ဆိတ်၊ နွားများကို ကြက်သွန်ဖြူပျိုးပင်ကျွေးလျှင် ရရှိနိုင်သောကောင်းကျိုးများ

03/09/2021 11:12 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    လက်ရှိတွင် တောင်သူများသည် နွား၊ ဆိတ်များမွေးမြူရာတွင် အများအားဖြင့် အိမ်တွင်ရှိသော ကျွေးစာများကိုသာ ကျွေးကြပါသည်။ အထူးသဖြင့် ကြက်သွန်ဖြူပျိုးပင်မှာ စီးပွားရေးအရတွက်ချေကိုက်၍ ၎င်းကိုအစာအဖြစ်အသုံးပြုလျှင်လည်း ကောင်းကျိုးများစွာရှိပါသည်။ 

    ကြက်သွန်ဖြူပျိုးပင်သည် ဆိတ်၊ နွားများ၏ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်စွမ်းရှိပါသဖြင့် ကောင်းကျိုးများကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။

(၁) ရောဂါပိုးခုခံနိုင်ခြင်း

    ပမာဏနည်းသော Allicin ဟူသော ကြက်သွန်ဖြူဓာတ်သည် Lysozyme ၏တက်ကြွမှုကို သိသာစွာတိုးမြင့်နိုင်ပြီး Lysozyme သည် ဘက်တီးရီးယားဆဲလ်အတွင်းကပ်နေသော Polypeptide ကို hydrolysis ပြုခြင်းဖြင့် ရောဂါကူးစက်နိုင်မှုခုခံနိုင်သည့် အကျိုးရှိစေပါသည်။ 

(၂) မှိုပိုးသတ်နိုင်ခြင်း

    ကြက်သွန်ဖြူပင်ထဲတွင်ပါသော Allicin ဟူသော ကြက်သွန်ဖြူဓာတ်သည် Phagocytosis နှင့် lymphocytes လုပ်ဆောင်ချက်များကို တိုးမြင့်စေနိုင်သော Immunoregulation သက်ရောက်မှုရှိသည်။ ထို့ပြင် ကြက်သွန်ဖြူမှာလည်း မှိုပိုးသတ်ပေးနိုင်သည့် စွမ်းအင်လည်းရှိသည်။

(၃) အစာအိမ် အစာချေရည်စမ့်ထွက်မှုနှင့် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုများကို တိုးမြှင့်ပေးခြင်း

    Allicin ဟူသော ကြက်သွန်ဖြူဓာတ်သည် အမွှေးနံ့ရှိသောကြောင့် တိရိစ္ဆာန်အစာအတွင်းရှိ ဆေးနှင့် အခြားပါဝင်ပစ္စည်းမှထွက်ပေါ်လာသော မကောင်းသည့်အနံများကို ဖယ်ရှားပေးနိုင်သောကြောင့် အစာစားသုံးနိုင်မှုကို သိသာစွာကောင်းမွန်စေနိုင်ပြီး တိရိစ္ဆာန်အစာစားသုံးမှုပမာဏကို တိုးမြင့်နိုင်ပါသည်။

၄။ Allicin ဟူသော ကြက်သွန်ဖြူဓာတ်စားသုံးလျှင် ညစ်ညမ်းမှုနှင့် အဆိပ်ဓာတ်ကင်းသောကြောင့် ဘေးကင်းလုံခြုံမှုကိုဖြစ်စေ 

    ကြက်သွန်ဖြူပျိုးပင်ထဲတွင်ပါဝင်သော Allicin ဟူသော ကြက်သွန်ဖြူဓာတ်သည် မည်သည့်ဘေးထွက်ဆိုးကျိုးမရှိနှင့် ဆေးယဉ်ပါးမှုမရှိသောကြောင့် ပဋိဇီဝဆေးများကို အစားထိုးနိုင်သည်။ နွားနှင့်ဆိတ်ကိုအစာကျွေးရာတွင် အကောင်းဆုံး ဓါတ်တိုးပစ္စည်းဖြစ်ပြီး အစာထဲတွင် Allicin ထည့်ခြင်းသည် ပိုမိုကောင်းမွန်သော စီးပွားရေးနှင့် လူမှုရေးအကျိုးအမြတ်များရရှိနိုင်သည်။

Ref:www.cnhnb.com မှကောက်နုတ်ဖော်ပြသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်