ကမ္ဘာ့ဝက်မျိုးစိတ်များနှင့် အားသာချက်များ အပိုင်း(၂)

29/12/2022 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ကမ္ဘာပေါ်မှာ မွေးမြူနေတဲ့ ဝက်မျိုးစိတ်တွေရဲ့ထူးခြားချက်တွေ၊ ဘယ်လိုပုံစံနဲ့ အသုံးချကြလဲဆိုတာတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးထားတာပါ။ အပိုင်း(၁) မှာတော့ မျိုးစိတ် ၆ မျိုးအကြောင်း ကို ဖော်ပြပေးခဲ့ပြီးပါပြီ။ ဖတ်ရှုလိုပါက အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/World_Swine_Species_1

 

၇။ လင်းဒ်ရေ့စ်(Land Race)

လင်းဒ်ရေ့စ်အမျိုးအစားမှာ အမေရိကန်တွင် မွေးမြူကြပြီး လူသိများသောမျိုး ဖြစ်သည်။ မူလဇာစ်မြစ်မှာ ဒိန်းမတ်နိုင်ငံမှမျိုးဖြစ်သည်။ အဖြူရောင်ဝက်မျိုးဖြစ်ပြီး ခါးလျားအရှည်ဆုံးသောဝက်မျိုးဖြစ်သည်။ နားရွက်ရှည်ပြီး အရှေ့သို့ ငိုက်ကျနေသည်။ သားပေါက်နှုန်းကောင်းမွန်သောမျိုးဖြစ်သည်။ အခြားသော ဝက်မျိုးများထက် အရိုးအဆစ်သေးငယ်သည့် ဝက်များဖြစ်သည်။

၈။ တမ်းဝပ်သ်မျိုး(Tamworth)

တမ်းဝပ်သ်မျိုးသည် အနီရောင်ဝက်မျိုးများဖြစ်ပြီး ခန္ဓာကိုယ်အရွယ်အစားသေးငယ်သည့်မျိုးဖြစ်သည်။ နားရွက်ထောင်သည်။ အဆီပါဝင်မှုရာခိုင်နှုန်းနည်းပြီး ရာသီဥတုအကြမ်းဒဏ် ခံနိုင်ရည် ရှိသည်။ ဝက်မများ သားထိန်းကောင်းသည်။

၉။ ပိုလန်ချိုင်းနားမျိုး(Poland China)

အမည်အားဖြင့် ပိုလန်နိုင်ငံ(သို့မဟုတ်) ချိုင်းနား(တရုတ်နိုင်ငံ)ဟူ၍ ထင်မှတ်ဖွယ်ရာဖြစ်သော်လည်း ဤဝက်မျိုးသည် အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှ ပေါ်ထွန်းလာသော ဝက်မျိုး ဖြစ်ပါသည်။

ဤမျိုးကိုရရှိရန်အတွက် အခြားသောဝက်မျိုးများဖြင့် သားစပ်ပြီးရရှိလာသည့် စပ်မျိုးတစ်မျိုးဖြစ်သည်။ ဘတ်ရှိုင်းယားမျိုးနှင့် ဆင်တူယိုးမှား ပုံသဏ္ဍာန် အရောင်အသွေးတို့ရှိသည်။

သို့သော် ၄င်း၏နားရွက်မှာ ဘတ်ရှိုင်းယားကဲ့သို့မထောင်ဘဲ အရှေ့သို့ငိုက်ကျနေသည်။ ၄င်းတို့၏ ကျောပြင်သည် ကျယ်ပြီး ကျောရိုးတန်းမှာလည်း ဘတ်ရှိုင်းယားဝက်များထက် ပို၍ရှည်လျားသည်။အဆီနည်းပြီး အသားများသည့်မျိုး ဖြစ်သည်။ ရာသီဥတုဒဏ်နှင့် ပတ်ဝန်းကျင်အကြမ်းဒဏ် ခံနိုင်ရည် ရှိသည်။ မျိုးဝက်မများအဖြစ် ထင်ရှားသောမျိုးတစ်မျိုးဖြစ်ပြီး ၈ ကြိမ်အထိ သားပေါက်သည့် ဝက်မအများအပြားရှိသည်။

၁၀။ ဘိုကိတ်ဝက်(Large Black)

စိုက်ပျိုးရေးပညာရှင် Reverend Case က မြန်မာနိုင်ငံသို့ စတင်ယူဆောင်လာခဲ့သောမျိုးဖြစ်သည့်အတွက် ဘိုကိတ်ဝက်မျိုးဟူ၍ နာမည်တွင်နေခဲ့သည်။ မူလဇာစ်မြစ်မှာ အင်္ဂလန်နိုင်ငံမှ Large Black ဝက်များဖြစ်သည်။ တစ်ကိုယ်လုံးအနက်ရောင်ဖြစ်ပြီး ကြီးထွားနှုန်းကောင်းသောဝက်မျိုးဖြစ်သည်။

ဦးခေါင်းကြီးပြီး နားရွက်ဖားလျက် အရှေ့သို့ငိုက်ကျနေသည်။ မျက်နှာခွက်သည်။ သားပေါက်နှုန်းကောင်းပြီး သားထိန်းကောင်းသော ဝက်မျိုးဖြစ်သည်။ ဧရာဝတီတိုင်းတွင် အနည်းအကျဉ်း တွေ့နိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်