၂၀၂၀ မိုးရာသီ ချေးငွေများကို စက်တင်ဘာ လဝက်ထိ ထုတ်ချေးပေးသွားရန်စီစဉ်

04/09/2020 13:30 PM တွင် AMIA AMIA မှ ရေးသား

    မန္တလေးတိုင်း ဒေသကြီးအတွင်းက တောင်သူတွေအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလဝက်ထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

    ၎င်းစိုက်ပျိုးစရိတ် ချေးငွေများကို စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးရန် သတ်မှတ်ထားသော်လည်း နှစ်ကုန် ဘက်ဂျက်ပိတ်လုပ်ငန်းများ လုပ်ဆောင်ရန်ရှိနေသဖြင့် စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ထုတ်ချေးပေးရန် စီမံရခြင်းဖြစ်ကြောင်း မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောသည်။

စက်တင်ဘာလကုန်ထိ ထုတ်ချေးထားဖို့ လုပ်ထားတာပေါ့။ ဒါပေမယ့် အမတို့က နှစ်ချုပ်တို့ လုပ်စရာတွေရှိတဲ့အတွက် စက်တင်ဘာ ၁၅ အပြီးထုတ်ချေးဖို့ စီမံထားတယ်။ ရုံးချုပ်က သတ်မှတ်ထားတာက လကုန်လို့ဆိုပေမယ့် အမတို့က နှစ်ချုပ်လုပ်ငန်းတွေ လုပ်စရာရှိတဲ့အတွက် ဘက်ဂျက်ပိတ်လုပ်ငန်းတွေ လုပ်စရာရှိတဲ့အတွက် စက်တင်ဘာ ၁၅ ထိချေးတာရော၊ ကောက်တာရော အပြီးလုပ်ဖို့ စီမံထားတယ်။ မပြီးလို့ရှိရင်လည်း နည်းနည်းဆက်တာပေါ့

ဟု ဒေါ်ယဉ်နွဲ့က ပြောသည်။

    မန္တ‌လေးတိုင်းဒေသကြီးအတွက်၂၀၂၀ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ၁၆၁ ဒသမ ၆၂ ဘီလီယံ ထုတ်ချေးပေးရန် လျာထားကြောင်း၊ မိုးရာသီချေးငွေများကို မေလ ၁၅ ရက်နေ့မှစတင်၍ ထုတ်ချေးပေးခဲ့ရာ လက်ရှိ အချိန်ထိ ၁၂၆ ဒသမ ၈၀ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်ရာ ၇၈ဒသမ၄၆ ရာ ခိုင်နှုန်းထုတ်ချေး ထားပြီး ဖြစ်ကြောင်း သိရသည်။

    ယင်းသို့ ထုတ်ချေးရာတွင် စပါးတစ်ဧကလျင် တစ်သိန်းငါးသောင်းကျပ်၊ အခြားသီးနှံ တစ်ဧကလျင် တစ်သိန်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွက်မိုးရာသီ စိုက်ပျိုးစရိတ်ချေငွေ ၁၄၇ ဒသမ ၅၆ ဘီလီယံ ထုတ်ချေးပေးခဲ့သည်။

မင်းမင်း(AMIA)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်