တောင်သူတွေဂျင်းထည့်မခံရဖို့ အကောင်းအဆိုးယှဉ်တွဲနေတဲ့ Free trade အကြောင်း

02/12/2020 11:45 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

    မြန်မာနိုင်ငံက free trade မှာ လက်မှတ်ထိုးလိုက်ပြီဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်ထားပြီးတဲ့တောင်သူတွေအနေနဲ့ free trade ဆိုတာဘာကြီးလဲ ငါတို့အတွက် ကောင်းလာမှာလား ဆိုးလာမှာလားဆိုတာလေးကို ဒီဆောင်းပါးကနေတစ်ဆင့် စဉ်းစားတတ်အောင်ဖော်ပြပေးပါရစေ။

Free trade ဆိုတာဘာလဲ

    ကုန်သွယ်ရေးမူဝါဒတစ်ခုပဲဖြစ်ပါတယ်။ ကုန်စည်တွေကို အခွန်အခတွေ တခြားကန့်သန့်ချက်တွေမပါဘဲ နိုင်ငံတကာနဲ့ လွတ်လွတ်လပ်လပ်ကုန်သွယ်စေတဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်။ ပြောချင်တာကတော့ ပို့ကုန်သွင်းကုန်အပေါ်မှာ အခွန်အခလည်း မယူတော့ဘူး၊ ကုန်သွယ်ရေးလိုင်စင်တွေလည်း လျောက်စရာမလိုတော့ဘဲ တခြားနိုင်ငံနဲ့ ရိုးရိုးရှင်းရှင်းရောင်းဝယ်နိုင်စေဆိုတဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်။ ပုံမှန်အခြေအနေကတော့ နိုင်ငံတစ်ခုနဲ့တစ်ခု ရောင်းဝယ်တဲအခါမှာ အခွန်ဆောင်ရတာတွေ၊ အရည်အသွေးသတ်မှတ်ချက်တွေ ၊ ထောက်ခံချက်လတ်မှတ်တွေ အစရှိသည်ဖြင့် ရှုပ်ထွေးနေတဲ့ လုပ်ငန်းစဉ်ကြီး ပါဝင်နေပါတယ်။ ဒီတော့ Free Trade ဆိုတာမှာ အရပ်စကားနဲ့ပြောရရင် ရောင်းသူဝယ်သူ အဆင်ပြေသလို ရောင်းဝယ်ကြမယ်ပေါ့နော်၊ ဒီအချက်တွေ မကြည့်တော့ဘူးပေါ့။ ဒီနေရာမှာ Free Trade ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကတော့ ဒွန်တွဲရှိနေပါတယ်။

၁။ ကုန်ပစ္စည်းအရောင်းအဝယ်တွေ များများစားစားလုပ်နိုင်လာမယ်။ ကိုယ့်နိုင်ငံမှာ အမျိုးအစားစုံတဲ့ပစ္စည်းတွေ သုံးနိုင်လာမယ်။ အကြောင်းကတော့ ကိုယ့်ဆီမှာထုတ်လုပ်ဖို့ အကုန်အကျများတာတွေကို သူများနိုင်ငံကနေတင်သွင်းပြီး အသုံးပြုနိုင်လာမယ်။ ကိုယ့်ဆီမှာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ထုတ်နိုင်တဲ့ပစ္စည်းတွေကို တခြားနိုင်ငံတွေကို လွယ်လွယ်ကူကူရောင်းချနိုင်လာမယ်။

၂။ ဒီလိုအချက်တွေကြောင့် များများဝယ်နိုင်၊ စားနိုင်လာတာမို့ ထုတ်လုပ်မှုတွေကိုလည်း များများလုပ်နိုင်လာမယ်။ ကျွန်မတို့စိုက်ပျိုးရေးအရ ကြည့်မယ်ဆို ဝယ်လက်ရှိတဲ့သီးနှံတွေကို များများစိုက်နိုင်လာမယ်ပေါ့လေ။

၃။ ဒီလို ကုန်သွယ်ရေးလမ်းကြောင်းတွေပွင့်လာတာကြောင့် ဝယ်စရာနေရာတွေစိတ်ကြိုက်ရွေးနိုင်ပြီမို့ ပြည်တွင်းကနေ တစ်ဦးတည်းမောင်ပိုင်စီးနေတဲ့ လုပ်ငန်းမျိုးတွေမရှိတော့ဘူး။

၄။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကြား အသိပညာ၊ ဗဟုသုတ၊ ယဉ်ကျေးမှုတွေဖလှယ်ဖြစ်ကြပြီး ဆက်ဆံရေးတွေလည်း ပိုကောင်းလာစေပါတယ်။

၅။ Free trade မှာက လွတ်လပ်စွာနဲ့ အပြိုင်အဆိုင်ရောင်းကြမှာဖြစ်လို့ ကိုယ့်ရဲ့ကုန်ပစ္စည်းကို ကောင်းသထက်ကောင်းအောင် ထုတ်ကြတာမို့ နိုင်ငံအတွင်းက ဝယ်ယူစားသုံးသူတွေအနေနဲ့လည်း တခြားနိုင်ငံရဲ့ ကောင်းမွန်တဲ့ထုတ်ကုန်တွေကို သုံးစွဲခွင့်ရရှိကြမှာပဲဖြစ်ပါတယ်။

    ဒီလိုမျိုး သဘောတရားတွေအတိုင်း Free trade မှာ ကောင်းကျိုးတွေရှိနေပေမယ့် တကယ့်မြေပြင်မှာ ကြုံရတတ်တဲ့ Free trade ရဲ့ ဆိုးတဲ့အချက်တွေကတော့

၁။ ကုန်ပစ္စည်းတွေအတွက် နိုင်ငံတွေအများကြီးအပေါ်  မှီတည်နေတာဖြစ်လို့ စစ်ပွဲတွေသာဖြစ်ခဲ့ရင် မတည့်တော့တဲ့နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်ခဲ့ရတဲ့ဥပမာတွေ ရှိခဲ့ပါတယ်။

၂။ နိုင်ငံခြားက ကုန်ပစ္စည်းတွေက လွယ်လွယ်နဲ့ပေါပေါရလာတဲ့အခါ ဒေသတွင်းက လုပ်ငန်းလေးတွေအနေနဲ့ မြန်မြန်ဆန်ဆန်မတိုးတက်နိုင်ဖြစ်တတ်ပါတယ်။

၃။ Free Trade လုပ်လာတဲ့အခါ နိုင်ငံရပ်ခြားကကုန်သည်တွေက တစ်စတစ်စနဲ့ လွှမ်းမိုးလာတာမျိုး ဖြစ်သွားတတ်ပါတယ်။ သူတို့အပေါ် အရမ်းမှီခိုလိုက်ရတဲ့အခါ ကြီးစိုးသွားတာမျိုး ဖြစ်တတ်ပါတယ်။

၄။ ထိခိုက်စေတဲ့ကုန်ပစ္စည်းတွေ ပါလာတတ်တာမျိုးကတော့ Free trade မှာရင်ဆိုင်ရတဲ့ မကောင်းတဲ့တစ်ချက်ပဲ ဖြစ်ပါတယ်။ လွတ်လပ်စွာကုန်သွယ်မှုတွေနဲ့အတူ ထိခိုက်စေတဲ့ ပစ္စည်းတွေကိုပါ ကုန်သွယ်လာကြတဲ့ဖြစ်ရပ်မျိုးပါ။ ဒါကြောင့် ကျွန်မတို့တွေက သတိထားသင့်ပါတယ်။

၅။ ကိုယ့်နိုင်ငံကသယံဇာတတွေ မသိမသာပါသွားတတ်တာမျိုးကိုလည်း အထူးဂရုစိုက်သင့်ပါတယ်။ စိုက်ပျိုးရေးမှာဆို ဒီလိုအချက်လေးတွေက ပိုပြီးသတိထားရမှာဖြစ်ပါတယ်။ စီးပွားရေးတွေပွင့်လင်းလာမှုရဲ့နောက်မှာ ကိုယ့်ဒေသမှာပဲရှိတော့တဲ့မျိုးစိတ်တွေကို ပိုက်ဆံရလို့ဆိုပြီး အကုန်ထုတ်ရောင်းလိုက်တဲ့အဖြစ်မျိုးတွေ မဖြစ်အောင် သတိထားရမှာဖြစ်ပါတယ်။ 

    ဒီတော့ ဖွံ့ဖြိုးတိုးတက်လာမှုတွေမှာ ကျွန်တော်တို့တောင်သူတွေလည်း ဂျင်းထည့်မခံရအောင် အကောင်းအဆိုးတွေယှဉ်တွဲသိထားစေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

ကျမ်းကိုး -https://en.wikipedia.org/wiki/Free_trade

Ref: https://www.economicsdiscussion.net/trade/free-trade/free-trade-advantages-and-disadvantages-economics/26222

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်