၂၅ ရက်ကျော်ရင် မိုးပြတ်သလောက်ရှိပြီလို့ ပြောထားတာ ရှိတယ်။ ဒါပေမဲ့ အခုဖြစ်လာတဲ့အနေအထားတွေအရ ရက်က နောက်ဆုတ်သွားတယ်။ ဆုတ်သွား ပြီးတော့ ၂၅ ကနေ ၂၇ လောက်ထိ မိုးပါးပါးတော့ ကျနေနိုင်သေးတယ်။ အလယ်ပိုင်းမှာကော”   

( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

 (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်