အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးရေး မွေးမြူရေး ပင်လယ်စာ နို့ထွက်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲ ရန်ကုန်မြို့တွင် ၃ ရက် ကြာ ပြုလုပ်မည်

စိုက်ပျိုးရေး မွေးမြူရေး ပင်လယ်စာ နို့ထွက်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲ ရန်ကုန်မြို့တွင် ၃ ရက် ကြာ ပြုလုပ်မည်

Green Way
Green Way 14/11/2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူများနှင့် ကုန်သည်များ တိုက်ရိုက် ချိတ်ဆက် ပေးနိုင်ရန်ရည်ရွယ်သည့်  စိုက်ပျိုးရေး မွေးမြူရေး ပင်လယ်စာ နို့ထွက်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အရောင်း ပြပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center တွင် နို၀င်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပြပွဲကို MIS နှင့် ငွေပင်လယ်ဂျာနယ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။ 

“ စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ငါးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ တောင်သူတွေကို ကုန်သည်တွေနဲ့ အချိတ်အဆက် ရစေချင်တာရယ်၊ နည်းပညာအသစ်အဆန်းတွေ၊ စက်ပစ္စည်းအသစ်တွေ၊ ဆေးဝါးအသစ်တွေ၊ မျိုးစေ့အသစ်တွေကို လက်တွေ့ကြည့်ရှုလို့ရစေချင်တာကြောင့် ဒီပြပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ငွေပင်လယ်ဂျာနယ်၏ ဒါရိုက်တာ ကိုဇာနည်က Green Way ကို ပြောသည်။

“အခုလို တစ်ကမ္ဘာလုံးက မတည်မငြိမ်ဖြစ်နေတဲ့အချိန် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကြောင့် တောင်သူတွေ အနေနဲ့ မှန်မှန်ကန်ကန် ထောက်ပံ့ပေးမယ့် ကုမ္ပဏီတွေကို မျက်မြင်ရွေးချယ်လို့ ရစေချင်တာပါ။ ဒီလိုမျိုး မြင်သွားပြီဆိုရင် တောင်သူတွေအနေနဲ့ ကိုယ်နဲ့ ကိုက်ညီမယ့် မျိုးစေ့တွေ ဆေးဝါးတွေကိုရွေးချယ်လို့ ရသွားနိုင်တာပေါ့” ဟုလည်း ကိုဇာနည်က ဆက်လက်ပြောပြသည်။

ပြပွဲအတွင်း စိုက်ပျိုးမွေးမြူရေးတောင်သူများအတွက် ဗဟုသုတနှင့် နည်းပညာများရရှိနိုင်မည့် ဟောပြောပွဲများ ကိုပါ ထည့်သွင်းပြုလုပ်သွားရန် ရှိသည်ဟုလည်း သိရသည်။

ဖွင့်ပွဲနေ့ နိုဝင်ဘာ ၁၈ ရက်တွင် ‘ နို့စားနွားမွေးမြူတဲ့သူများအနေဖြင့် ရေရှည်တည်တံ့နိုင်အောင် ဘယ်လို လုပ်ရ မလဲ ဆိုသည်နှင့်ပတ်သက်ပြီး အငြိမ်းစားမွေးမြူရေးပညာရှင် ဒေါက်တာရန်နိုင်စိုး၏ဟောပြောပွဲ’၊ နိုဝင်ဘာ ၁၉ ရက်တွင် ငှက်သိုက်ထုတ်လို့ရသည့် (ဇီဝဇိုးငှက်) မွေးမြူရေးကို တကယ်လက်တွေ့ မွေးမြူနေပြီး အောင်မြင်နေ သည့် ဆရာ ဒေါက်တာတင့်ဆွေ၏ ‘ဇီဝဇိုးငှက်မွေးမြူ၍ ငှက်သိုက်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာ’ ခေါင်းစဉ်နှင့်ဟောပြောပွဲ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လယ်ခင်းတွင် ‘Sustainability Food and Production’ ဆိုသည့် အစားအသောက်များကို ရေရှည်တည်တံ့အောင် ဘယ်လိုထုတ်လုပ်မလဲ’ ဆိုသည့် ခေါင်းစဉ်ဖြင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်နေသည့် ပညာရှင်များ၊ မွေးမြူရေးပညာရှင်များနှင့် ငါးလုပ်ငန်းပညာရှင်များက အပြန်အလှန်ဆွေးနွေးမည့် အစီအစဉ်လည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပြပွဲတွင် နိုင်ငံတကာမှ Company များအပြင် ပြည်တွင်းမှ Company များကလည်း မိမိတို့၏ စိုက်ပျိုး မွေးမြူရေးနှင့် ရေထွက်ကုန်များ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ပြသရောင်းချ ပေးသွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ဟင်းချက်ဝါသနာပါသူများအတွက် လည်း Cooking Show အစီအစဉ်တစ်ခုအဖြစ် နိုင်ငံကျော်စားဖိုမှူးများကိုယ်တိုင် ပင်လယ်စာနှင့် တခြားသော ဟင်းလျာများကို ပြပွဲကျင်းပနေစဥ်အတွင်း ချက်ပြပေးသွားမည့်အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။

ယခုလိုပြပွဲမျိုးကို ယခင်က ၂၀၁၆ ခုနှစ်ကစ၍ ၄ ကြိမ် ပြုလုပ်ခဲ့ဖူးပြီး အားလုံးကို မန္တလေးမြို့တွင်သာ ပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
ဆုမြတ်နိုး

ဆုမြတ်နိုး

လွန်ခဲ့သော ၃ နှစ် က

ခွင့်ပြုပါတယ်ရှင့်

ကိုထွန်းထွန်း

ကိုထွန်းထွန်း

လွန်ခဲ့သော ၃ နှစ် က

facebookမှာရှဲခြင်းခွင့်ပြုပါသလားခင်ဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး

KO Thiha lin • ဖြေကြားချက် 0 ခု

ဒိုက်မြက်နဲ့ မြင်းစာမြက်ရှိတဲ့လယ်တေကို မတ်ပဲကျဲလို့သင့်တော်မလား

ဦးစောမောင်ဌေး • ဖြေကြားချက် 0 ခု

ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်ခင်းလုံးကို ကူးစက်နိုင်ပါသလားဆရာ အဲ့ပုံစံအလုံးလေးတွေကိုတော့အဆက်မပြတ်ရှာဖွေ ခူယူပြီးအဝေးကိုလွှင့်ပစ်ပါတယ်ဗျ ဒါမဲ့ မနေ့ကအပြောင်းခူးပေမဲ့ ဒီနေ့အလိုအလုံးလေးတွေ ထပ်တွေ့နေရလို့ စိတ်ညစ်နေရပါတယ် မနေ့မနက်က ကယ်စီပလပ်နဲ့မင်းသား တွဲပီးဖျန်းထားပါတယ်ဗျ မိုးမရွာတာလဲ တစ်လခွဲလောက်ရှိပါပြီ အခြေနေတွေကြောင့်ရေလဲမတင်နိုင်ပါဘူးဆရာ အခုတော့ ကြည်လွဲရက်ရောက်ပီဆိုတော့ မိုးအဆက်မပြတ်ရွာနိုင်ပါတယ်ဆရာ မိုးရွာတာမဲ့ ပုံထဲက မော်နီတာ ဂျစ်ပ်ဆမ် ဖြူးပါမယ်ဆရာ အခုလဲ မိုးအုံ့လိုက် နေပူလိုက် မိုးပေါက်ကျလိုက်အလိုအနေထားရှိနေပါတယ် ပျောက်ကင်းအောင်ကုသလို့ရလား တားဆီးလို့ရလားဆရာ တစ်ခင်းလုံးကူးရင်တော့ ရင်ကျိုးရချည်ရဲ့ ခရမ်းချဥ်သီးကဘယ်နေရာမှအသုံးမဝင်တဲ့ ရောဂါဆိုးကြီးတစ်ခုပါပဲဆရာ

U Yan • ဖြေကြားချက် 3 ခု

ကြွက်တေကိုက်တယ်ဗျာဘာဆေးသုံးရမလဲပြောကြပါအုန်း

naymyo • ဖြေကြားချက် 3 ခု

မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ

Hmai OoSwe • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။